ကိုယ့်ဘလော့ချေတိမှာ ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ထည့်လို့ ဂုဏ်ပြုကတ်မေ

ရခိုင်အဆိုတော် ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ကို ကိုယ့်ဘလော့မှာ ထည့်ချင်ကေ အေနိန်ရာ (Fileden)ကို Click နှိပ်လို့ ( Mediafire ) ကုတ်ကိုဒေါင်းယူပါ။ ပြီးကေ ယင်းကုတ်ကို ကော်ပီကူးလို့ Add a Gadget > Edit HTML မှာလားလို့ Paste လုပ်လိုက်ပါ။

Showing posts with label ပိုင်သျှေ. Show all posts
Showing posts with label ပိုင်သျှေ. Show all posts

Wednesday, November 4, 2009

ဖြစ်တည်မှု


တဖက်တချက်မာ မင်းနန့်ငါ
နားလည်မှုနန့် ဖြတ်သန်းနီကတ်ရခါ
သံသယဆိုစော်ကို စားလုံးမပေါင်းမိအောင်
သျှောင်ပနာ လျှောက်လှမ်းနီကတ်ယင်း
မကြာမကြာ ဝင်လာစော်အတွီးတခု
သွီးအီးယင်း အရှိန်ပျက်မလားဖို့
အားတင်းယင်းနန့် ဖြေသိမ့်ရရေ...။

ပူတုန်းသောက်မှ အာဟာရဖြစ်တေ
ဆန်ပြုတ်ချေ တခွက်ပိုင်တော့မဖြစ်ချင်
သုံးတန်ရာသီနန့် အစဉ်အမြဲလန်းမြန်းစီဖို့
မတောင့်တလည်း တောက်ပရေနီတစင်းအဖြစ်
ရှိဖြစ်ပျက်သမျှ ဒေ့ရင်ဆိုင်ယင်းရှိနီမေ
ကြွီကွဲခြင်းဆိုရေခေါင်းစိုင် အောက်မာတော့
ငါမင်းသားတပါးဖြစ် နာမည်မကြီးချင်
ညီမျှခြင်းက ငရို့ကြားမာဖြစ်နီသင့်ရေလေ...။

နိတိဆက်ယင်း ရက်တိပြောင်း
မဟောင်းမနွမ်း သသပ်ယယပ်နန့်
လည်ပတ်နီရေ ငါ့သွီးနှလုံးအိမ်ချေက
လွမ်းစေညွှန်ရာသို့ ဦးတည်စီးဆင်း
သတ်မှတ်ချက် အနီနန့်က တက်မက်မှုရာ...။

ယုံကြည်ပသ ကိုးကွယ်မှုဆိုစော်က
စိတ်၏သန့်စင် ဖြောင့်ဖြူးရာလေ
သက်ဝင်မြတ်နိုး တွယ်တာယင်းနန့်
မင်းရင်ရိပ်တွင်း ခိုလှုံအရောက်လှမ်းဖို့
မျှော်လင့်တမ်းတယင်း .....။

ရိုးရှင်းစွာ ဝန်ခံဘာရေ အရိပ်ချေ
မင်းဆိုရေ တယောက်သောသူကြောင့်
တက်ကြွစေ့ဆော်မှု တွန်းအားနန့်
င့ါမြစ်တစင်း အသက်ဝင်လှုပ်ရှားဗျာလ်
ထောင်ချီရေခရီး မရပ်မနားစီးဆင်းယင်း
မင်းကြောင့်ငါ ဖြစ်တည်ခရဗျာလ်ယေ....။
........................
ကျေးဇူးဘာ။

ပိုင်သျှေ

လွင့်မျောခြင်း တဖက်မာ


ရပ်တန့်လားရအောင်ထိ သွီးပျက်
ကြုံရပြန်လေ့ မျက်လွှာချဖို့ခက်တေလေ
မရင့်ကျက်သိရေ ဟန်ဆောင်မှုတိကြောင့်
အပြုံးမပြနိုင်စော် နားလည်ပီးဘာ...။

သင်ရိုးတန်းမရှိရေ ဘာသာရပ်ဖြစ်လို့
ပုံတူလိုက်ချဖို့လေ့ မဖြစ်နိုင်မှန်းသိယင့်
အားထုတ်စိုက်မတ်ယင်း မက်မောမိဗျာလ်
တက်မက်မှုနှိုးဆော်လို့ ထောက်ချက်တွင်းထဲ
ဝင်္ကဘာအမှတ်နန့် မွေ့ပျော်လည်နီတုန်းဘာ...။

ပုံသဏ္ဍာန်မရှိရေ ညဉ့်သန်းခေါင်ယံထဲမာ
အရောင်အဆင်းမဲ့ တိမ်တစင်းကတော့
ခေါင်းရင်ကော့မော့လို့ ဝင့်ကြွားနလီယင့်...။

ယကေလေ့ ...
အဆူးအခက်မရှိရေ နှင်းဆီချေတပွင့်
ဇာလောက်ထိများ မာန်ဝင့်နိုင်ခီဖို့လဲ
စက္ကုနန့်သွန်းဆစ် မီးတောက်ထဲတိုးဝင်ယင်း
ပြာအသွင်အဖြစ် လီမာလွှင့်လီရယာယေ...။

ဆောင်းတွင်းအိမ်မက်ပိုင် ခံစားမှုတိနဲ့
ဝေဒနာဆိုးတိကို တပွေ့တပိုက်ယူဆောင်လာ
တိုးဝှေ့လီညှင်းချေကိုလေ့ အပြစ်မတင်ရက်ပါ
ရင်ထဲကထွက်လာရေ သံဇိုင်တိလမ်းပြမှုနန့်
ရှိဆက်ပြီးကေခရီးနှင်ယင်း အားအင်တိကကုန်ခမ်း
ခရီးပန်းလို့ဒေရင်မာ ချွေးသိပ်ဖြေစရာမရှိဘာ...။

အလှတရားအပြည့်နန့် သဘာဝလောက
အပြစ်ဖို့လောက်အောင် နာကျည်းလေ့
ညီမျှမှုမရှိရေ အရောင်အစပ်အဟပ်ကြောင့်
ရွာခါနီးမှပြယ်ပျက်ရရေ မိုးသားတိမ်ရိပ်တိပိုင်
ငါ့ရင်မာ့ဆိုနင့်လို့ မင်းမရှိရေတနီရာမာရာ
အာကာပြိုလောက်အောင်ထိ ရွာချပလိုက်လီဖို့ဗျာလ်...။
.............................
အားလုံးကျေးဇူးတင်ဘာရေ။

ပိုင်သျှေ




  © Blogger templates 'Sunshine' by Ourblogtemplates.com 2008

Back to TOP