လွမ်းပါယင့်လည်း အလွမ်းညက မကုန်နိင်
ဘုံယံဖျား ကြယ်သီပါလို့
ဆည်းသံသာသာ ညယံအခါ
မဖြေသာ စိတ်တော်ငယ် နွမ်း
မြတ်ဘုရားဆောင်တော်လှမ်း
ပန်း ရီချမ်း ဆီမီး ပူဇော်ပါလည်း
မပြေရေ အလွမ်း
မငြိမ်းရေ ရင်ခွင်
မြတ်ဘုရားရှေ့မှောက်
လက်ဆယ်ဖြာ ထိပ်မှာတင်၍
ခိုကိုးရားမယ့် တောင်းဆုတော် ပြုမိရေ...။
ဖဲမွေ့ရာ ညောင်စောင်း
သလွှန်က မာတောင့်နီလိုရာ
တောင်တစ်ဖက် မြောက်တစ်လှည်း
သက်ပြင်းက အကြိမ်တစ်ရာ လှူးလို့ရာ
အိပ်မပျှော် ရင်မှာ အလွမ်းပို စွာထင်...။
သည်းခြေပင်ထိတ် ညယံဝယ် ဆိတ်ပါလို့
တစ်ကိုယ်တော် အလွမ်းအိုင်းဖွဲ့
ရတုတော်ဖွဲ့ပါလည်း စိတ်တော်မရွှင်
ကိုယ်ပုဝါ မျက်ရည်တော် စိုရွဲ့လို့
မကြင်သူ စိမ်းလေသူကိုမှ
လွမ်းစိတ်တော်ပို လို့
အာရုံကို မျော်…။
“မျက်နှာတော် သစ် ၀တ်ရုံတော်လှဲမယ်
ထမ်းစင်ကို ပြင်ကြစမ်း”
ငါထိပ်ထား စောစစ်
မျောက်သားတော်ဆီ အခစား ၀င်မယ်။
...................
စောစစ်
0 comments:
Post a Comment