အရိပ်စီး အိမ်မက်
စိတ်ထဲမှာတက်သီးခေါက်လို့
အရိပ်စီးအိပ်မက်ကိုဖျောက်ဖို့
ငါစိုင်းစားနိန်ရေ…။
“အပင်တစ်ပင်”
မိုးကြီး လီကြီးထလို့
အသီးရွက်တိကိုခြွီချ
တဖြုတ်ဖြုတ်ကြွီကျ
မြီခလားရရေ အကိုင်းအခက်
ဖူးပွင့်သီးရွက် ရင့်ကျက်ခွင့်မရ
ဒါဏ်ရာဂျဗေါင်းထလို့
ဂေါင်းထောင်မပြအောင်
ရက်ပြတ်ရက်ပြတ် ဓါးကြီးနန့်လာခွတ်
စုတ်ပြတ်သတ် အမြစ်ဖြတ်ပနာ
ဘဗောင်းဆာလို့ လှဲပလိုက်ယာ…။
“ဗလိတရွီ”
လှိုင်းကြီးလီကြီးကျ တစ်ရက်နိန့်
ပျော်ကြီးကျဗလိတရွီ ဇာလားရဖို့မသိ
ကမ်းမမြင်စမ်းမမြင်
လမ်းပင်လယ်ပြင်မှာ ဖေါင်စီးလို့
တရွီ တဖင် တစင်းတင်…။
“ရောင်ရင်”
ရောင်ရင်သုံးကောင် လက်မထောင်
ဘောင်ဘင်ခတ် ယောက်ယက်သတ်လို့
ဖဗြုတ်ကျိတ်နောက်ကုန်းမှာ
ငရုပ်ကြိတ်ကျောက်တုံးနန့်
အဆုံးသတ်လားခရေ…။
“လူစိမ်းတိ”
ပိုင်သျှင်င်ဟိ အစောင့်မဟိ
ခြံဝင်းတခုမှာ လူစိမ်းတစု
ရွှေ၊ ငွေ၊ ဖေသာ ရတနာတိကို
သဘောမတူ မကြည်ဖြူလည်း
“လောဘ၊ဒေါသ၊မောဟ”ဆိုရေ
တိုက်တာ သုံလုံးမှာ
သိမ်းကျုံးထည့်ယူ ပြောဖို့လူမဟိ
တစ်ယောက်စ နှစ်ယောက်စရာ
ကူလီခ နှစ်ပြားတစ်ပဲရလို့
လူတိကိုဆဲ နိန်ရေထော…။
“မျောက်ချေတကောင်”
ကံကြမ္မာရိုင်း မုန်တိုင်းကြားမှာ
ကျားအာခေါင်ထဲက မျောက်နှောင်ချေတစ်ကောင်
ပြူးကြောင်ကြောင်နန့် ရာဟုလီဆောင်လို့
အပင်အကိုင်း ပျိုင်းကျလာဂေ ခုန်ထွက်ဖို့
သမ္ဗုဒ္ဓေဂါရွှတ် မန်းမှုတ်လွှတ်ပီး
သရဏဂုံကိုမဆောင်
ဂယောင်တွေးနိန်ရေလတ်…။
“တချို့တလီ”
ဝိဇ္ဖာဇော်ဂျီ တပသီပိုင်
အတိတ်နိမိတ် တဘောင် အာဂုံဆောင်လို့
ကိုးဆယ့်ကိုးလတ္တံ့ နိန့်တိုင်းဖြန့်လို့
အင်းအိုင်လက်ဖွဲ လိုင်မှာဆွဲလို့
ဓါတ်ရိုက်ဓါတ်ဆင် အိမ်မှာပျင်လို့
အမျိုးသားနိုးကြား ကြိုးစားဂတ်ဖို့
မောင်းခတ်ယင်းနန့်
အချင်းချင်း
သတ်ဖို့ပျင်နိန်ဂတ်တေထော….။
“အိမ်မက်”
သရဲသဖက် အိမ်မက်တဆီ
ဝင်စီးနိန်မှန်း ငါ့စိတ်က တန်းသိရေ
အိမ်မက်ဆိုစွာလည်း ငါသိရေ
ခန္ဓာဟိမှန်းလည်းငါသိရေ
သိကေလေ့..
ရုန်းထလှုပ်ကြွလို့မရ
အချုပ်ခံထားရရေပိုင် နာကြင်နိန်ရေ
ဘေးနားကလူ ဖေးမကူလာနှိုး
လန့်ပြီးနိုးရေခါ
ချွဲသီးချွဲပေါက်တိ သဗြုသီးလောက်နန့်…။
“အဘာကပြောရေ”..
အိမ်မက်ဆိုးကြီး အရိပ်စီးကို
ဒုတ်ပြီး ဓါးပြီးရင်ဆိုင်သွီးဖို့
အားဆီးတစ်လုံး နိစိုင်သုံးလတ်…။
အဂု..အဘာမဟိရေခါ
ဇာအားဆီးကိုသောက် တက်သီးခေါက်လို့
အရိပ်စီးအိပ်မက်ကို ဖျောက်ဖို့လဲ
ငါဂေါင်းနောက်နိန်ရရေ..
ငါဂေါင်းခြောက်နိန်ရရေ..
ငါလမ်းလျှောက်နိန်ရရေ...။
...........
မောင်လှကျော်
0 comments:
Post a Comment