"ဝ"သံသရာ
ငယ်စဉ်မူလမွီးကင်းစမှာ
ဝါးဟားဟား"ဝ"နန့် စသကို။
စာသင်ကျောင်းတက်စဉ်
သူငယ်တန်းမှာ
"ဝ"လုံးကိုဝိုင်းဝိုင်းရီး
"ဝ”နန့် စ,ခ။
လယ်၊ထက်၊သူ့ အရွယ်
ကဇတ်ကေလည်း
ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ
"ဝ"တပတ်လည်။
နှစ်ဆယ်သက်ကျော်
ဘွဲ့ ရပြီးသော်
လက်မှတ်ကိုင်အလုပ်ရှာထွက်
"ဝ"လည်လည်ပတ်။
လေးဆယ်ကျော်ခြောက်ဆယ်
“ဝ” ဖို့ ရာသူကြံရွယ်
ဝမ်းကိုကိုင်သီရွာဖက်
"ဝ"သံသရာတစ်သက်။
(စာအရွှီးအသားမှားကေခွင့်လွှတ်ပီးစီချင်ပါရေ)
မြတ်မင်းသူ(ကျောက်ဖြူ)
0 comments:
Post a Comment