ပဉ္စလက်လမ်းမ
ဘဝက အန်ထုတ်လိုက်တေ
နာကျင်မှုတိကို အံကြိတ်ခံ
ဒဏ်ရာအပြည့်နန့် အိမ်မှာ
ငါ့ကိုယ်ငါ
လောင်ကျွမ်းပစ်တေ...။
ဝေဒနာကို အရက်မှာစိမ်
မျိုသိပ်ခရေပြက္ခဒိန်ကိုလေ့
မလှန်ချင်ဗျယ်...။
ကံနှင်ရာသို့ ရွင့်ဖို့
သစ်ရွက်အိုတစ်ရွက်အတွက်
နီညိုညိုမှာ အပူသျှိန်ပြင်းအားက
ညှင်းဆဲခက်ထန်တုန်းပါကာ....။
မမြင်ရရေအမှောင်ထုကို
အပြစ်တင်ယင်း
လှီကားရင်းထိငါလူးကျ...။
ပြန်ထဖို့ပျင်မှာ
ငါ့ခြီထောက်က
ခေါင်မိုးထက်မှာချိတ်နိန်လို့
မမြင်ခပြန်...။
အသက်မဟိရေ
လမ်းမထက်မှာ
ရှိဆက်ရဖို့လတ်...။
ငါ့ဝိဥာဏ်ကိုခင်းကျင်း
ငါနင်းလျှောက်ပလိုက်မိရေ
“မရောက်သိမ့်” ဆိုရေ
ရီလာမြောင်းပီးအတွေးနန့်...။
ဝီးလွင့်လားရေ
ရွက်နုသစ်ချေတိအတွက် စိုးရိမ်လို့
ရင်ထဲမှာ ငိုယို
မပြိုရေ မိုးအောက်မှာ
ငါ့ တစ်ယောက်တည်း
ပြိုနိန်ပုံကတော့...။
............
နတ်မောင်
(ဒုတိယအကြိမ်မြောက် ပြိုလဲသူ အခင်ထွီးအတွက်)
0 comments:
Post a Comment