မြောက်ဦး
ရိုးမချက်ကြွီ၊ သန္တာမြီဖွား
နဒီကစ္ဆပ၊ အဉ္ဇလွင်ပြင်
ရင်ခွင်မှာကြီး၊ ချစ်သားထွီး…။
သမိုင်းတခေတ်၊ မော်ကွန်းသစ်ကို
ဖွင့်လှစ်ကမ္ဗည်း၊ ထိုးလီဗျာယ်…။
မျိုးဂုဏ်ဖြိုးမောက်၊ ထီးနန်းဆောက်လို့
ထွန်းတောက်ကမ္ဘာ၊ ကျော်လီဗျာယ်…။
ရက္ခိုင်အောင်လံ၊ ဇာတိမာန်ကို
တိမ်ယံမိုးထိ၊ လွှင့်လီဗျာယ်…။
ရိုးမသားကောင်း ဘဝပြောင်းလဲ
ရှိဟောင်းမွီနှစ်၊ ရတနာစစ်ရို့
ဆန်းသစ်ကြီးကျယ်
ခမ်းနားထည်တုံး၊ ဝင့်ကြွားတုံး…။
အို…ချစ်သားထွီး…
နင်ကားမသီ၊ ဒေရီမြီမှာ
တည်အံ့ကမ္ဘာ၊ တိုင်လိမ့်တည်း…။
……………..
တက်ထွန်းနီ-မြောက်ဦး
(မှတ်ချက်။ ။“ခမ်းနားထည်တုံး၊ ဝင့်ကြွားတုံး…” ၌ “တုံး”ဟူသောအဓိပ္ပါယ်သည် “အသုံးမကျ၊ ပြီးဆုံးလားသည်၊ မျိုးတုံးလားသည်” စသည်မှာသာလျှင်သုံးသင့်သည်ဟု ဦးဇင်းထင်မြင်မိပါသည်။ ယင်းအတွက်ကြောင့် အထက်ပါစာပိုဒ်သည် ယင်းအဓိပ္ပါယ်မျိုးကိုဆိုလိုခြင်းမဟုတ်ဘဲ “ဆက်လက်ပြုလုပ်ခြင်း၊ ဆက်လက်ရှင်သန်ခြင်း” ကိုဆိုလိုသောကြောင့် “ခမ်းနားထည်တုံး၊ ဝင့်ကြွားတုံး” အစား “ခမ်းနားထည်တုန်း၊ ဝင့်ကြားတုန်း” ဟုသာသုံးသင့်သည်ဟုဦးဇင်းယူဆပါသည်။)
Ven.Eindobhasa
0 comments:
Post a Comment