ကိုယ့်ဘလော့ချေတိမှာ ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ထည့်လို့ ဂုဏ်ပြုကတ်မေ

ရခိုင်အဆိုတော် ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ကို ကိုယ့်ဘလော့မှာ ထည့်ချင်ကေ အေနိန်ရာ (Fileden)ကို Click နှိပ်လို့ ( Mediafire ) ကုတ်ကိုဒေါင်းယူပါ။ ပြီးကေ ယင်းကုတ်ကို ကော်ပီကူးလို့ Add a Gadget > Edit HTML မှာလားလို့ Paste လုပ်လိုက်ပါ။

Monday, May 11, 2009

ရခိုင်ဆိုလျှင်

မုန့်တီငရုပ်သီးချက်နန့်
င/ခြောက်ဖုတ်ကိုရာကြိုက်ကေပင်
အချိတ်ကိုဝတ်ပြီး
သဇင်ကိုရာ ပန်ကေပင်
ငါ့စကားကို ငါပြောရေဆိုပြီး
ကျင်ဝါသနာပါကေပင်
ရခိုင်လို့ဆိုပါဖို့လား --။

မင်းညီမ ငါ့အစ်မရို့ကလည်း
သဇင်ကိုကား မပန်
ငရုပ်သီးချက်နန့် မုန့်တီစားနီစွာမှာလည်း
မင်းအမိ ငါ့အရီးမပါ
ယပိုင်ဆို မင်းနန့်ငါကား
ရခိုင်လား --။

ငါရို့အိမ်က သာလိကာ
ငါရို့စကားကိုရာပြော
ကျန်ရေစကားကို မပြော
သာလိကာကား ရခိုင်လား --။

ရှိကအသျှင် ကဝိအကျော်
ပညာမော်ရို့ သတ်မှတ်သမုဒ်
ရွီးဖွဲ့ပြောဆို ထားခစွာမှာ
"အမျိုးသီလ၊ နှစ်ဌာနကို
စောင့်စွမ်းပါမှ" ခေါ်ထိုက်ပါသည်
ရခိုင်နာမည် --။

(ပညာကျော်)

0 comments:




  © Blogger templates 'Sunshine' by Ourblogtemplates.com 2008

Back to TOP