ကိုယ့်ဘလော့ချေတိမှာ ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ထည့်လို့ ဂုဏ်ပြုကတ်မေ

ရခိုင်အဆိုတော် ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ကို ကိုယ့်ဘလော့မှာ ထည့်ချင်ကေ အေနိန်ရာ (Fileden)ကို Click နှိပ်လို့ ( Mediafire ) ကုတ်ကိုဒေါင်းယူပါ။ ပြီးကေ ယင်းကုတ်ကို ကော်ပီကူးလို့ Add a Gadget > Edit HTML မှာလားလို့ Paste လုပ်လိုက်ပါ။

Showing posts with label ကျောက်ဖြူသားချေ. Show all posts
Showing posts with label ကျောက်ဖြူသားချေ. Show all posts

Friday, July 3, 2009

ရခိုင်ဆိုစွာ……..

ရခိုင်ဆိုစွာ..
တယောက်တည်းထိုင်
ငေးမှိုင်မှိုင်နန့်
ပျင်းရေဆိုပနာ
အဖော်ရှာရေ….။

ရခိုင်ဆိုစွာ..
တယောက်ကနှစ်ယောက်
စုပြီးအဖော်
ရပြီးသော်ကား
ပျော်ရေဆိုပနာ
ပုလင်းကိုင်လို့
ဇာတိနာကို
ထုတ်ပြဖို့ရန်
ပျင်ဆင်ပြန်ရေ…။

ရခိုင်ဆိုစွာ..
မူးလို့ယစ်လို့
ကိုယ့်ခြီထောက်ကို
ကိုယ့်မနိုင်ခါ
“ငါ့.ဟေ့…ရခိုင်”
ပုလင်းကိုင်းယင်း
အမျိုးကိုချစ်ကြောင်း
ဖင်ဟောင်းလောင်းနန့်
ခတောင်း(ဒယော)မပါ
ဗလချာနန့်
လူတိရှိမှာ
ရူးခြင်းပေါ်ရေ…။

ရခိုင်ဆိုစွာ..
ဝိုင်းကာသောက်ကာ
ဇာတိနာကို
ပုလင်းထောင်ယင်း
သောက်နိန်ယင်းမှာ
မဆုံးပါသိမ့်
ရခိုင်အချင်းချင်း
ဓားဆွဲဒုတ်ဆွဲ
ဝုန်းဒိုင်းကြဲပနာ
သတ်ကတ်ထိုးကတ်
ခွတ်ကတ်ပြန်ရေ…။

ရခိုင်ဆိုစွာ..
“အမျိုးသီလ
နှစ်ဌာနကို
စောင့်နိုင်ခ”လို့
ပိုင်ဆိုင်ခရ
ဒေနာမကို
ဆက်ပြီးကေရာ
မထိမ်းပါကေ
နောင်လာနောက်သား
ရခိုင်များအတွက်
မှတ်တမ်းတင်ခါ
ရခိုင်ဆိုစွာ…..
………………..
……………….။

--------------
ကျောက်ဖြူသားချေ
၃၀-၆-၂၀၀၉
၂၃:၄၂ pm

မုန်းဖို့ကောင်းလိုက်တေ

မတွိ့ချင်ယာဆိုခါမှ
သတိရနိန်ရေ
ငါ့စိတ်တိကို...။

လားဖို့ယာဆိုခါမှ
နှုတ်လို့မရရေ
ငါ့ခြီထောက်တိကို...။

နှုတ်ဆက်ပါရေဆိုခါမှ
ထောင်လို့မရရေ
ငါလက်ချေတိကို...။

ငိုဖို့ကျခါမှရာ
ထွက်မလာရေ
ငါ့မျက်ရည်တိကို...။

အလကားလားရေခါ
ဝါးလုံးကိုထိုးပစ်စော်ပိုင်
မြန်နိန်ရေ ငါ့ခြီထောက်
ပြီးဖို့ကျရေခါမှာ
မ,လို့တောင်မှမရယာစော်ကို...။

ထမင်း ဝ,နိန်ရေခါ
လူများအိမ်မှာစားလို့ရာ
ခြီခရေ လူတယောက်
စားစရာမဟိရေခါ
တောင်းစားရဖို့ကို
ရှက်တေအဖြစ်တိကို…။

မွီးဖွားလာရေခါ
ပြုံးစိစိနန့်
သီဖို့ကျရေခါမှရာ
မျက်ရည်ပါးရည်တိ
ကျရေအဖြစ်တိကို…။

ကိုယ့်လူမျိုးအတွက်
အကျိုးဆောင်ရေလူတိကို
လူ့ဘောင်အသိုင်းအဝိုင်းကဖယ်ထုတ်
အမျိုးယုတ်ကိုကျဂေ
သခင်ပိုင်ကိုးကွယ်ရေလူတိကို…။

“ကိုယ့်စကား”ကိုပြောဂေ
အောက်တေဆိုပနာ
“ပထွီးစကား”ကိုကျကေ
ကြွိနိန်အောင်ပြောနိန်ရေလူတိကို…။

အမျိုးသားရေကိုဗန်းပြပနာ
ကိုယ့်ဝမ်း ဝ,ရေးအတွက်ရာ
လုပ်နိန်ဂတ်တေလူတိကို…။

အမျိုးသားရေးအတွက်
ပထွီးအောက်မှာ
ဆိုင်းဘုတ်တင်ပနာ
လမ်းမှားစွာလုပ်နိန်ရေ
နိုင်ငံခြားလူ့အဖွဲ့တိကို...။

