Monday, November 23, 2009

ရင်ကလွမ်းရေ အာသျှနီဝန်း



အသျှင်ချခရေ
နိုင်ငံရေးမျိုးစိ
ရခိုင်ပြည်မှာရာ
ရှင်သန်လာခကေ...။

အသျှင်ပြောခရေ
နိုင်ငံရေးစကား
ရခိုင်သားနားမှာ
ရက်ပြတ်ကြားပနာ
မှတ်မိနိန်ပါကေ..။

အသျှင်ပီးခရေ
နိုင်ငံရေးအသိ
ရခိုင်သားတိနှလုံးသားမှာ
စွဲငြိလို့ ရာ
ကျန်နိန်ခပါကေ...။

ယာသျှင်ကိုမျောက်နှင်
အသျှင်သခင်ကိုစော်ကား
ဘုရားစင်ထက်မှာထိုင်
အစိုင်မကောင်းရေ
အောက်သားစစ်ခွီးတိ
ရခိုင်ပြည်ကိုအမှောင်ကြီးချ
ကျွန်ဇတ်ကခိုင်းနိန်စွာကို
တွန်းလှန်ဖြိုချ
ဆုံးမဒဏ်ပီး
ရခိုင်သွီးတိနီနိန်ကြောင်းကို
ပြလို့ နိန်ကတ်ဖို့ ဒေ..။

လွမ်းမိပါရေ
အာသျှနီဝန်း
အသျှင်ထွန်းခပိုင်
ပြည်ရခိုင်ကို
ခေတ်သစ်ကမ္ဘာမှာ
ထိန်ထိန်လင်းလာစီဖို့ 
နီဝန်းသစ်တိ လိုအပ်နိန်ပါရေ..။

........................

မြောက်ဦးကဘီလူး

နီဝင်ချိန်ညဇာ


ညဇာဖက် နီဝင်ချိန်က
သင်္ခါရတရားကိုထမ်းလို့ 
စိတ်ဓါတ်တိအ၀ိစီတွင်းဆုံးထိကျပနာ
မျှော်လင့်ချက်ပျောက်နိန်ရေလူတယောက်ပိုင်
မဖြစ်နိုင်ခြင်းတေးခြင်းကိုဆိုလို့ 
အိပ်ရာဝင်ဖို့ ပြင်နိန်ယင့်….။

မှောင်ရိပ်သန်းနိန်ရေ အာကာပြင်ထက်က
ကြယ်တိမလင်းရေ လမ်းမှာ
မိုးရိပ်ချေတိ ခိုကိုးရာမဲ့လားလို့ 
အသိုက်ပျောက်နိန်ရေ ငှက်ချေတိ
တနားဇာချေရဖို့ 
ရွက်ခြောက်ပင်ကိုင်းဖျားတိကို
လိုက်ရှာနိန်ကတ်ယင့်….။

ခန္ဓာကိုယ်သွီးသားထဲက
ခွန်အားတိကို ထုတ်ရောင်းပနာ
တရက်လုံးရုန်း
ဂေါင်းဆုံးကခြီဖျား
ချွေးတိစီးကျလားမှ
ရလာရေ ဒင်္ဂါးချေကို
ဆန်တစ်သိုက်ဝယ်ပနာ
အိမ်ပြန်လာရေ အမိတယောက်မျက်နှာမှာ
အချေသုံးယောက်ဝမ်းဆာနိန်ဖို့ ဗျာယ်လို့ 
စိုးရိမ်စိတ်အပူလှိုင်းတိဖြတ်လို့ 
တထွာဝမ်းနန့် 
ဆီခမ်းနိန်ကတ်ရရေ ဘဝ
ပကတိဒုက္ခကို
ကျင်ကိုင်နိန်ကတ်ရယင့်….။

နီဝင်ချိန်ညဇာ
ငါရို့ ရခိုင်ပြည်မှာ
ဒေပိုင် နီဝင်ချိန်ညဇာ
ငါရို့ လခြမ်းမြီမှာ
တခုပိုင်လေ့ မလှပါ…..။

ကျိန်စာသင့် နှလုံးသား


အချစ်ကို ကိုးကွယ်ခကေ့လေ့
အချစ်၏ ခါးသီးနာကြင်မှုတိကိုရာ
ငါ-- ထွေးပွေ့ပိုင်ဆိုင်ခရ ။

အချစ်၏
ကြင်နာ နွီးထွီးမှုအစားလတ်
နှင်းဆီးပန်းချေ တစ်ပွင့်
ဘဝနှင့်ရင်း
မြတ်နိးစွာ ငါ စိုက်ပျိုးခရေ ။

