ကိုယ့်ဘလော့ချေတိမှာ ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ထည့်လို့ ဂုဏ်ပြုကတ်မေ

ရခိုင်အဆိုတော် ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ကို ကိုယ့်ဘလော့မှာ ထည့်ချင်ကေ အေနိန်ရာ (Fileden)ကို Click နှိပ်လို့ ( Mediafire ) ကုတ်ကိုဒေါင်းယူပါ။ ပြီးကေ ယင်းကုတ်ကို ကော်ပီကူးလို့ Add a Gadget > Edit HTML မှာလားလို့ Paste လုပ်လိုက်ပါ။

Monday, August 10, 2009

မှတ်တိုင် ၁၇ မှ ၁၈...၁၉...၂၀...

သူငယ်ချင်း ...
အချိန်နှင့်ရင်းပြီးကေ
မင်းရင်ထဲ နှလုံးသားထဲက
ဖြစ်တည်လာရေ မှင်စက်နန့်
ရီးထားရေ မင်းဒိုင်ယာရီ
ဒါးမြတိုက်ခံလိုက်ရလို့
စိတ်မညစ်ကေ့ သူငယ်ချင်း ။

အပေါင်းသင်း ......
ရက္ခိတစိတ်ဓါတ်အရင်းခံလို့
ဥဏှောက် အသွီးသားက
စီးဆင်းလာရေ မှင်စက်နန့်
သက်သီပြ မင်းဒိုင်ယာရီ
အဓမ္မ အလုခံရလို့
စိတ်ဓါတ် မကျကေ့ အပေါင်းသင်း ။

ရောင်းရင်း မင်းပိုင်ယှောင်
ရှိက အခိုးခံလိုက်ရရေ
ဒါးမြတိုက်ခံလိုက်ရရေ
စတည်းခံလိုက်ရရေ
မဒိန်းကျင့်ခံလိုက်ရရေ ...

ဘဝတူမိတ်ဆွေ သွီးသောက်
ဂန္တဝင်မြောက် ၁၆ ယောက်၏
အွင်လိုင်းက ရခိုင့်ဒိုင်ယာရီသမိုင်း
ငတက်ပြားသစ္စာတရားနန့်
လူအချင်းအချင်း မူရင်းကို
အဓမ္မသိမ်းပိုက် ပိုင်ဆိုင်ချင်ရေ
သူ့မှာတမ်းအရိုင်း ဘလိုင်းရာဇဝင်
ကမ္ဗည်းထိုး မှတ်တမ်းတင်စွာ ....

ဒေဂု ၁ရ ယောက်မြောက်
ကြေငြာ ခြိမ်းခြောက်
နောက်မှာ ၁၈ - ၁၉ - ၂၀ ……
တန်းစီးလို့ဟိနီလီရေ …………
မင်းနားလည်နိုင်ပါစီ ရောင်းရင်း ။

....................
(ကိုပန်းသီး ကဗျာ)

0 comments:




  © Blogger templates 'Sunshine' by Ourblogtemplates.com 2008

Back to TOP