ငါက ငါးပဂျင်းချေတကောင်ရာ
နခမ်းစစူ
ဝမ်းပပူချေနန့်
ထုံထိထုံထုံ
ငါးပဂျင်းချေတကောင်ရာ...။
ဒေချောင်းဒေရီ
ဒေကမ်းတလျောက်
ပြာတော ပြူးတော
ကဘိုင်တောတိ
တတောဝင်တတောထွက်
ဆလီခြုံအောက်မာကဇတ်
ဖျားရီအတက်တိနန့်
ကူးလာလို့မြူးဖူးယင့်...။
ငရို့ချစ်တေဒေကမ်းရိုးမာ
ကံဆိုးမိုးမှောင်တရက်နိန့်ခါ
တငါသည်တရွီဝင်ဗျာယ်လာ
ခြုံချချင်ချ ၊ ပိုက်တန်းချင်တန်း
မျှားချချင်ချနန့်
ဗလဗွီသတ်ဗျာယ်
အဆီကိုယက်
အသားကိုဆို့
အရိုးတောင်မျို
ပြားတောပါဖျက်လို့
ချင်ဆီပျင်နီကေ
ငရို့တိမာဒုက္ခအတိ...။
ငါ့မှာက
ဖြားတက်ဖြားကျ
အီးလောက်အောင်တောင်
အဆိပ်စူးလေ့မဟိ
ငမန်းတိပိုင်
မြင်စွာနန့်ကြောက်လောက်တေ
ရုပ်မျိုးလေ့ငါမပိုင်
ပတုန်းနန့်ဘုန်းခနဲသတ်လို့
သီလောက်တေ
မီကျောင်းပိုင်လေ့အားမဟိ...။
ယကေလေ့
ငါချစ်တေဒေကမ်းက
ငါ့မျိုးတိရာအီးချမ်းဖို့ဆို
မျိုးချစ်စိတ်နန့်သန္ဓေတည်
နာကျည်းမှု့တိစီးဝင်နီရေ
ငါ့အသည်းအစွမ်းနန့်
ယင်းအမျိုးယုတ်တိ
တစင်လုံးပြို
တခြုံလုံးစင်
တစိုင်လုံးပြုန်း
တဇင်းလုံးမြုပ်နိုင်ရေဆိုစွာ
ချထားရေငါးစာ
မျှားပါမှန်းသိကေလေ့
ပြလိုက်ချင်ယင့် ။ ။
.................
ကိုမင်း
0 comments:
Post a Comment