လှပရေ အဆင်းနန့်
နူးညံ့ရေ ဝတ်မှုန်လွှာရို့
ငုံအာ အဖူးမှာ
တိုက်ခတ်လာရေ
မုတ်သုန်လီ တစ်ချက်ကြောင့်
ပန်းပွင့်ချေနံဘေးက
ငါစွာ..
ထိုအဝီးကြီးသို့
လွင့်(ရွင့်)စိုင်လားခရ ။

ဖက်တွယ်ဖို့ကြိုစားယင်း
ငါ လှမ်းအကိုင်
စူးချောင်းချေတိက
ငါ့လက်ကို
ညှာတာမှုကင်း
စူးနစ်ဝင်လားကတ်တေ ။

သွီးနီတိ
ဖြာခနဲ ထွက်လာအကျ
အော်.........
ဒေချင့် အကြင်နာလတ်လား ဝေ
ရင်ထဲမှာ နင့်ခနဲ ခံစားလိုက်ရရေ ။

ပန်းပျိုးရေ လက်က
ပန်းကိုဆွတ်ဖို့
မတန်မရာ လားဝေ ။

နီးကပ်ဖို့ ကြိုးစားစဉ်မှာပင်
အသိမဲ့ရေ ငါ့ ခြီးလှမ်းတိ နောက်ဆုတ်
အချစ်၏
ထို..အစွန်းးတစ်ဖက်ကို
ငါ ရောက်မှန်းမသိ ရောက်လား ရခရေ
တစ်ဖြည်းဖြည်းနန့်
အဝီး အဝီးဆုံးကိုလေ ။

အချစ်နန့် ချိန်းတွိခြင်း



သဇင်ပွင့်ရောင် ပါးပြင်ချေ
ဖြူစင်ဝင်းပ လှနိန်ရေ…။

ရနံ့ ချေကမွီးလို့ ကြိုင်
မောင်ကြီးစိတ်ကမထိန်းနိုင်..။

ချိန်းတွိကတ်တေ လပြည့်ည
အနမ်းမိုးတိရွာလို့ ချ…။

အချစ်တိနန့် စွတ်လို့ စို
ရင်ခွင်ထဲမှာ တေးခြင်းဆို…။

နှလုံးသားမှာ မိန့် မရ
လူပျိုဘ၀ အနှစ်သာရ….။

လှစီချင်ရေ အိမ်အပြန်လမ်း



အဖြူရောင်သုတ်ထားရေ
အာကာမိုးရိပ်တိထဲမှာ
စိတ်ကူးတောင်ပံဖြန့် လို့ 
ပျံကြည့်ချင်ယင့်…။

ထိုး…အ၀ီးမှာ
ပြောင်းလဲခြင်းတရားကို
နောက်လှည့်ထိုင်ထားရရေ
ရိုးမတိုင်း
အိမ်မက်ရိုင်းတိနန့် 
ဘင်္ဂလားလှိုင်းသံတိကြားမှာ
တတိတ်ချေ ဆိတ်ငြိမ်လို့ 
အတွင်းဒဏ်ရာ
သမိုင်းအနာတိနန့် 
သမိုင်းစကားကိုပြော
အနာဂတ်ကို တွိချင်ဇောနန့် 
ပစ္စက္ခလမ်းမထက်မှာ
လားနိန်ရစွာ ညောင်းနိန်လောက်ဗျာယ်….။

အသိတခု
အရင်းပြုလို့ 
တတ်နိုင်သလောက်ဝိုင်းဗျာယ်ကူ
စိတ်တူလက်တွ
ရင်ချင်းမြဲကေ
သေချာပါရေဝေ
ငါရို့ တိ အိမ်ပြန်လှကတ်ဖို့ ယေ…။

အိန်တာနတ်ချစ်သူ

(ပင့်ကူ)ပင်းခူအိမ်ချေပိုင်
လျှပ်စစ်စီးကြောင်းတိလက်ချင်းဆက်ထားရေ
ဝင်္ကဘာကွန်ယှက်ထဲမှာ
နှလုံးသားစာသားနန့် 
ရင်ခုန်ခြင်းသံဇိုင်ကို
တီးခတ်ဆိုလို့ 
မီးကိုရှာတွိခကတ်တေ လူတိထက်
ဒီဂရီမနိမ့်ကျရေ အပျော်တိနန့် 
အချစ်ကို မြင်လာကတ်တေ…။

