မှတ်ဗျာယ်လာ
ဝင်းဝင်းပပ လပြည့်ဝန်းသို့
ချစ်နှမပျို စက်စက်ယိုကို
စမြင်တည်းက ချစ်စိတ်ယိုဖိတ်
ပြူးထွက်မတတ်... ကိုယ့်နှစ်လုံးနှင့်
အားရဘားရငမ်းမိသည်...။
အိမ်ရောက်သည်နှင့် အခန်းထဲဝင်
တန်းခါးပိတ်၍ သုံးရက်တိုင်တိုင်
ထမင်းမစား.. ချူပေါက်မအားဘဲ
ချစ်နှမအား... ဆက်မည်စာကို
ကြိုးစားပမ်းစား ရွီးဖွဲ့သည်...။
ထိုသို့ရွီးဖွဲ့... ချစ်စာခွီကို
နှမလက်သို့.. ဆက်ဖို့ကြံလျှင်
မင်းထီးဘုရင် သတ္တိပြောင်သို့
လက်ရုံးနှလုံး.. ပြည့်ဝမှန်လို့
ကြောက်ဒူးတုန်၍..လန့်ထိတ်သည်...။
သို့ပါသော်လည်း
မဆက်ပြန်က မဖြစ်တဖန်
ဟိပြန်သောကြောင့်
ချစ်သူငယ်ချင်း.. ကျော်သန်းစိန်အား
သွားဖြဲကာပြ အောက်ကျို့ကာနှင့်
ကူညီဖို့အကြောင်း တောင်းပန်၏...။
ချစ်သူငယ်ချင်း ကိုယ်တော်ချောက
“မစိုးရိမ်ကဲ့ စိတ်ရာချဝေ
မင်းနှမကို မင်းဘက်ပါအောင်
မင်းစာခွီကို ဆောင်ဗျာလ်ယူလို့
ငါအမှန်ပင် ပီးအပ်မည်...။”
တပတ်ကြာညောင်း ကျော်သန်းစိန်အား
လမ်းမှာတွိသော် ချစ်နှမက
ဇာသို့ဆိုကြောင်း သိချင်ဇောနန့်
အငမ်းမရ ပင်ထက်မျောက်သို့
မိန်းပြန်သောခါ ကြားရသည်ကား..
“စာခွီကိုလေ့ ပို့ပြီးကြောင်းနှင့်
စာလင်္ကာစီ ကျွန့်လက်ရာလေ့
နှမပျိုဖြူ... သဲအူတုန်လို့.
ဘ၀င်ချိုမြ.. ကြိုက်နှစ်သက်၍
စိတ်မပူဖို့ ဆိုလာ၏...။”
သို့ပါသော်လည်း
ချစ်နှမပျို ပပ၀င်းက
ကိုယ်တော်ချောမောင်
ကျော်သန်းစိန်အား စာစီကုံးသူ
“ကိုနှခေါင်း”ဟု မှတ်ထင်သောကြောင့်
ရှက်ပြုံးဝင့်ကာ.. ဂေါင်းညှိတ်ကာနှင့်
“သူ့အားချစ်ဖြေ ပီးလိုက်သည်”ဟုဆိုလာ၏ ..။
မင်းထီးဘုရင် ဘုန်းရောင်ပြောင်သို့
သတ္တိအရောင် ထွန်းပြောင်သောသူ
အကျွန်ုပ်ကား
“သူများအားကိုး ပေါက်ဆိန်ရိုး”သို့
ကိုယ့်အားကိုယ်ကိုး မစွမ်းဆောင်ဘဲ
ယောက်ဖအားကိုး မိလီသောကြောင့်
အသဲဗြဗြန်း... ကွဲရပါ၏...
တရားနှင့်ရာ ဖြေပါမည်...။
DO_OR_DIE
0 comments:
Post a Comment