ကိုယ့်ဘလော့ချေတိမှာ ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ထည့်လို့ ဂုဏ်ပြုကတ်မေ

ရခိုင်အဆိုတော် ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ကို ကိုယ့်ဘလော့မှာ ထည့်ချင်ကေ အေနိန်ရာ (Fileden)ကို Click နှိပ်လို့ ( Mediafire ) ကုတ်ကိုဒေါင်းယူပါ။ ပြီးကေ ယင်းကုတ်ကို ကော်ပီကူးလို့ Add a Gadget > Edit HTML မှာလားလို့ Paste လုပ်လိုက်ပါ။

Sunday, May 31, 2009

အသျှင်ဥတ္တမသို့


အ-ရှေ့က နိန်ဝန်းထွက်ရေပိုင် ‘အာယှ’ တစ်ခွင်ကို
အလင်းရောင်ပီးလို့ ‘အာယှ နိန်ဝန်း’ လို့
တင်စားခံရရေသူ။

သျှင်-တော်ဗုဒ္ဓကြွရောက်ခပနာ ဗျာဒိတ်တော်ထားလို့
ဗုဒ္ဓကိုယ်ပွားတော်စံပျော်ကိန်းဝပ်ရာ ပြည်ရက္ခာမှာ
မြီးဖြားခေရသူ။

ဥ-တုဂီမန္တမာ ဖနပ်မပါ ထီးဗလာနန့်
သောက်ရီနတ္ထိ ခိုစရာမဟိဖြစ်နိန်ရေ ပြည်သူတိအတွက်
အသက်ကိုစတေးပနာ ခို၊သောက်၊နားရာ အရိပ်ဆာယာကို
ပီးဆောင်ခရေသူ။

ဥတ်-(အုတ်)တချပ်သဲတပွင့်လောက်တိုင်းပြည်အတွက်
အကျိုးပြုရေလူတိထက် အဆပေါင်းမျာစွာသာခဂေလေ့
မျက်ကွယ်ပြုထားခြင်းကို ခံနိန်ရရေသူ။

တ-စ်ကောင်ကိုလည်းမကြောက် ခြသီင်္းဟောကတေပိုင်သံနန့်
“အဝေ..ဂရက်ဒေါက်! ငါ ရို့ပြည်က အဂုထွက်လားလီ” လို့
နှင့်ထုတ်ဝံ့ခရေသူ။

မ-တရားအုပ်ချုပ်မှုကို ခေါင်းငုံ့မခံ ဇာတိမာန်နန့်
ကိုလိုနီကျွန်ဘဝက လွတ်မြောက်ရအောင်
အသက်ကိုပီးလို့ လွတ်လပ်ရေးမီးယှူးတိုင်ကို
ထွန်းညှိခရေသူ။

သို့-သော်…..
အသျှင်ထွန်းညှိပီးခရေ မီးကိုသုံးပနာ အခြားလူတိ
တိုက်တာတိနန့် နိန်နိုင်ဂတ်ကေလေ့
အသျှင်မွီးရာ ပြည်ရက္ခာမာ စားစရာမဟိ နိန်စရာနတ္ထိ
အဂုအထိ ငရဲအတိပိုင်ဗျာယ် “အသျှင်”။

.........................
ကျောက်ရိုး-လွှမ်းမိုးခိုင်

0 comments:




  © Blogger templates 'Sunshine' by Ourblogtemplates.com 2008

Back to TOP