ကိုယ့်ဘလော့ချေတိမှာ ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ထည့်လို့ ဂုဏ်ပြုကတ်မေ

ရခိုင်အဆိုတော် ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ကို ကိုယ့်ဘလော့မှာ ထည့်ချင်ကေ အေနိန်ရာ (Fileden)ကို Click နှိပ်လို့ ( Mediafire ) ကုတ်ကိုဒေါင်းယူပါ။ ပြီးကေ ယင်းကုတ်ကို ကော်ပီကူးလို့ Add a Gadget > Edit HTML မှာလားလို့ Paste လုပ်လိုက်ပါ။

Thursday, June 11, 2009

မိုးရာသီ နန့် ငရို.ရွာ



ပုး .....ပွင်
ဇာ ငါးစားလေ .... “မျှိုင်”။

ပူး .... ပွင်
ဇာ ငါးစားလေ ....“မျှိုင်”...။

ငရို.အိမ်ရှိက နာလာကြောင်း
ဖဘူချေ မြည်သံ တရောင်းရောင်း။

ရွာမြောက်ဘက်က သောက်ရီကန်
ရီတိပြည့်လို့ တရွှန်ရွှန်။

ရွာလယ်ကောင်က လူပျိုတစ်စု
ငတက်၊ငကျ မိုး ရွာဖို့ တောင်းဆုပြု။

ရွာတောင်ပိုင်းက မေကြီးချေ
ပျိုးစိုက်ဖို့ လားကတ်မေ။

ရွာလယ်ကောင်းက ကစားကွင်း
ကလေချေတိနန့် တဘွင်းဘွင်း။

ှဇွန်၊ဇူလိုင်လ ရောက်လာယာ
ကျောင်းခလောင်းသံ ကြားယယာ။

ငါးမျှားလားရေ အခင်လတ်
ကန်းသင်းထက်မှာ ချော်လဲသတ်။

ကန်းသင်းပွင့်တိ ပွင့်ယာဝေ
ကန်းသင်းပွင့်မုန့် လုပ်ကတ်မေ။

စေတနာကောင်းရေ ရောက်မကြီး
တစ်အိမ်တစ်ဒုံ ၀ီလို့ပီး။

သနားစရာ ပဉ္ဖင်းချေ
ဝါတွင်းသုံးလ ကုတ်နိန်ဝေ။

ဝပုသ်စောင့်ရေ ၀ါကြီးတပြွတ်
ဘုန်းကြီးကျောင်းမှာ ရရောင်းသတ်။

ကျောင်းကိုပြီးရေ ကလေချေ
မက္ကလာယူဖို့ မမိန့်ကေ့ဝေ။

ရီစိုနိန်ရေ ထင်းပိုင်းတိ
ထမင်းအိုတည်ဖို့ ကြတ်တင်ပီး။

ပုး .......ပွင်
ဇာ ငါးစားလေ .... “မျှိုင်”

ပူး ......ပွင်
ဇာ ငါးစားလေ .....“မျှိုင်”...။

...........
အေးမောင်(ရင်အုံတော်ဓာတ်)
၁၁၊၀၆၊၂၀၀၉(၂၀:၅၄)

(မှတ်ချက်။ ။ ခမောက် ကို မက္ကလာ ဟုပြောင်းထားလိုက်ပါသည်။

0 comments:




  © Blogger templates 'Sunshine' by Ourblogtemplates.com 2008

Back to TOP