အမှန်တရားကိုထောက်ပြလို့
ငါ့ရို့အဖွဲ့ကိုထိရေဆိုပနာ
အမျိုးသားရေးအတွက်
လုပ်ဆောင်နိန်ရေလူတိကို
အဝီးသို့ဖယ်ထုတ်..
အမျိုးသားရေးအတွက်
စက်ဆုတ်စရာ
Sexy ရုပ်ပေါက်နိန်ရေ
ပ ပိန်မချေတိကို
ဘုရားတဆူပိုင်
ကိုးကွယ်နိန်ရေလူတိကို...။

ကိုယ့်ယဉ်ကျေးမှုကို
ကိုယ်စောင့်ရဖို့အစား
ကိုယ့်ဖေသာကို ကိုယ်ဖြုန်းလို့
ကိုယ့်ရတနာကိုတိကို
ပထွီးရတနာအဖြစ်
ပြောင်းလဲပစ်တေ
ရခိုင်အဖွဲ့အစည်းတိကို...။

ကိုယ့်အမျိုးအတွက်
လုပ်ဆောင်နိုင်ဖို့ကိုမပြောကေ့
ကိုယ့်ကိုယ်ကိုတောင်မှ
စားစရာမဟိရေ
ငါ့ဘဝချေကိုလည်း...။

..................
ကျောကဖြူသားချေ
၎-၇-၂၀၀၉

၆:၄၅ am

Wednesday, June 17, 2009

လွမ်းရပါရေ ကျောက်ဖြူမြီသို့



ကျောက်ဖြူမြီက၊ ထွက်လာခစွာ
လတိကြာညောင်း၊ နှစ်တိပြောင်းလည်း
ငါ့မွီးရပ်မြီ၊ ကျောက်ဖြူမြီကို
နိန့်စဉ်မအမျှ၊ တမ်းတရ…။

သာယာလှပ၊ သောင်ပြင်လှနန့်
ရီပတ်လည်ဝိုင်း၊ ကာရံဆိုင်းပနာ
စိမ်းလန်းစိုပြေ၊ ကျောက်ဖြူမြီကို
စိတ်မှာတမ်းတ၊ လွမ်းဆွေးရ…။

လှပသာယာ၊ ဆည်းဆာချိန်မှာ
“နဒီသောင်ယံ၊ ပန်းခြံ”ဘားက
အနောက်ဖက်ကို၊ လှမ်းကြည့်လီက
ပင်လယ်ပျော်ပါး၊ ရီလုပ်သားတိ
သေးငယ်လောင်ချေ၊ အသွယ်သွယ်မှာ
ရွက်တလူလူ၊ ရွှင့်စိုက်ထူပြီး
တေးခြင်းသီကျူး၊ တမြူးမြူးနန့်
အိမ်ပြန်လာရေ၊ မြင်ကွင်းချေလည်း
မျက်စိထဲမှာ၊ ပြန်မြင်လာရေ…။

ကျောင်းကြီးပိတ်ရက်၊ အားလပ်ရက်မှာ
ငယ်ကပေါင်းသင်း၊ ရောင်းရင်တိနန့်
“င/ပု”ဒကာ၊ “င/သထာ”ရို့
တည်ထားခပြီး၊ “ဘုရားညီနောင်”ဟု
လူသိထင်ရှား၊ လွန်ကျော်ကြားရေ
“အံ့ဖွယ်သာမော၊ ကံ့ကော်တော”ကို
ဘုရားဖူးဇောင်၊ လားခစော်လည်းး
ငါ့ရင်ထဲမှာ၊ တမ်းတဆဲ…။

ယင်းကအပြန်၊ စကေချေအလွန်မှာ
“မင်းဗာဘုရင်၊” ကြည်ညိုသဒ္ဓါ
ပွားများစွာနန့်၊ တည်ထားခရေ
“ကျောက်တလုံးဘုရား”၊ ရင်ပြင်နားမှာ
အဖော်တစု၊ ဘော်တာရို့နန့်
ပျော်ရွှင်မြူးစွာ၊ ကြည်နူးစွာနန့်
အုန်းသီးရည်သောက်ခ၊ မိန့်မရ…။

ယင်းကတခါ၊ ပြန်လို့လာကေ
“ဘစောဘုရား”၊ ခေါ်ထငြားရေ
“စေတီယျတောင်ထိပ်”၊ ဗောဓိပင်ရိပ်မှာ
စုယင်းဝေးယင်း၊ ပျော်ရွှင်ယင်းနန့်
ဓာတ်ပုံရိုက်ခစော်၊ ပြန်အတွက်ပေါ်…။

အော်…အဂုချိန်မှာဂါး
ငယ်စဉ်ကာလ၊ ထိုကာလက
ကျောင်းနိန့်ဖက်တိ၊ ဘော်ဒါတိနန့်
တယောက်တပြည်၊ တမြီစီမှာ
ဝမ်းစာအတွက်၊ ရှာဖွီးထွက်ပနာ
တယောက်နန့်တယောက်၊ အချေကပိုင်
တွိ့ချင်ကေလည်း၊ မတွိ့နိုင်ပဲ
သောကရင်မှာ၊ ဝေဒနာကို
မျိုကာသိပ်ယင်း၊ လွမ်းခြင်းဆိုပနာ
မာတာပိတာ၊ ဆွီသဟာပါ
မွီးရပ်ရွာနန့်၊ ငယ်ကပေါင်းသင်း
ရောင်းရင်းတတိပါ၊ အတွက်ပေါ်လာကေ
ငါ၏ရင်မှာ၊ ဝမ်းနည်းစွာနန့်
လွမ်းမျက်ရည်တိ၊ ကျမိရေ…။

…………
ကျော်ဖြူသားချေ
၁၈-၆-၂၀၀၉

၁၀:၁၆ am




  © Blogger templates 'Sunshine' by Ourblogtemplates.com 2008

Back to TOP