ကိုယ့်ဘလော့ချေတိမှာ ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ထည့်လို့ ဂုဏ်ပြုကတ်မေ

ရခိုင်အဆိုတော် ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ကို ကိုယ့်ဘလော့မှာ ထည့်ချင်ကေ အေနိန်ရာ (Fileden)ကို Click နှိပ်လို့ ( Mediafire ) ကုတ်ကိုဒေါင်းယူပါ။ ပြီးကေ ယင်းကုတ်ကို ကော်ပီကူးလို့ Add a Gadget > Edit HTML မှာလားလို့ Paste လုပ်လိုက်ပါ။

Tuesday, August 4, 2009

မိုင်တိုင်အမှတ် ( ၂၃ )


တနှစ်ပြီးတနှစ်
ကုန်ဆုံးခပျာယ်
ရင့်ကျက်မှုသို့
ဦးတည်လျှက် --။

တစတစနန့်
ဘ၀ကို ရင်ဆိုင်ဖို့နီးလာပျာယ်
တခုကိုလည်း
မမှုမိပါလေ --။

တုန်လှုပ်မိကေတောင်
ဘ၀မှာ
သုံးပုံတပုံကို
ကျော်လွန်ခပါပျာယ် --။

လဲကျကေ
ပြန်ထလိုက်
ဝမ်းနည်းကေ
ငိုကျွီးလိုက်နန့်
စိန်ခေါ်မှုတိကလည်း
ဆီးကြိုနီလို့
မှားလားကေ
ကဲ့ရဲ့မှုတိက
စောင့်နီလို့ --။

လူငယ်အားမာန်တိက
ကူညီပါလိမ့်မည်
အောင်မြင်မှုက
လက်တကမ်းမှာ --။

ခရီးရှည်တိ ထွက်ရရေအခါ ကားလမ်းတဖက်တချက်မှာဟိရေ ... ရောက်နီရေ ခရီးအကွာအ၀ီးကို ပြနီရေ မိုင်တိုင်တိကို တွိရတတ်ပါရေ....... လူတိရှင်သန်နီရသမျှကာလပတ်လုံးကိုရာ ခရီးရှည်တခုနန့် တင်စားဖို့ဆိုကေ အခု အကျွန်ရောက်ဖို့ နီရာက မိုင်တိုင်အမှတ် (၂၃).....။

နှင်းပန်း (Hnunn Pann)

0 comments:




  © Blogger templates 'Sunshine' by Ourblogtemplates.com 2008

Back to TOP