ကိုယ့်ဘလော့ချေတိမှာ ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ထည့်လို့ ဂုဏ်ပြုကတ်မေ

ရခိုင်အဆိုတော် ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ကို ကိုယ့်ဘလော့မှာ ထည့်ချင်ကေ အေနိန်ရာ (Fileden)ကို Click နှိပ်လို့ ( Mediafire ) ကုတ်ကိုဒေါင်းယူပါ။ ပြီးကေ ယင်းကုတ်ကို ကော်ပီကူးလို့ Add a Gadget > Edit HTML မှာလားလို့ Paste လုပ်လိုက်ပါ။

Monday, May 25, 2009

အချစ်ဆုံးသူသို့်

ရိုးရိုးချေဝန်ခံရကေ
ထို...အယင်တုန်းက
ငါစွာ
အချစ်ဆိုစွာဇာလဲလို့
ငါမစဉ်းစာမိခ...။

ချစ်ခြင်းအစ ရင်ခုန်ခြင်းက
ဆိုရိုးစကား ဟိနီငြားလည်း
ငါ့ကိုရင်ခုန်စီရေသူဆိုစွာ
မင်းကလွဲလို့
ငါ့ဘဝတလျောက်လုံးမှာ
မဟိခပါ...။

အိပ်စက်နီရေ
ငါ့ နှလုံးသားကို
မင်းကလှုပ်ကိုင်နှိုးလိုက်လို့
ကျောက်ဆစ်ထက်မာရေ
ငါ့ နှလုံးတိ
အရည်တိပျော်လို့
မင်း၏
မေတ္တာစမ်းရီအိုင်ထဲကိုစီးဝင်...။

ယေကေလေ့..
အခုချိန်မှာတော့ခါ
ငါပိုင်ဆိုင်လိုက်ရရေ
အချစ်ဆိုစွာက
ပူလောင်ခြင်းတိနန့်ပြည့်လျှံနီရေ
နွီကန္တာရပိုင်
ငါ့ရင်ကိုလောင်မြိုက်နီလီရေ...။

မင်းသင်ပေးလိုက်ရေ
အချစ်ဆိုစွာက
ငါ့ဘဝအတွက်တော့ခါ
အလွမ်းတိ၊၊ အဆွေးတိ၊မျက်ရည်တိနန့်
ပြည့်နီရေ
အလွမ်းညည့်တိရာလား....။

မင်းပီးခရေ
အမှတ်တရတိကို
ရင်မှာ တပုံတပင်ပွေ့ပိုက်ယင်း
မင်းကိုမှ ရူးမိုက်စွာနန့်
ထာဝရချစ်နီ၊ မျှော်နီရေ
ငါ့ ဘဝစွာလည်း
အလွမ်းဒဏ်တိသင့်လို့
မလှပပါဗျာယ်....။

ငါ့ကို
မင်းပီးခရေ အကြင်နာတိ
မင်းပြောခရေ အချစ်စကားတိ
အကြံအဖန်ရာဖြစ်ဖြစ်
မင်းက ငါ့၏
အချစ်ဦးနန့် အချစ်ဆုံးသူဖြစ်လို့
တဖန်ပြန်လို့
မသုံးသပ်ချသ်ပါဗျာယ်....။


ငါစွာ
မင်းဘဝအတွက်
အချစ်ဦးသူမဟုတ်ကေလေ့
အချစ်ဆုံးသူတယောက်ဆိုစွာ
မင်းယုံပါ...။

ပြီးကေ..
ငါစွာ
မင်းဘဝအတွက်
အချစ်ဦးသူ မဟုတ်ကလေ့
ငါဘဝအတွက်တော့ခါ
အချစ်ဦးသူနန့် အသက်ထက်ဆုံး
ချစ်သူဆိုစွာ
မင်းးနားလည်ပါ...။

..............

Mg Tha Hla

၂၄-၅-၂၀၀၉

၎:၄၄ am>၆:၁၁ am

0 comments:




  © Blogger templates 'Sunshine' by Ourblogtemplates.com 2008

Back to TOP