ကိုယ့်ဘလော့ချေတိမှာ ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ထည့်လို့ ဂုဏ်ပြုကတ်မေ

ရခိုင်အဆိုတော် ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ကို ကိုယ့်ဘလော့မှာ ထည့်ချင်ကေ အေနိန်ရာ (Fileden)ကို Click နှိပ်လို့ ( Mediafire ) ကုတ်ကိုဒေါင်းယူပါ။ ပြီးကေ ယင်းကုတ်ကို ကော်ပီကူးလို့ Add a Gadget > Edit HTML မှာလားလို့ Paste လုပ်လိုက်ပါ။

Showing posts with label မိုးကိုလင်း. Show all posts
Showing posts with label မိုးကိုလင်း. Show all posts

Monday, August 10, 2009

ကလန်ဒါကျ

စောစောမိုးထ ဒဲ့တစ်ကွက်အတွက်
ကာလာဘောပန် ကလန်ဒါတစ်ခြုံ
ချိုင်းတစ်ပုံနှင့် လက်စုံမိတ်ထောက်
အတိတ်ကောက်၍ ထိပ်စီးနောက်ပိတ်
ဘရိတ်ကားဤမှာ အပိုင်ရှာထိုး
အဖြစ်ဆိုးစွာ ပေါ်လစီမူဝါဒ
ကလန်ဒါကျ အစိုးရ၏
မာယာပရိယာယ် ဆီးသားခြယ်ပြီး
စီးပွါးအရေး နိုင်ငံရေးနှင့်
လူမှုရေးပါ ၀ီးကင်းကွာအောင်
အံကိုက်ဆောင်ထား ရခိုင့်သားသမီး
မြီလီးဆန်ကုန် အချိန်ကုန်အလုပ်
မုတ်ဆိတ်ပျားစွဲ လူမွဲနတ်မြင်
ကျိုးမထင်ဆုံး တုံးလုံးဖွဲရာ
တောင်းဖွဲပြာနှင့် ဗမာလက်အောက်
ဒုံးဘောက်ဆောက်လို့ ကျွန်သဘောက်ပိုင်
သက်ဆုံးတိုင်ရန် စီမံခန့်ခွဲ
အုပ်ချုပ်ရေးကို သိနားလည်အောင်
အာဂုံဆောင်ထား ရခိုင်သားရို့ ။ … ။

............................

(မိုးကိုလင်း) ကဗျာကိုတင်ပီးလိုက်ပါရေ ။

ရခိုင် ဟုတ်ယင့်လား

ငါပြောစွာ အမှန် ၊ ငါကြံစွာ အဟုတ်
ငါလုပ်စွာ အကောင်း ၊ ငါပြောင်းစွာ အသစ်
ငါချစ်စွာ လူမျိုး ၊ ငါရိုးစွာ သစ္စာ
ငါရှာစွာ ပညာ ၊ ငါလာစွာ မင်းတွက်
ငါမက်စွာ ငွေကြီး ၊ ငါပီးစွာ ဓန
ငါရစွာ ဥစ္စာ ၊ ငါ့မာနစွာ ငါ့အသိ
ငါဟိ့စွာ ငါမျို ၊ ငါလိုစွာ ငါတောင်း
ငါ့ခေါင်း ငါပျင် ၊ ငါ့လင် ငါယူ
ငါ့အပူ ငါငြိမ်း ၊ ငါ့ယိမ်း ငါက
ငါ့အလှ ငါသ ၊ ငါ့ဘဝ ငါပြောင်း
ငါ့လောင်း ငါစီး ၊ ငါ့ချီး ငါမွှီး
ငါ့စီး ငါတား ၊ ငါ့သား ငါကယ်
ငါ့လယ် ငါထွန် ၊ ငါ့ဟန် ငါလိမ်
ငါ့အိမ် ငါဆောက် ၊ ငါလျှောက် ငါ့လမ်း
ငါ့စခန်း ငါချီ ၊ ငါ့လီ ငါထုတ်
ငါ့အလုပ် ငါရှာ ၊ ငါ့သိက္ခာ ငါဆယ်
ငါလူလည် ငါ့စကား ၊ ငါ့တရားနာယူ
ငါ့ပိုင်လူ ဇမ္ဗူမှာ မဟိ .. ။

ငါ့အသိ ငါ့ဗီဇနန့်
ငါ့လီ ငါမပိုင်
ငါ့မြီ ငါမဆိုင်
ငါ့ရီ ငါမချိုး
ငါ့အမျိုး ငါမကယ်နိုင်
ငါ့သီလ ငါမခိုင်လျှင်
ငါပင် “ရခိုင်” ဟုတ်ယင့်လား ။…။

