ကိုယ့်ဘလော့ချေတိမှာ ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ထည့်လို့ ဂုဏ်ပြုကတ်မေ

ရခိုင်အဆိုတော် ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ကို ကိုယ့်ဘလော့မှာ ထည့်ချင်ကေ အေနိန်ရာ (Fileden)ကို Click နှိပ်လို့ ( Mediafire ) ကုတ်ကိုဒေါင်းယူပါ။ ပြီးကေ ယင်းကုတ်ကို ကော်ပီကူးလို့ Add a Gadget > Edit HTML မှာလားလို့ Paste လုပ်လိုက်ပါ။

Showing posts with label ခိုင်အောင်အောင်. Show all posts
Showing posts with label ခိုင်အောင်အောင်. Show all posts

Friday, September 18, 2009

ငါရို့တိ သရုပ်မှန်

ငါရို့ တိပြောနိန်စွာ
စကားလုံးတိမဟုတ်
နှစ်ပေါင်းရာနန့် ချီပနာ
ဖိနှိပ်ခံလာရလို့ 
ထွက်ပေါက်ရှာဖို့ 
ထွက်ကျလာရေ
ရင်တွင်းပေါက်ကွဲသံဇိုင်တိ…..၊


ငါရို့ တိ ရွီးနိန်စွာ
စာလုံးတိမဟုတ်
နှစ်ပေါင်းရာနန့် ချီပနာ
ဖျက်ဆီးခံလာရလို့ 
ပြန်ပနာရှင်သန်ဖို့ 
သွီးနန့် ခင်းထားရေ
လမ်းမတိ…..၊


ငါရို့ တိဆိုနိန်စွာ
တေးခြင်းတိမဟုတ်
နှစ်ပေါင်းရာနန့် ချီပနာ
မျိုသိပ်ထားလာရလို့ 
လွတ်လမ်းရှာဖို့ 
ပြန်အန်ကျရေ
ဘ၀အစိတ်အပိုင်းတိ….၊


ငါရို့ တိအသက်ရှင်နိန်စွာ
နီဝင်မိုးလင်း စားခြင်းအတွက်မဟုတ်
ကိုယ့်သမိုင်းအမွီကို ကိုယ်ရို့ ထမ်းပနာလားဖို့ 
ကိုယ့်ပစ္စက္ခကို ကိုယ်ရို့ ဂုဏ်သိက္ခာနန့် တည်ဆောက်ဖို့ 
ကိုယ့်အနာဂတ်ကို ကိုယ်ရို့ ပိုင်ဆိုင်ဖို့ 
ကိုယ့်မြီ ကိုယ့်ရီနန့်  ကိုယ့်ပြည်ရနံ့ ကို ရှုပနာ
ငါရို့ တိ ဇာလဲဆိုစွာကို အဓိပ္ပါယ်ဖွင့်ကြည့်ဖို့ …..၊

......................

ခိုင်အောင်အောင်
၁၂၊၀၉၊၂၀၀၉

Tuesday, July 21, 2009

“ခေတ်ချော်နိန်ရေ အိမ်မက်”

အားနည်းချက်တိနန့် 
သွီးအီးနိန်ရေ အမျိုးချစ်ခြင်း
အကြောက်တရားလမ်းမထက်မှာ
ပန်းဖူးမဟိလားနိန်ယင့်....။

ကြယ်တိကြွီကျနိန်ရေ အာဂါပြင်မှာ
ဝံလက်ရို့ တောင်ပံခတ်သံ
မကြားရစွာ ကြာနိန်ဗျာယ်...။

ဆင်ခြင်တုံတရား
ခြစားနိန်ရေ ရပ်ဝန်းမှာ
ပဋိပက္ခမုန်တိုင်းတိတိုက်နိန်စွာ
အဆန်းကမဟုတ်လိုက်ဗျာယ်...။

တန်းခါးတိအားလုံးဖွင့်ပီးထားခါမှ
ပွင့်လင်းခြင်းကို မကြိုက်တေလူ
ခေတ်ချော်နိန်လီရဖို့ စွာဗျာယ်ယေ...။

