မင်းသာသိကေ
မိုင်ပေါင်းထောင်ချီဝီးနီလို့
မင်းကိုတွိ့ဖို့အတောင်ပံတိမဟိရေဘဝမှာ
မင်း၏ ချိုမြရေအသံကိုမကြားရရေနိန့်
ရင်မှာခြောက်သွိသွိနန့်ပါ…..။
မင်းကိုမတွိရကေလေ့
မင်းအသံကိုကြားနိန်ရရုံနှင့်
ကြေနပ်နိန်ရရေဘဝမှာ
ငါက
မင်းဘားကဖုန်းအလာကိုမျှော်
တကိုယ်တော်ဘဝနန့်……။
အဖော်ကွဲရေငှက်တကောင်ပိုင်
မင်းနန့်အဝီးတနိန်ရာမှာဟိနိန်ရေ ငါက
မင်းပီးထားရေဓာတ်ပုံတိကိုကြည့်ယင်း
မင်းပီးထားရေတေးခြင်းတိကိုနားထောင်ယင်း
ငါ့၏ အိပ်ပျက်ညဥ့်တိကို
ကျော်လွန်စီခ…….။
မင်းဘားကဖုန်းမလာရေနိန့်တိမှာ
တခါတလီ
ငါစဉ်းစားမိရေ..
“အခုလောက်ဆိုဂေ…
မင်းက အခြားတစ်ယောက်နန့်
တွဲပျော်လို့ဟိလီဖို့”လို့….။
တခါတလီ
ငါစဉ်းးစားမိရေ..
“မင်းနန့် ငါရို့၏အကြားမှာ
ဘဝတံတိုင်းတိကာဆိုင်းနီလို့
ပေါင်းဆုံဖို့ဆိုစွာကဂါး
ဖြစ်လာနိုင်ဖို့လား”လို့….။
ပြီးကေ…
မင်းရို့၏ဂုဏ်တံတိုင်းအောက်မှာ
တဘဝလုံးအယှုံးသမားဘဝနန့်
ယှုံးးနိမ့်နီရဖို့ကို
ငါကြောက်မိရေ……။
ငါက..
မင်းကို
ပြောချင်ရေစကားတိ
အများကြီးဟိကေလေ့
မင်းကိုဖွင့်ပြောရဲရေအားအင်သတ္တိတိ
ငါ့မှာ မဟိ…..။
ဇာဖြစ်လို့လဲဆိုကေ…
ယင်းစကားကိုမင်းကြားရရေနိန့်
မင်းက ငါ့ကို
ခါးသီးစွာမုန်းရေနိန့်များဖြစ်လီဖို့လားလို့
စိုးရိမ်မိလို့ပါ…..။
ငါ့ဘဝမှာ
မင်းကိုမှရူးမူးစွာနန့်
အချစ်ဦးအဖြစ်ချစ်မိရေ
ငါက
အကယ်၍များ
မင်းနှုတ်ဖျားက“မုန်းရေ”လို့ပြောလိုက်ဖို့ဆိုကေ
ယင်းအမုန်းတိကို ပွေ့ဖက်ယင်း
ငါ ဇာပိုင်ရှင်သန်ရဖို့လဲ
ချစ်သူ….။
အခု…
ငါ့ရင်ထဲမှာ
ဇာလောက်ခံစားနိန်ရရေဆိုစွာ
မင်းသိဖို့မဟုတ်ပါ…
ပြီးကေ
ငါ့…မင်းကို…
ဖွင့်ပြောချင်ရေစကားတိကိုလည်း
မင်းသိဖို့မဟုတ်...။
အကယ်၍သာ မင်းသိပါကေ
“……………………………..”…..။
မောင်သာလှ
၃၀-၃-၂၀၀၉
0 comments:
Post a Comment