ကိုယ့်ဘလော့ချေတိမှာ ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ထည့်လို့ ဂုဏ်ပြုကတ်မေ

ရခိုင်အဆိုတော် ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ကို ကိုယ့်ဘလော့မှာ ထည့်ချင်ကေ အေနိန်ရာ (Fileden)ကို Click နှိပ်လို့ ( Mediafire ) ကုတ်ကိုဒေါင်းယူပါ။ ပြီးကေ ယင်းကုတ်ကို ကော်ပီကူးလို့ Add a Gadget > Edit HTML မှာလားလို့ Paste လုပ်လိုက်ပါ။

Friday, June 5, 2009

နိုးထဖိ ၀ိညာဉ်




ငါ..
ဒေနိန်ကစလို့
အဓိဌာန်ပြု
သံမာ၊ တတောက်ကျိုင်းရေ
ယုံကြည်ချက်တိတွက်...။

လေးကျွန်းကို
တစ်ကျွန်းတည်းဖြစ်အောင်
ပြောင်းလဲနိုင်လောက်တေ
စိတ်ခွန်အား...။

လွတ်လပ်ခြင်း၏
အလင်းရောင်သစ်
တည်ငြိမ်ရင့်ကျက်တေ
ဒေ ကမ္ဘာကြီး
အ၀ီစိထိ နက်တေ
ဆားငံ ပင်လယ်ကြီးတိနန့်...။

ဂေါတမ
လက်ဆင့်ကမ်းရေ
မှန်ကန်ရေ သစ္စာစကားတိ
ဒေရပ်၊ဒေမြီမှာ
အဆုံးမဟိရေ
ကျောက်တုံးကြီးတိနန်.
ဘောင်းခတ်ထားသိမ့်ရေ...။

ငါ..
ဒေနိန်စလို့
အဓိဌာန်ပြု
အာကာကို လင်းလက်စီရေ
ကြယ်စင်ရို့ ကိုယ်ကျင့်တရားနန့်
ကမ္ဘာကြီးကို
ကြည်လင်၊အီးမြ
ရောင်ပြန်ခတ်စီရေ
လမင်း၏ သန့်ရှင်းစင်ကြယ်မှု...။

လွတ်လွပ်မှု အရသာ
မတားဆီးနိုင်ရေ
မာန်ဟုန်ပြင်းလီပြင်း
စောဗုဒ္ဓအမွီကို
ဒေ ဗျာဒိတ်ရမြီမှာ
သေလာဂီရိအောက်
ဂစ္ဆပ နဒီထဲမှာ
လှောင်ထားသိမ့်ရေ...။

မင်းရို့
ဒေနိန့်ကစလို့သစ္စာပြု
ဗုဒ္ဓမြတ်စွာ၏
ယုံကြည်မှုစွမ်းအား
ဦးဆောင်သူ လက်ကို
တင်းပါအောင်ကိုင်ထား
မျက်စိ၊ မျက်စိချင်း
နား၊ နားချင်း
ကူညီဖို့လက်၊ ကာကွယ်ဖို့ဒိုင်း...။

တစ်ချိန်က
ကြီးကျယ် ခန်းနားခရေ
ငရို့ဘိုးဘီး၊ဇူဇာတိ၏
အငွိ၊အသက်
အသက်မဲ့မြောက်ဦးမြီမှာ
အဂုထိ
ခံစားနိုင်သိမ့်ရေ...။

...........
အေးမောင်(ရင်အုံတော်ဓာတ်)
၀၆၊၀၆၊၂၀၀၉(၀၀း၁၀)

0 comments:




  © Blogger templates 'Sunshine' by Ourblogtemplates.com 2008

Back to TOP