ကိုယ့်ဘလော့ချေတိမှာ ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ထည့်လို့ ဂုဏ်ပြုကတ်မေ

ရခိုင်အဆိုတော် ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ကို ကိုယ့်ဘလော့မှာ ထည့်ချင်ကေ အေနိန်ရာ (Fileden)ကို Click နှိပ်လို့ ( Mediafire ) ကုတ်ကိုဒေါင်းယူပါ။ ပြီးကေ ယင်းကုတ်ကို ကော်ပီကူးလို့ Add a Gadget > Edit HTML မှာလားလို့ Paste လုပ်လိုက်ပါ။

Monday, June 22, 2009

ဒေါ်လာ ? ပဟေဠိ

ရတနာ ဓါတ်ငွေ့သိုက်
ဒေါ်လာဖြစ် ကေလည်း
ငရို့ရခိုင်ပြည်မှာ
ဒင်္ဂါးတိ စုတ်ပဲရေ အဘုချေ ။

ပုဇွန် နှင့် ရီခူ
ဒေါ်လာယူ ကေလည်း
ငရို့ရခိုင်ပြည်မှာ
ဒင်္ဂါးတိ စုတ်ပဲရေ အဘုချေ ။

ကမ္ဘာလှည့် ခရီးလား
လာဖန်များ ကေလည်း
ငရို့ရခိုင်ပြည်မှာ
ဒင်္ဂါးတိ စုတ်ပဲရေ အဘုချေ ။

ဆန်စပါး သားငါး
သစ်သီးဝလံ
ပေါပြည့်လျံ ကေလည်း
ငရို့ရခိုင်ပြည်မှာ
ဒင်္ဂါးတိ စုတ်ပဲရေ အဘုချေ ။

ဘင်္ဂလာကိုလား
ပင်လယ်ဆား ထွက်ကေလည်း
ငရို့ရခိုင်ပြည်မှာ
ဒင်္ဂါးတိ စုတ်ပဲရေ အဘုချေ ။

များပြားဒေါ်လာ
ဒေဖေသာတိ
ကြက်ပျောက် ငှက်ပျောက်
ဇာကိုရောက်လေ
အဘာလည်း မသိဝေ အဘုချေ ။

အစိမ်း အပြာ ၀တ်ထား
သူတောင်းစားနှင့်
ကိုယ့်လူကို သွီးစုပ်
အမြတ်ထုတ်တေ စံရဖွေတိ
တနိန့်တခြား
ပိုလို့များလာရေ
သတိထားဝေ .. အဘုချေ ။
...................

မိုးကိုလင်း

0 comments:




  © Blogger templates 'Sunshine' by Ourblogtemplates.com 2008

Back to TOP