ရင်ဖတ်အခွံနန့် 
မျှော်လင့်ချက်တိ ပျောက်နိန်ခရေ
အထီးကျန်နိန့် ရက်ချေတိ
အသက်ဝင်လတ်ဆတ်
လမ်းစ လျှောက်တတ်တေ
အဘုသျှေပိုင်
အချစ်ခရီးအတွက်
တာစထွက်ခွင့်ရပါလတ်တေ…။

ရီမြီကွာခြား
ပထ၀ီနံရံတိကြားမှာ
ရင်ချင်းကပ်ပနာ
ကဗျာစပ်ဖို့ မဖြစ်နိုင်ကေလေ့
အလွမ်းတိကို စွန်လုပ်ပနာ
အိန်တာနတ်အာကာပြင်မှာ
စက္ကန့် မိနစ်တိုင်းတင်ခွင့်ရနိန်ခြင်းက
အရသာတမျိုး…။
........................

ရခိုင်စာ


ရခိုင်ရို့ ဘဝ
ရခိုင်ရို့ အလှ
ရခိုင်ရို့ ကိုးကွယ်ရာ ရခိုင်စာ။

ရခိုင်ရို့ ဂုဏ်သိက္ခာ
ရခိုင်ရို့ ကံကြမ္မာ
ရခိုင်ရို့ အားထားရာ ရခိုင်စာ။

ရခိုင်ရို့ တန်ဖိုး
ရခိုင္ရို ့မ်ိဳးရိုးအမြီ
ရခိုင္ရို ့အသိပညာ ရခိုင္စာ။

ရခိုင္ရို ့ဂီတ
ရခိုင္ရို ့ရသ
ရခိုင်ရို့ ယိုင်ကျေးမှု
စီးဆင်းလားနိန်ရေနိန်ရာ ရခိုင်စာ။

ရခိုင်ရို့ အတိတ်
ရခိုင်ရို့ အရိပ်
ရခိုင်ရို့ ခြီရာ ရခိုင်စာ။

ရခိုင်ရို့ ပစ္စက္ခ
ရခိုင်ရို့ အန္တိမပန်းတိုင်
ရခိုင်ရို့ ဆုပ်ကိုင်လားရာ ရခိုင်စာ။

ရခိုင်ရို့ အနာဂတ်
ရခိုင်ရို့ စိတ်ဓါတ်
ရခိုင်ရို့ ရှင်သန်ရာ ရခိုင်စာ။

ရခိုင်ရို့ အသက်
ရခိုင်ရို့ အိမ်မက်
ရခိုင်ရို့ မျှော်လင့်ချက်တိ
ကိန်းအောင်းနိန်ရေနိန်ရာ ရခိုင်စာ။


ရခိုင်ရို့ သွီး
ရခိုင်ရို့ ခရီး
ရခိုင်ရို့ လွတ်လမ်းကို
လမ်းပြပီးစီနိုင်ရေအရာ ရခိုင်စာ…။

..................

မှတ်ချက်။ရခိုင်သားရခိုင်သမတိက ရခိုင်စာကို မြတ်နိုးပနာ တန်ဖိုးထားလို့  ရီးသားဖို့ မကြိုးစားကတ်ကေ တခြားဇာလူမျိုးကလေ့ လာပြီးကေ ထိန်းသိမ်းစောင့်ရှောက်မြှင့်တင် ရီးပီးဖို့ မဟုတ်ပါ။ ရခိုင်စာနန့် ရခိုင်ရို့ စာပီ ဖွံ့ ဖြိုးတိုးတက်ခိုင်မာလာအောင် လုပ်ရဖို့ ဆိုရေ အသိစိတ်နန့် ဝတ္တရားက ရခိုင်သားရခိုင်သမတိုင်း ယုံကြည်စွဲမှတ်ထမ်းဆောင်လားရဖို့  မွီးရာပါတာဝန် ပင်ဖြစ်တေ။

ပညာတတ် ဖပြုတ်ကေ



အဘာလေး ...
ကြည့်ချထော
ကိုယ့်စွာကို ကျမ်းတတ်ပိုင်
ပြောလိုက်တေ စကားတိ
ငါရို့ လိုက်မမှီရာ ဒေ ....။

အဘာလေး...
ကြည့်ချထော
ချပြလိုက်တေ ပုံသေနည်း
အိုင်စတိုင်းတောင်
အဖိုးသျှင်ခေါ်နိန်ရယင့် ....။

အဘာလေး
ကြည့်ချထော
ကလိုက်တေဓား ပြိုန်းတောမှာ
သနားဖို့ ကောင်းလိုက်တေ
တတောလုံး ပြောင်လား ယင့် .....။

အဘာလေး
ကြည့်ချထော
ငြင်းလိုက်တေ ပြဿနာ
ရိုင်တည်ထားကေ
ရခိုင်ပြည် ကမ္ဘာကျော်လားဖို့ ယေ....။

