ဘ၀ချေနီမ၀င်ခင်
ဝမ်းခေါင်းချေဗလာကျင်းပနာ
စားစရာမဟိခါမှရာ
ကိုယ့်ကိုယ်ကို ဆင်းရဲတွင်းနက်မှန်းအသိ
ကြွီးမြီတိ တခရွီနန့် --။
ဒေကြားထဲ
အချေတွဲလီတွဲလောင်းနန့်
ဆန်နှစ်သိုက်လာတောင်းရေ လယ်သမား။
အခေါင်မိုးယိုလို့ဆိုပနာ
အုန်းပျစ်လာတောင်းရေ လက်သမား။
စားစရာမဟိလို့လတ်
ဟင်းရွက်ချေဆွတ်ခွင့်တောင်းရေ ကိုင်းသမား။
အစားမခြီလို့ဆိုပျာယ်
ငါးတခွက်လာတောင်းရေ ပိုက်သမား။
ထိုတယောက် ဒေတယောက်နန့်
ဒုက္ခချေရောက်လိုက်ကတ်ပုံတိ
ကြုံရေလူတိုင်းသိရေ --။
ယေနန့်ရာ…
ကိုယ့်အပူနန့် ကိုယ်လို့ပြောပြောယင်း
မိုးလင်းက နီတ၀င်ထိ
ဒုက္ခကို လွှတ်ထားမိကတ်စွာ --။
ဖောင်စီးယင်း ရီငတ်ယင်းနန့်
ကုဋေ သျှစ်ဆယ်ကြွယ်သူဌီးသားပိုင်
လပ်ယျားလပ်ယျားနီခပြီးရေဘဝ
ထည်ကြီးပျက် နာမည်ခံလျှက်
သင်္ခါရတွင်းနက်ထဲက အဖပြည်
ဇာပယှောင် ဖြေသာဖို့လဲယေ --။
အတိတ်က ကြွယ်ဝခရေတိုင်းပြည်
အတိတ်က ပေါများခရေ တိုင်းပြည်
အတိတ်က ထိတ်ဆုံးဖြစ်တေ တိုင်းပြည်
အခု... နှိုင်းလီကေ ဘိတ်ကျ
အိပ်စက်ခြင်းက မထနိုင်ပျာယ်လားလို့
လက်မှိုင်ချတွေးတောနီဖို့အစား
ထထိုင်လျှက် သွီးစကားပြောပါပလင်
သူငယ်ချင်း...
ဘ၀ချေ နီဝင်မလားခင် --။
..................
(ပန်းနုဇံ)
0 comments:
Post a Comment