အိုမောင်လှ
ငါကရခိုင် အစိုင်ကောင်းဟု
ငါကကြွီးကြော် လူဇော်ဟစ်လို့
ရင်ကိုကြွဗျလ် လူရှေ့ထွက်ပြ
ငါ့မောင်လှ…။
နင်ကရခိုင် အစိုင်ယုတ်လို့
ငါကစွတ်ယိုး လူမိုက်ဖော်ရေ
မာန်ဟန်ထည့်ဗျာယ် ဖော်ကောင်းလုပ်ပြ
ငါ့မောင်လှ…။
သူကိုလက်ညိုး တစ်ချောင်းထိုးကေ
အမိဝမ်းခေါင်း အရီဆာအောင်
လက်ညိုးလေးသောင်း ကိုယ့်ဘားပြန်ထိုး
မောင်လူမိုက်ကို ပါးဇီ (ပဇိ)ကိုက်ပြ
ငါ့မောင်လှမှာ အရိပ်မမြင်
အဆံမပါ ကျီးအာသီးကာ …။
“ရခိုင်ဆိုကေ ရခိုင်ပြန်ကြောက်
အချင်းချင်းယှောင် ရောမ၀င်ဘဲ
နိန်ရလီရေ ဇာကြောင်းလည်းဝေ...။”
“ရခိုင်စုကေ ခိုက်ရန်များလို့
ရခိုင်ကယှောင် ဖက်မလုပ်ဘဲ
ပစ်ထားရရေ ဇာကြောင့်လည်းဝေ..။”
“ရခိုင်ရွာကို ရခိုင်မပျော်
ဝီးရာပြောင်းလို့ အခြင်းရွာကို
စွန့်လီကတ်တေ ဇာကြောင့်လည်းဝေ …။”
“ရခိုင်သားကို ရခိုင်သမကြောက်လို့
ယုံတမ်းစကား လီမှာအိမ်ဆောက်
အပြောများကို
ဝမ်းမှာကြိတ်ရယ် မယူဝံ့လို့
အမျိုးပျက်တေ ငါ့မောင်လှချေ…။”
“အဘာမောင်လှ အပျက်ပျက်က
နားခေါင်းသွီးထွက်
အမိုက်စုကေ ပြည်ပျက်တေလတ် …။”
“အမင်မောင်လှ သန္ဓေလှကို
သွန်သင်မရ ရွာကပစ်လို့
ပြည်ချစ်ဖြစ်စွာ အရေးမဟုတ်...။
“ရခိုင်ဆိုစွာ...
ပြည်ကအပျက် နန်းရာအပျက်
ဘုရားအပျက် ကျောင်းကန်အပျက်
အစိုင်းလာပျက်ကို မရှက်တတ်ဘဲ
ကြွားလုံးထုတ်တေ ငါ့မောင်လှမှာ
လူပျက်စရင်းပါ မတိုးစီကေ့ ဝေ…။”
...............
စောစစ်(ဒေ၀ီ)
၁၂.၇.၂၀၀၉
0 comments:
Post a Comment