အဘာလေး
ကြည့်ချထော
သျှင်ပြုပွဲလေ့ ဒေလူ
သမက်တတ်ပွဲလေ့ ဒေလူ
မရောက်စွာ ဟိမ့်သိမ့်လာဂု ......။

အဘာလေး
ကြည့်ချထော
မပြောချင်လို့ နိန်ရေလှုတိကို
ဆီးဆုံး ထင်နိန်လာမသိမ့်
ကျောက်ခဲ့ပိုက်ကေ
လက်ညောင်းလတ်မေ လို့ ဒေ..........။

ပြောခီကေ ခွီးပိုင်ကိုက်
မပြောခီကေ လဘောထင်
ဆီးဆောက်ကရောက် ပေါလဆီတိနန့်
အရည်မရ အဖတ်မရ
စုတ်ပီ စုတ်ပ ရီမှာဆုံး
ဖပြုတ်ကေ ရာဇ၀င် တုံး .....။

မင်းရို့တိလား
ရက္ခတိုင်းကို ကယ်တင်ဖို့ လူတိ
အလှပနိန်....မဟုတ်ကေ
ငါ...ဒရွင်စည်တီးလို့
ကမင်ညစ်ဖို့ ကျဖို့ ဒေ.....။
...............................
အေးမောင်(ရင်အုံတော်ဓာတ်)
၂၆၊၁၀၊၀၉

ဒီဇင်ဘာဆိုး



ခန္ဓာထက်က
စိမ်းသစ်လတ်ဆတ်နိန်ရေ
သမိုင်းအနာကိုစမ်းမိတိုင်း...။

နံရံလေးဘက်လေးတန်က
ပိတ်ဆို့ နှိပ်စက်ခြင်းတိနန့် 
အငြိုးကြီးနိန်ရေ
ပစ္စက္ခအခန်းချေထဲမှာ...။

အပြင်ဖက်က
နှင်းကြွီညဥ့်မှာ
ဆောင်းလီကြမ်းလို့ 
ချမ်းနိန်ရစွာ ကြာနိန်ဗျာလ်…။





လူမျိုးတမျိုးလုံး
အဆိပ်မိခရရေ ဒီဇင်ဘာ
တိုင်းပြည်တပြည်လုံး
ဆိတ်သုန်းပျောက်လားစီရေ ဒီဇင်ဘာ
အားကိုးအားထားလမ်းပြတံထားတိ
ကျိုးပဲ့ပျက်လားရရေ ဒီဇင်ဘာ
ဒုက္ခတိမော်ဒန်ဒီဇိုင်းအမျိုးမျိုးနန်
့ဆန်းသစ်နိန်သိမ့်ရေ ဒီဇင်ဘာ
ဆန္ဒအိမ်မက်မျှော်လင့်ချက်တိကို
သရော်စော်ကားနိန်ရေ ဒီဇင်ဘာ
နတ်ဆိုးတိကို ဂုဏ်ပြုပီးခရေ ဒီဇင်ဘာ
ကံကြမ္မာဆိုးကို အတိုးချထားခရေ ဒီဇင်ဘာ
ဒီဇင်ဘာ
ဒီဇင်ဘာ
ဒီဇင်ဘာ…၊၊

အလင်းတစက်
မီးတပြနန့် 
လက်ချင်းကူလို့ 
နွီးဖို့ ရက်က
အို... ဇာမှာ.......။ ။ ။

Thursday, November 5, 2009

သူသိပါစီ

အမှန်မှာတော့ခါ
စွန့်လွှတ်ခြင်းဆိုစွာ
နောက်ကွယ်မှာ
တိတ်တဆိတ် အခြွီခံလိုက်ရရေ
နှလုံးသား အပိုင်းအစတိနန့်
အလွမ်းမျိုးစေ့တိ က,ရာ
ငါ့အချစ်စစ်၏ပြယုဂ်တစ်ခုလို့
ငါမြင်ရေ...။

ခွင့်လွှတ်သီးခံခြင်းကဂါ
အချစ်စစ်၏ ပြယုဂ်တစ်ခုလို့ဆိုကေ
ငါငြင်းဆန်ချင်ရေ.ချစ်သူ .
ငြင်းဆန်ပါရစီ.. ။

ဇာဖြစ်လို့လဲဆိုကေ
ငါကမှ သူ့ကို
ခွင့်မလွှတ်နိုင်စွာကို
စွန့်လွှတ်ဖို့ချစ်ခစွာလည်း
မဟုတ်ပါ...။