အ၀ီးကြီးကို လှမ်းကြည့်မမြင်ပဲနန့် 
အနာဂတ်တရားလာဟောပြနိန်ကေ
မြီစာပင်ဖြစ်လားရစွာက
အချိန်ဆိုရေ သိုးချေတစ်ကောင်ပ...။


စိမ်းလန်းရေ တောအုပ်ကြီးကို
ဖြတ်လားနိန်ရကေလေ့
ရင်ဖတ်ထဲမှာ ကန္တာရကြီးက
အပူမီးညွန့် တိတောက်ပလို့ ....။

အန်မတုဝံ့မှု
အာမခံဝံ့မှု
လွတ်လပ်ခြင်း၏အနှစ်ကိုမခံစားတတ်မှု
မျိုးရိုးဗီဇ၏ဂုဏ်သိက္ခာကို နားမလည်မှု
ဒေပိုင် တွင်းနက်ကြီးတိထဲမှာ
ဇာနှစ်ခါလူးကျသီနိန်ကတ်ရဖို့ လဲမသိလိုက်ဗျာယ်..။

...................

ခိုင်အောင်အောင်
၂၀၊၀၇၊၂၀၀၉

Friday, July 17, 2009

“လမ်းသစ်ထွင်ဖို့  ငါရို့ တိတာဝန်”

ဒုက္ခလမ်းထက်မှာ
အားနည်းချက်အဖြာဖြာနန့် 
ငါရို့ တိ လားနိန်ကတ်ရရေ…။

လီရိုင်းကကြမ်း
မုန်တိုင်းယမ်းလို့ 
ပန်းဖူးကပျောက်
တစ်ယောက်တစ်ပေါက်
ခရီးမရောက်စွာ ကြာနိန်ဗျာယ်…။

သမိုင်းအနာ
ရင်မှာမပျောက်
ဇာပင်ရောက်ရောက်
ရိုးတောင်အောက်က
လခြမ်းမြီ
ငါရို့ ချစ်တေ ရခိုင်ပြည်
ပြန်တည်ထွန်းပ
ရှင်သန်ရမေ…။

ရခိုင်အမှန်
နွံမှာမနစ်
အားစိုက်လုံ့ လ
ပြည်နိုးထဖို့ 
အသိကိုဆောင်
အမှောင်ကိုရှင်း
ပညာအလင်းနန့် 
ဘ၀တိရင်းပနာ
လမ်းသစ်ခင်းကတ်မေ...။

...................

ခိုင်အောင်အောင်
၁၇၊၀၇၊၂၀၀၉

Tuesday, July 7, 2009

“ရခိုင်ပြည်နိုးထချိန်”

ပုပ်သိုးခြောက်ကပ်
ပူပြင်းမွန်းကြပ်ရေ
ညဆိုးတိက
စိမ်းသစ်လတ်ဆတ်တေ
အိမ်မက်ကို
ဖန်တီးပီးတတ်တေ…။

ခံယူတတ်ကေ
အကျပ်အတည်းဆိုစွာ
အခွင့်အလမ်းတမျိုးရာ…။

ရာသီလီပြင်းထဲမှာ
လွတ်လပ်ခြင်းရနံ့ တိ
ကပ်ငြိပါလာတတ်စွာက
သဘာဝတရား၏ရိုးသားမှု….။

ခေတ်မျက်နှာစာကိုချယ်သ
သမိုင်းလိုအပ်ချက်ကိုဖြည့်ပီးဖို့ 
ဦးနှောဏ်တန်းခါးတိ
ဖွင့်ထားကတ်မေ…။

နှစ်နှစ်ရာကျော်က
လက်ကျန်အလှနန့် 
အိပ်မောကျနိန်ရေ
ရက္ခရို့ ပြည်
နှစ်ဆယ့်တစ်ရာစုမှာ
နိုးထချိန်တန်ဗျာယ်...။

.................

ခိုင်အောင်အောင်
၀၇၊၀၇၊၂၀၀၉




  © Blogger templates 'Sunshine' by Ourblogtemplates.com 2008

Back to TOP