ကိုယ့်ဘလော့ချေတိမှာ ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ထည့်လို့ ဂုဏ်ပြုကတ်မေ

ရခိုင်အဆိုတော် ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ကို ကိုယ့်ဘလော့မှာ ထည့်ချင်ကေ အေနိန်ရာ (Fileden)ကို Click နှိပ်လို့ ( Mediafire ) ကုတ်ကိုဒေါင်းယူပါ။ ပြီးကေ ယင်းကုတ်ကို ကော်ပီကူးလို့ Add a Gadget > Edit HTML မှာလားလို့ Paste လုပ်လိုက်ပါ။

Thursday, May 28, 2009

မျှော်ပါယင့်လည်း မောင်တော်ကမလား

အိုဘယ်သာစွ
တောင်စွယ်ကြားမှာ
တိမ်ယံတိမ်တောက် ရောင်ခြယ်ဖြာသော်
ချစ်သူသက်လျှာ ဆောင်တော်ကူးချိန်မို့....။

စုံဖွယ်ချက်ပြုတ် ခင်းကျင်းပြင်ဆင်
ခန်းဝယ်ပန်းခင်း သင်းရနံကြိုင်လို့
ထိန်ထိန်သာ မီးတိုင်းအောက် လိုသည်မယ်မဟိရ
စီမံကာ ဖြည့်လို့ ၊ တစ်ဆောင်လုံး ဗျာများ
အကြိုတောက်ပို စောင့်လိုကြိုစီရေ...။

လာသူလမ်း အညောင်းဖြေ စိတ်တော်ပြယ်လန်းစီးဖို့
မီးကျောင်းစောင်းလက်သံ
ခမ်းဝယ်ယံ ညံဟိန်းလို့
သံသာတေးဆက် ပန်းကော်ဇောနီဖြင့်
ီရီတော်ဆက် ကပ်စီရေ...။


အိုနှမ ငါကိုယ်တိုင်
စွမ်းသလောက် ဖီးလိမ်းလို့
မြပ၀ါအစိမ်းရောင် စိန်မှုန်ရော
လှပါယင့်လားချင့်......။

ပန်းရင့်ရောင် အချိတ်ထက်
ရွှေခြေထိုး လွန်းရာချိတ်က ပိုလှနှီဖို့လား
ယဉ်စစ ပုလဲကွန့် နံသာသွီး အဆင်ပေါ် ပိုးပုဝါ ထပ်ကာဆင့်
သောကများ ဗျာပါ မမောနိုင် မပမ်းနိုင်
ပန်းနံသာ မိတ်ကပ်ကူလို့
ပါးသီြးနီၤနီၤ ဗိုလ်ပြည်ဖြစ် သုံးလို့ရာ
လှစီအောင်မရှက်အား
တွေးရုံနှင့်မပြီး စမ်းဝတ်ရ ချွတ်ရလိုက်နန့်
အချစ်တော် ပိုခလီပါရေ...။


အိုဘယ်မောင်တော်
ဇာကိုရောက် ဇာကိုပေါက်လို့
ခရီးတော် ကြန့်ကြာနီပါလေ
စည်သံတောင် ကြားရဗျာလ်
စားဖိုဆောင် မီးလည်းတိတ် အဆောင်တောင် ပိတ်ဗျာလ်
အီးနီရေ ထမင်းဝိုင်း ညိုးနီရေ ပန်းကြားမှာ
မလှုပ်ဝံ့ သစ်လွင်ရေ ၀တ်ရုံဖြင့်
အရှက်ရစီအောင် အထိန်းတော် မိတ်သံ ကြားမှာ
မဖော်သာ ငိုမယ့်မျက်နှာ ၀ှက်လို့ အသည်းမှာ လွမ်းနာကျ
စိမ်းရက်သူကို အမုန်းတော်မ၀င်ဝံ့ဘဲ
အိပ်ဆောင်တော်ကို ကူးရရေ...။

ချစ်စကားဆိုမည့် နှုတ်ခမ်း နီသွေးရေ နှစ်လွှာက
“အရီးမိုးဒါဖြူ ထမင်းဝိုင်းသိမ်းလိုက်”
မျက်နှာတော်လွှဲ မကုန်ရေစိတ်နန့်
အီးစက်ရေ ထမင်းဝိုင်း လားနိုးနန့် မျှော်သူအပြစ်
စည်ဗဟို သုံးချက်အတီး ရင်ထဲက စကား
အေနီလည်း မောင်တော်မလား … ။

..............
စောစစ်

0 comments:




  © Blogger templates 'Sunshine' by Ourblogtemplates.com 2008

Back to TOP