သရဖူ
ယုံကြည်မှု ထုတ်တန်းကိုကိုင်
ရုန်းနိုင်သမျှ ခွန်အားကိုညစ်
အမှန်တရား အောက်
အနိုင်နှင့် အယှုံးကို
အလောင်းအစားပြုလိုက်ယင့်…။
လက်တစ်လုံးခြား ပြုံးလို့
အားသာတုန်း ခဏ
လီဘ၀င်ကို ခိုတွဲ
ဘ၀ မိဗျာယ်လား….။
ယုံကြည်မှု ထုတ်တန်းကိုကိုင်
ရုန်းနိုင်သမျှ ခွန်အားကိုညစ်
အမှန်တရား အောက်
အနိုင်နှင့် အယှုံးကို
အလောင်းအစားပြုလိုက်ယင့်…။
လက်တစ်လုံးခြား ပြုံးလို့
အားသာတုန်း ခဏ
လီဘ၀င်ကို ခိုတွဲ
ဘ၀ မိဗျာယ်လား….။
Labels: စောစစ်
သတင်းတိမ်ဖျား ဘုံးဆင့်မြင့်အောက်
အမိစံရိပ် ဓညခေတ်နှင့်
ခေတ်လေးဆက်က ရွှေထီးဆောင်းချိန်
လူမဖြစ်တေ ငါ ရခိုင်သူ
အမိအပါး ကဗျာရတု
သာခြင်းတေးဖွဲ့ စာလောက်ဆောင်ကို
သီကုံးဖွဲ့လို ဆက်သရေသူ
ငါမဖြစ်ခ --။
တိမ်ညိုဖုံးလို့ လရောင်ကွယ်ပျောက်
ရာဟုမျိုကေ အမိငိုသံ
မြို့ရှိမြို့နောက် ရင်စည်တီးပျာယ်
လိုင်စင်းခံချိန် ဓါးရင်းကိုကိုင်
အမိရှိက ရပ်စောက်မတ်မတ်
ငါမဟိခ --။
Labels: စောစစ်
ငါကရခိုင် အစိုင်ကောင်းဟု
ငါကကြွီးကြော် လူဇော်ဟစ်လို့
ရင်ကိုကြွဗျလ် လူရှေ့ထွက်ပြ
ငါ့မောင်လှ…။
နင်ကရခိုင် အစိုင်ယုတ်လို့
ငါကစွတ်ယိုး လူမိုက်ဖော်ရေ
မာန်ဟန်ထည့်ဗျာယ် ဖော်ကောင်းလုပ်ပြ
ငါ့မောင်လှ…။
သူကိုလက်ညိုး တစ်ချောင်းထိုးကေ
အမိဝမ်းခေါင်း အရီဆာအောင်
လက်ညိုးလေးသောင်း ကိုယ့်ဘားပြန်ထိုး
မောင်လူမိုက်ကို ပါးဇီ (ပဇိ)ကိုက်ပြ
ငါ့မောင်လှမှာ အရိပ်မမြင်
အဆံမပါ ကျီးအာသီးကာ …။
Labels: စောစစ်
© Blogger templates 'Sunshine' by Ourblogtemplates.com 2008
Back to TOP