တိုင်တည်ပါသည်
တိုင်တည်ပါသည် မြတ်သျှင်ဆီသို့ 
တူညီဆန္ဒဟိသည်ကို --။
အို -- အသျှင်ဥတ္တမ
မြန်မာ့တခွင် ငြိမ်းစီချင်၍
အသျှင်ကြိုးပန်း လွတ်လပ်လမ်းကို
ဖွင့်စွမ်းနိုင်ခပါသော်လည်း --။
ယမန်နိည သျှင့်အိမ်အတွင်း
တ၀င်းဝင်းညံ သေနတ်သံရို့
ကျည်ဆံရို့က
သွီးခင်းခကတ်လီပျာယ်တည်း --။
အို ... အသျှင်ဥတ္တမ
သျှင့်ခြီရင်းကို ငုံ့ယင်းကြည့်ပါ --။
လူသတ်သမား
သင်သတ်ထားသော အလောင်းများကို
လား၍ကြည့်ပါ --။
မြင်ကြည့်လိုက်ပါ
ထောင်ရာချီမျှ သီရသည်အတွင်း
ပြစ်မဲ့ကင်းသော သူငယ်များ --။
လက်နက်ဆို အပ်တိုမျှလည်း
မပါခပါ --။
ကျူးကျော်မှုကို ဇာဆိုဇာမျှ
မလုပ်ခပါ --။
လက်နက်အားကိုး ခွီးသူခိုးရို့
ယုတ်ဆိုးလွန်ညစ် ရန်သူစစ်သို့
စစ်တလင်းဆင် သည်ကျွန်းပြင်ကို
မကြင်နာတမ်း သွီးစိမ်းလွှမ်းစီ
လောင်ကျွမ်းလီခပါပျာယ်တည်း --။
သွှီးညှီနံ့လှိုင်၊ သွီးအိုင်ခံလျှက်
မကန်လူသား အလောင်းများသည်
ထိုနားတစု ဒေတစုဖြင့်
စုပေါင်းမြောက်များ အနှံ့ပြားတည့် --။
ယမ်းငွေ့မပြယ် ဤသည်နယ်ကို
မိဖွယ်မဟိ ဘီလူးသွီးသောက်
ခွီးသဘောက်ရို့ သီပျောက်ပါစီ
ငါမကျီနိုင် --။
သျှင့်ခြီရင်းကို ဦးခိုက်ဆိုသည်
အလိုပြည့်ဝပါစီသတည်း --။
ကန်တော့လက်ဆောင် ကျွန့်လက်ဆောင်သည်
မပြောင်ဆီမီး သစ်သီးမဟုတ်
ပန်းမဟုတ်ပါ သွီးခွက်သာလျှင်
ကျွန့်မှာလက်ဆောင်ပါပါသည် --။
သည်လက်ဆောင်မွန် မှုတ်ခွံသွီးခွက်
တင်ဆက်သည်ကို ခွင့်ပြုလိုသည်
သွီးကိုသွီးဖြင့်ဆပ်ရစီ --။
နိုင်နိုင် (စစ်တွေ)
0 comments:
Post a Comment