.......................
(မိုးကိုလင်း) ကဗျာကို တင်ပီးလိုက်စွာပါ ။

Tuesday, June 30, 2009

သက္ကာယဒိဋ္ဌိများ နှင့် “ငါရခိုင်”

ငါပြောစွာ အမှန် ၊ ငါကြံစွာ အဟုတ်
ငါလုပ်စွာ အကောင်း ၊ ငါပြောင်းစွာ အသစ်
ငါချစ်စွာ လူမျိုး ၊ ငါရိုးစွာ သစ္စာ
ငါရှာစွာ ပညာ ၊ ငါလာစွာ မင်းတွက်
ငါမက်စွာ ငွေကြီး ၊ ငါပီးစွာ ဓန
ငါရစွာ ဥစ္စာ ၊ ငါ့မာနစွာ ငါ့အသိ
ငါဟိစွာ ငါမျို ၊ ငါလိုစွာ ငါတောင်း
ငါ့ခေါင်း ငါပျင် ၊ ငါ့လင် ငါယူ
ငါ့အပူ ငါငြိမ်း ၊ ငါ့ယိမ်း ငါက
ငါ့အလှ ငါသ ၊ ငါ့ဘဝ ငါပြောင်း
ငါ့လောင်း ငါစီး ၊ ငါ့ချီး ငါမွှီး
ငါ့စီး ငါတား ၊ ငါ့သား ငါကယ်
ငါ့လယ် ငါထွန် ၊ ငါ့ဟန် ငါလိမ်
ငါ့အိမ် ငါဆောက် ၊ ငါလျှောက် ငါ့လမ်း
ငါ့စခန်း ငါချီ ၊ ငါ့လီ ငါထုတ်
ငါ့အလုပ် ငါရှာ ၊ ငါ့သိက္ခာ ငါဆယ်
ငါလူလည် ငါ့စကား ၊ ငါ့တရားနာယူ
ငါ့ပိုင်လူ ဇမ္ဗူမှာ မဟိ .. ။

ငါ့အသိ ငါ့ဗီဇနန့်
ငါ့လီ ငါမပိုင်
ငါ့မြီ ငါမဆိုင်
ငါ့ရီ ငါမချိုး
ငါ့အမျိုး ငါမကယ်နိုင်
ငါ့သီလ ငါမခိုင်လျှင်
ငါပင် “ရခိုင်” ဟုတ်ယင့်လား... ။

..............
မိုးကိုလင်း

Monday, June 22, 2009

ဒေါ်လာ ? ပဟေဠိ

ရတနာ ဓါတ်ငွေ့သိုက်
ဒေါ်လာဖြစ် ကေလည်း
ငရို့ရခိုင်ပြည်မှာ
ဒင်္ဂါးတိ စုတ်ပဲရေ အဘုချေ ။

ပုဇွန် နှင့် ရီခူ
ဒေါ်လာယူ ကေလည်း
ငရို့ရခိုင်ပြည်မှာ
ဒင်္ဂါးတိ စုတ်ပဲရေ အဘုချေ ။

ကမ္ဘာလှည့် ခရီးလား
လာဖန်များ ကေလည်း
ငရို့ရခိုင်ပြည်မှာ
ဒင်္ဂါးတိ စုတ်ပဲရေ အဘုချေ ။

ဆန်စပါး သားငါး
သစ်သီးဝလံ
ပေါပြည့်လျံ ကေလည်း
ငရို့ရခိုင်ပြည်မှာ
ဒင်္ဂါးတိ စုတ်ပဲရေ အဘုချေ ။

ဘင်္ဂလာကိုလား
ပင်လယ်ဆား ထွက်ကေလည်း
ငရို့ရခိုင်ပြည်မှာ
ဒင်္ဂါးတိ စုတ်ပဲရေ အဘုချေ ။

များပြားဒေါ်လာ
ဒေဖေသာတိ
ကြက်ပျောက် ငှက်ပျောက်
ဇာကိုရောက်လေ
အဘာလည်း မသိဝေ အဘုချေ ။

အစိမ်း အပြာ ၀တ်ထား
သူတောင်းစားနှင့်
ကိုယ့်လူကို သွီးစုပ်
အမြတ်ထုတ်တေ စံရဖွေတိ
တနိန့်တခြား
ပိုလို့များလာရေ
သတိထားဝေ .. အဘုချေ ။
...................

မိုးကိုလင်း




  © Blogger templates 'Sunshine' by Ourblogtemplates.com 2008

Back to TOP