အမဲလိုက်ခွီး(သို့)ရခိုင်သား
စိမ်းညိုမည်းမိုင် တောဂနိုင်မှာ
ဂဂိုင်လှမ်းအော် တောလုံးကျော်အောင်
သံပျော်သကုန် တောလုံးတုန်...။
အားဟိသားကောင်း သူမသျှောင်ဘဲ
တန်းတောင်လည်းပွမ်း ခြီလည်းနွမ်း
ပင်ပန်းရင်တုန် နှလုံးခုန်...။
အမဲလည်းရ အိမ်ပြန်ခလို့
သူ့ကိုတော်ရေ သားဖမ်းရေလတ်
လိုင်ချေကိုပွတ် ဂုတ်ကိုဖက်ဗျာလ်
နှုတ်ထွက်အလို မြှောက်ပင့်ဆို...။
အမဲသင်ခါ ယင်းနားမှာပင်
ရိုက်ကာရိုက်စောင်း အောင်းအောင်းခေါ်ဖို့
သားတောင်းဟန်ပန် သူလုပ်ပြန်....။
သင်လို့လည်းပြီး ထခါနီးမှာ
ပီးပစ်ခစွာ စိတ်မှာအထင်
အသားမြင်ကါ ဗြီးထလာလို့
စားဖို့ပျင်ခါ အရိုးပါ...။
စိတ်ပျက်လက်ပျက် စိတ်မှာတွက်စွာ
လက်ကလည်းပွမ်း ခြီလည်းနွမ်းအောင်
တောတန်းကိုကျော် သံကုန်အော်ခစွာ
မျော်ရအကျိုး အရိုးရာတွိ့ကာ
အမဲလိုက်ခွီးဘဝ...။
သြော်....
ငါ့ရို့ရခိုင်သားတိလည်း
ကိုယ်ပိုင်ဆိုင်ရေ
သယံဇာတတိကို ကိုယ်မစားရ
မော်ယင်းယင်းနန့်မျော်ဗျာလ်
သူများပစ်ချခရေ အရိုးတိကို
ကိုက်နီရဗျာလ်မလားယေ...။
ဇာထူးလဲအမဲလိုက်ခွီးနန့်
...... တတူတူဗျာလ်
အမဲလိုက်ခွီး(သို့) ရခိုင်းသား...။
Ashon(အသျှင်)
(ကိုပြည်ကထွက်စွာတိကို အားလုံးကိုယူပနာ အမြင်ကောင်အောင်လမ်းဆိုး..တာဆိုးလုပ်ပီးစွာနန့် ကြေနပ်နီရရေ ရခိုင်းသားရို့ဘဝကိုခံစားဖွဲ့ဆိုလိုက်သည်..။)
0 comments:
Post a Comment