ကိုယ့်ဘလော့ချေတိမှာ ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ထည့်လို့ ဂုဏ်ပြုကတ်မေ

ရခိုင်အဆိုတော် ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ကို ကိုယ့်ဘလော့မှာ ထည့်ချင်ကေ အေနိန်ရာ (Fileden)ကို Click နှိပ်လို့ ( Mediafire ) ကုတ်ကိုဒေါင်းယူပါ။ ပြီးကေ ယင်းကုတ်ကို ကော်ပီကူးလို့ Add a Gadget > Edit HTML မှာလားလို့ Paste လုပ်လိုက်ပါ။

Saturday, May 9, 2009

မျိုးခြားသို့သတိပီးခြင်း

ရခိုင်ဆိုစွာ…
ကျဉ်းမြောင်းရေဒေသ
သိန်ငယ်ရေလူမျိုး
မွဲးပြာရေဓန
ခေါင်းပါးရေပညာ
မင်းရို့တိမှတ်ထင်..။

ရခိုင်ဆိုစွာ….
အစွန်းစမဟိ
လုပ်တိုင်းငိုက်ခံ
တွန်းလှန်လိုစိတ်မဟိ
လုပ်ချင်ပိုင်လုပ်ဖို့
မင်းရို့ကြံ..။

အမှန်ကိုရာ
နားလည်ကေကါ..

ရခိုင်ဆိုစွာ…..
ကျဉ်းမြောင်းရေ
ဒေသတခုမဟုတ်
ရိုးမတောင်ကြီး
ကာရံစီးလို့
အနောက်မှာဟိစွာက
ဘင်္ဂလားပင်လယ်
နယ်ပယ်ကိုကြည့်ကေ
ကမ္ဘာ့အလယ်မှာ
တင့်တင့်တယ်တယ်
နီနိုင်ရေလို့
မင်းရို့မြင်ဂက်လီ..။

ရခိုင်ဆိုစွာ…..
သိန်ငယ်တတ်ရေ
လူမျိုးကါမဟုတ်
သမိုင်းရုပ်ကြွင်းကိုကြည့်
ဂန္တဝင်မောက်တေလက်ရာ
မျိုးနွယ်ကိုကြည့်
မော်ကွန်းတင်ရေ
စာဆိုတိနန့်
ပြောလို့မကုန်
အံ့သြလှောက်တေဂုဏ်တိနန့်
ကြီးကျယ်ခန့်ငြားရေ
ရာဇဝင်ထဲကလူမျိုးရာလို့
မင်းရို့သိဂတ်လီ…။

ရခိုင်ဆိုစွာ….
ဓနမဟိရေမျိုး
မွဲးပြာရေလူမျိုးမဟုတ်
သဘာဝသယံဇာတတိနန့်
ပြည့်စုံရေ
လူ့မတရားတိ၏
ဒါးမြလာတိုက်ခံနီလို့
ကိုယ့်အစာကို
ကိုယ်မစားရ
ဆင်းရဲမွဲပြာဆိုရေ
လောင်းရိပ်အောက်က
မလွတ်နိုင်သီးစွာလို့
မင်းရို့သိဂက်လီ..။

ရခိုင်ဆိုစွာ……
ပညာမတတ်
လုပ်တိုင်ငိုက်ခံ
လူမျိုးမဟုတ်
အားမတန်လို့
ဒေဂနိန့် အချိန်ခါ
မာန်မပြသီးကေတောင်
မဟုတ်မခံတော်လှန်စိတ်နန့်
လာဂတ်မယ်တနိန့်ဆိုစွာ
မင်းရို့သိဂက်လီ…။

--
အသျှင်

0 comments:




  © Blogger templates 'Sunshine' by Ourblogtemplates.com 2008

Back to TOP