ကိုယ့်ဘလော့ချေတိမှာ ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ထည့်လို့ ဂုဏ်ပြုကတ်မေ

ရခိုင်အဆိုတော် ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ကို ကိုယ့်ဘလော့မှာ ထည့်ချင်ကေ အေနိန်ရာ (Fileden)ကို Click နှိပ်လို့ ( Mediafire ) ကုတ်ကိုဒေါင်းယူပါ။ ပြီးကေ ယင်းကုတ်ကို ကော်ပီကူးလို့ Add a Gadget > Edit HTML မှာလားလို့ Paste လုပ်လိုက်ပါ။

Saturday, May 30, 2009

ရိုးမတဖက်က ငါ

ရခိုင်ရိုးမ၊ ဟိမ၀န္တာ
တောင်မဟာမှ၊ ခက်ဖြာသွယ်တန်း
ပင်လယ်ကမ်းတိုင် --။

နွယ်ချိုရိုးမ၊ မြောက်မှတောင်သို့
ညိုမှောင်မှိုင်းမှိုင်း၊ အလှိုင်းလှိုင်းဖြင့်
တံတိုင်းထီးထီး၊ မြင့်မားကြီး၏
ဆီးကာရံတား၊ နဂါးတောင်နှယ်
တောင်ငယ်တောင်ထိပ်၊ မြုံခိုးလိပ်နှင့်
အရိပ်မြင့်မိုရ်၊ ကောင်းခင်ညိုဖြင့်
မအိုရုပ်ဆင်း၊ နုပျိုခြင်းဖြင့်
မာန်တင်းရိုးမ၊ ကြည့်မ၀တည်း --။

ပင်လယ်ကမ်းနား၊ ရခိုင်သားရို့
အားသစ်ခွန်သစ်၊ သမိုင်းသစ်ဖြင့်
ဖွင့်လှစ်ကဏ္ဍ၊ နိုးကြားကြမြဲ
ရက္ခိုင်နာမ။ ထိန်းသိမ်းကြမြဲ
ဘ၀မမိ၊ မျိုးမမိဘဲ
အမိဘာသာ၊ သာသနာကို
တွယ်တာမြတ်နိုး၊ အမျိုးချစ်စိတ်
အရိပ်မထိုး၊ ဂုဏ်မညှိုးအောင်
ပန်းပျိုးလက်များ၊ နှလုံးသားမှာ
လှုပ်လျှားသွီးနီ၊ စည်းလုံးညီ၏ --။

ရခိုင်ရိုးမ၊ တဖက်ကလူ
ငါရို့မူလျှင်၊ ပင်လယ်မမြင်
လှိုင်းမမြင်ဘဲ၊ သဲပြင်ငွေသောင်
ကျောက်ဆောင်ကျောက်တန်း၊ သန္တာကမ်းနှင့်
လခြင်းဒေသ၊ မိနီကြယင့်
ဘ၀အသိ၊ အမျိုးသိလော့
အမိမြီးၿမီ၊ အၿခီမခ်
အနီကျသော်၊ ကိုယ်ကရခိုင်
မျိုးစောင့်နိုင်လား၊ ရက္ခိုင်နာမ
ထိန်းနိုင်ကြလား
ရိုးမက တောင်နှင့်မြောက်
အနောက်နှင့်အရှိက ငါရို့
အမျိုးချစ်ဖို့လိုသည် --။

..................
မောင်ကြင်နွယ်
ရခိုင်မဂ္ဂဇင်း အမှတ် (၂၅)

အမျိုးချစ်စွာမှာလည်း မြန်မာစကားဖြင့်မချစ်ဘဲ ရခိုင်စကားဖြင့်ချစ်ရန်လည်း လိုအပ်မည်ဟုထင်ပါသည်။ မှတ်ချက်။ ။ ရခိုင်မဂ္ဂဇင်းဟုခေါ်သော မဂ္ဂဇင်း၌ မြန်မာစကားဖြင့်ရွီးထားသည်ကို ရခိုင်စကားဖြင့်ပြန်ဆိုထားခြင်းဖြစ်ပါသည်။

0 comments:




  © Blogger templates 'Sunshine' by Ourblogtemplates.com 2008

Back to TOP