ကဗျာနက္ခတ်နှင့် စကားလုံးကြွီသောအာကာ
စကားလုံးတိခမ်းနားရေ
ယဉ်ကျေးမှုအဆင့်အတန်းဆိုစွာ
ဂုဏ်အရှိန်အဝါရို့ရွာသွန်းခိုက်မှာ
ပွင့်လန်းကတ်တေ ရာသီလိုက်ပန်း
နွီပန်းလား..မိုးပန်းလား…ဆောင်းပန်းလား….။
“ငါ”လို့ လက်မ,ထောင်လိုက်စွာ
လက်မ,က အတိတ်ဖက်ကိုရာ ထိုးလို့..
“ငါ” ဆိုစွာ “ငါ” မဟုတ်ဗျယ်လာ.....။
¸.•♥´¨`♥•.¸ •.¸¸.•. •.¸
ကဗျာ..
ကြယ်စင်တိကို အမွှမ်းတင်ထားရေ
ရှင်သန်ထမြောက်ခြင်း...။
အချိန်အခါ…
တံခါးလာခေါက်တေ ကဗျာလက်အတွက်
ကြယ်အကြွီတစ်ပွင့်ကို ကမ်းလှမ်းရေ
နမ်းခွင့်လက်ဆောင်ယူပါလတ်...။
¸.•♥´¨`♥•.¸ •.¸¸.•. •.¸
မြတ်နိုးခြင်း…
နိမ့်ကျလာရေ မိုးကုတ်စက်ဝိုင်းကိုထက်သို့
စကားလုံးတိကိုပြန်ပနာ
တယုတယ.ပစ်တင်လို့….။
ငါ့ဘေးမှာ
ထိုင်ကြည့်နိန်စွာ
ငါ့ မျှော်လင့်ချက် ….။
¸.•♥´¨`♥•.¸ •.¸¸.•. •.¸¸
ခိုးကြောင်ခိုးဝှက်နန့် သက်ပြင်းရှည်တစ်ခု
လင်းအာရုဏ်လာ ညဇာဖက်လား
ကွဲကွဲပြားပြား မမှတ်မိ
ရောင်ခြည် ဖျော့ဖျော့တိ ကြားထဲ
တိုးဝင် ပုန်းအောင်း လားလီရေ…..။
¸.•♥´¨`♥•.¸ •.¸¸.•. •.¸¸
(နတ်မောင်)
0 comments:
Post a Comment