သဇင်ပွင့်စီ၊ ပြည်သာစီ
ငွီနှင်းဝီ၀ီ
မှိုင်းပြာရီလွမ်း၊ ပြည်ရခိုင်လေ
ဆောင်းညချမ်းမှာ၊ သဇင်ပန်းခိုင်
ကြိုင်ကြိုင်မွှီးဗျာယ်၊ ရှုယောင်မငြီး
အလှဆင်ကေ၊ ရွှီပြည်ကြီးကို
သာယာအီးဖို့၊ သာစီဖို့...။
သဇင်ပန်းမျိုး၊ စပျိုးသန္ဓေ
အမြစ်တွယ်ပြု၊ သဇင်ဥကို
သစ်စုရှာဖွီ၊ ရောင်းစားနီလို့
ဝိုညောင်လဲတုံး၊ သဇင်ပြုန်းရ
မျိုးဆုံးရကေ....
သာစွရခိုင် ပြည်မဏ္ဍိုင်မှာ
နောင်လာဆောင်းည၊ နှင်းမှုန်ရွထဲ
ကြိုင်စွသဇင်၊ ပန်းဘုရင်ကို
မြင်ချင်ဇော်နန့်၊ ရွှေရင်မောရလိမ့်တကား...။
(မှတ်ချက်။ ။ ရွီးသူနာမည်ကိုမိလားခပါယာ။)
0 comments:
Post a Comment