“သို့  … ရက္ခအသျှင်မ”
ဘ၀ဖြစ်စိုင် ကျောက်ပျိုင်ထက်မှာ
နှလုံးသားကို ချသွီးပနာ
မင်းပါးပြင်ချေ လှလို့ လာဖို့ 
အချစ်သနပ်ခါးလူးပီးမေ….၊
အအီးမုန်တိုင်း နှင်းရိုင်းကြားမှာ
ပဆိုးမလုံ ခခိုက်တုန်လို့ 
ချမ်းရေခန္ဓာ ပူနွီးလာဖို့ 
ငါ့ပေါင်လက်ရိုး နံရိုးကိုပုံ
မင်းမီးလှုံဖို့ ထင်းလုပ်ပီးမေ …..၊
နှစ်ပေါင်းနှစ်ရာ မင်းမျက်နှာညှိုး
ကြမ္မာဆိုးဝင် မမြင်လွတ်လမ်း
ရီခမ်းငါးပိုင် မကယ်နိုင်လူ
ရွာဆူမြို့ ပျက် ပြည်ဆက်ခက်တေ
တွေဝေစိတ်ပန်း မင်းမလန်းလို့ 
ကလောင်ကိုထမ်း မင်းစိတ်မြန်းအောင်
စာလုံးတိစီ မင်းရီရဖို့ 
ဟာသချေတိ ရွီးပီးမေ…၊
ဝံလက်အသက် မျိုးဆက်အနှစ်
မင်းချစ်တေသွီး ခေတ်ခရီးမှာ
တာဝန်ကိုယ်စီ လက်ချင်းညီလို့ 
ရောင်နီကိုထွန်း မော်ကွန်းထိုးဖို့ 
ရာစုပျိုးခင်း မြီတလင်းမှာ
လွတ်လမ်းရှာလို့ နိန်ကတ်ယင့် ….။ ။ ။
ခိုင်အောင်အောင်
၀၇၊၀၅၊၂၀၀၉
0 comments:
Post a Comment