ခွင့်လွှတ်ဖို့ဆိုစွာထက်
ငါ သူ့ကို မိန့်ပစ်ဖို့
အယင်ကြိုးစားရဖို့သိမ့်...။

သူ့ကို မိန့်ပစ်ဖို့ဆိုစွာ
ငါ့၏ အသက်ယှူသံတိ
ရပ်တန့်လားမှ ရပ်တန့်နိုင်ဖို့လို့
ငါထင်ရေ...။

ငါ့အချစ်တိက
ပကိတိ ဖြူစင်ရေလို့
ငါမပြောချင်ပါ...။

ပြောစကားတိ ဟိခပိုင်
ချစ်သူကို ချစ်လို့
စွန့်လွှတ်ရေ စွန့်လွှတ်ခြင်းက
အချစ်စစ်ဆိုစွာကိုလည်း
ငါက လက်မခံချင်...။

စွန့်လွှတ်ရေ ဆိုစွာ
လူပျော့လူညံ့ တစ်ယောက်အလုပ်လို့ရာ
ငါက ယူဆခစွာလေ...။

ယေကေလည်း သူထင်ရေပိုင်
ညစ်ထေးနီရေ စိတ်တိလည်း
ငါ့မှာ မဟိခဖူးပါ...။

ချစ်သူကို ချစ်လို့
ရရိုးချေပိုင်ဆိုင်ချင်ရုံမျှရာ

…။

ငါ့ဘ၀မှာ
သူတစ်ယောက်တည်းကိုရာ
ချစ်ခစွာလို့
ငါမပြောချင်ပါ...။

ယေကေလည်း
တခြားသော တစ်ဦးတစ်ယောက်ကိုလည်း
သူကလွဲလို့
တစ်ဘ၀စလုံးအတွက်ချစ်ခစွာလို့
မပြောဖူးခပိုင်
ရင်ထဲက မှန်ကန်ရေ
အချစ်စစ်ဆိုဟာကိုလည်း
သူ့ကိုတွိ့မှ သိခရစော်ရာ...။

ငါ သူ့ကို ရူးသွပ်ခမိလို့
သူ့ဥပေက္ခာတိ အောက်မှာ
ငါအကြိမ်ကြိမ် ကျယှုံးခဖူးရေ...။

ယေကေလည်
ငါဒူး မထောက်ချင်ခ...။

သူ့ဘားက
ငါမျော်လင့်ပြီး
မက်မောတမ်းတခစွာ
ဖြူစင်ရေ အချစ်တခုပါရာ...။

သူ့ကို ငါ့ ရင်ထဲက
နှစ်နှစ်ကာကာချစ်ခလို့
မိန့်ပစ်ဖို့ ကြိုးစားလိုက်တိုင်း
စီးကျလာရေ ငါ့မျက်ရည်တိကို
ကာရန်မညီရေ
ဒေပိုင် တပိုင်းတစ စာသားတိအဖြစ်
ငါရီးသားချင်ရေ...။

သူ မမြင်ချင်ကေတောင်
တခေါက်လောက်လှည့်ကြည့်ပြီ့း
သူ မဖတ်ချင်ကေတောင်
ရင်ဘတ်ထဲမှာ မှတ်ထားပီးပါလို့
ငါတောင်းဆိုဖို့ဆိုကေ
ငါတရားစကေလောက်လွန်ဖို့လား ...။

ငါဆိုရေ
သူမချစ်တေ ငါက
ငါ့အတွက်, သူ အသိအမှတ်ပြုဖို့အတွက်
ငါ့နှလုံးသားကိုရင်းပြီး
ဒဏ်ရာတိ ဗရဗွက်
တစ်ဘ၀စာ ထာဝရ တူးဆွဆဲဆိုစွာကို
သူ သိပါစီ…။

သူ့ အပေါ်ထားရေ
ငါ့အချစ်တိရာ စစ်မှန်ခဖို့ဆိုကေ
ငါ့နှလုံးသား ဒဏ်ရာတိ
ရင်ထဲမှာ သည်းထန်နီရေအလွမ်းမိုးတိ
အချိန်ဆိုရေ စီရင်ချက်နန့်အတူ
လောင်ကျွမ်း ပြာကျပါစီ.. .။

ငါ့နှလုံးသား
သီဆုံးလားသည့်တိုင်အောင်
သူရို့တိ
ထာဝရ လောင်ကျွမ်းနီပါစီလို့
ဆန္ဒပြုယင်းပါ...။
.............

About This Blog

About This Blog

  © Blogger templates 'Sunshine' by Ourblogtemplates.com 2008

Back to TOP