ကိုယ့်ဘလော့ချေတိမှာ ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ထည့်လို့ ဂုဏ်ပြုကတ်မေ

ရခိုင်အဆိုတော် ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ကို ကိုယ့်ဘလော့မှာ ထည့်ချင်ကေ အေနိန်ရာ (Fileden)ကို Click နှိပ်လို့ ( Mediafire ) ကုတ်ကိုဒေါင်းယူပါ။ ပြီးကေ ယင်းကုတ်ကို ကော်ပီကူးလို့ Add a Gadget > Edit HTML မှာလားလို့ Paste လုပ်လိုက်ပါ။

Monday, June 22, 2009

ဒေါ်လာ ? ပဟေဠိ

ရတနာ ဓါတ်ငွေ့သိုက်
ဒေါ်လာဖြစ် ကေလည်း
ငရို့ရခိုင်ပြည်မှာ
ဒင်္ဂါးတိ စုတ်ပဲရေ အဘုချေ ။

ပုဇွန် နှင့် ရီခူ
ဒေါ်လာယူ ကေလည်း
ငရို့ရခိုင်ပြည်မှာ
ဒင်္ဂါးတိ စုတ်ပဲရေ အဘုချေ ။

ကမ္ဘာလှည့် ခရီးလား
လာဖန်များ ကေလည်း
ငရို့ရခိုင်ပြည်မှာ
ဒင်္ဂါးတိ စုတ်ပဲရေ အဘုချေ ။

ဆန်စပါး သားငါး
သစ်သီးဝလံ
ပေါပြည့်လျံ ကေလည်း
ငရို့ရခိုင်ပြည်မှာ
ဒင်္ဂါးတိ စုတ်ပဲရေ အဘုချေ ။

ဘင်္ဂလာကိုလား
ပင်လယ်ဆား ထွက်ကေလည်း
ငရို့ရခိုင်ပြည်မှာ
ဒင်္ဂါးတိ စုတ်ပဲရေ အဘုချေ ။

များပြားဒေါ်လာ
ဒေဖေသာတိ
ကြက်ပျောက် ငှက်ပျောက်
ဇာကိုရောက်လေ
အဘာလည်း မသိဝေ အဘုချေ ။

အစိမ်း အပြာ ၀တ်ထား
သူတောင်းစားနှင့်
ကိုယ့်လူကို သွီးစုပ်
အမြတ်ထုတ်တေ စံရဖွေတိ
တနိန့်တခြား
ပိုလို့များလာရေ
သတိထားဝေ .. အဘုချေ ။
...................

မိုးကိုလင်း

Sunday, June 21, 2009

ရင်ထဲကအလွမ်း



ရင်ထဲမှာ..
ဖြစ်တည်နီရေအလွမ်း
ရပ်တန့်နီရေနှလုံးသား
ရှင်သန်နီရေအချစ်…။

အားလုံးကို
ရင်ဘတ်ဒေါင့်တစ်နိန်ရာမှာ
အသည်းတံခါးချေပိတ်လို့
သိမ်းဆည်းထားလိုက်ယာ...။

ချစ်တတ်ခပြီးမှ.
အမုန်းတိနန့်
ပြတ်တောက်ပိုက်ရဖို့ယာလား....။

မလှည့်စားပါဂေ့..
လှိုင်းတိကရာလိုင်းတိကို
ကမ်းစပ်ရောက်အောင်
ပို့နိုင်ရေပိုင်…။

ငါရို့နှစ်ယောက်အချစ်တိက
ငါရို့နှစ်ယောက်ကို
ပျော်ရွှင်ရေဘဝတစ်ခုဆီ
ရောက်အောင်ပို့နိုင်ဖို့လို့
ငါယုံကြည်ခရေ...။


ငါရို့နှစ်ယောက်
တစ်ယောက်ကိုတစ်ယောက်
အပြန်အလှန်ချစ်ခစော်လား…။
.
“နိုး....”
တစ်ယောက်က
တစ်ယောက်ကိုချစ်ခစော်ရာ…။

ယေဂေလည်းဆိုရေ
နောက်ကွယ်မှာ ..
အ၀ီးဆုံးကို
ငါတစ်ယောက်တည်း
ပျံသန်းဖို့ကြိုးစားနီယင်း..
သတိရခြင်းပေါင်းများစွာနန့်…။
…………..
ကေအိုတီ (ကျောက်ဖြူသူ)
June16,2009
7:51 PM

ဒေချင့် လား ရခိုင်သား

ကြက်ကို ခဲဝါလာဆွဲခါ
တိန်းနိန်ပြီးကေ
အိမ်သျှင်ဝင်လာရေခါ
တဂေါင်းဂေါင်းနန့်ထဟောင်ရေ
ဒေခွီး ...
ဇာပိုင် ခွီးလေ့ ......။

ကိုယ်စကား၊ကိုယ့်စာကို
ရွီးဖို.၊ပြောဖို. စွာကို
ရှက်တေ၊ ကြောက်တေ
လူများ စာ၊လူများစကားကို ကျကေ
ကြွိ နိန်အောင် ပြောနိုင် ရွီးနိုင်ရေ
လူတိ....
ဘဇောင်လူတိ ရောင်....။

သူခိုးတိ ယာကိုဖျက်ပခစွာကို
မမြင်ဟန်ဆောင်
မျောက်နှင်ခါမှ
ထအော်ရေ
ယာသျှင်...
ဘဇောင် ယာရှင်လေ.....။

ကိုယ့်အိမ်မှာချက်တေ
ဟင်းကို မကောင်း
လူအိမ်က ဟင်းကိုရာ
စားလို.ခြီရေ လတ်
ဘဇောင် လူအိမ် ကောင်းတိလဲ....။

ကိုယ်လူမျိုး ဝေဖန်ကေ
ရိုင်းရေလတ်
အောက်သား ကော်နှက်ခါ
ပြုံးစိ၊ ပြုံးစိ နန်.
ပန်းကျ ကျလို.
ဒေချင့်လား တိုးတက်ရေ
လူအဖွဲ.အစည်း .....။

ထမင်းငတ်နိန်ခါ
ရခိုင်အမျိုးသား
ကောင်းစားရေ
လွတ်လပ်ရေး
ညီညွတ်ရေး
နိုင်ငံခြားရောက်လို.
အဆင်ပြေ
ဇိမ်တွိလားခါ
အဖ ပြည် လှည့်တောင်
မကြည့်ကတ်ယာ
ဒေချင့်လား ...
အာရီယန် .....။

...............
ဖင်ကြွတ်စူး(ရမ်းဗြဲကျွန်း)

ထော... ကြည့်လိုက်



ရန်ကုန်ရောက်
ရခိုင်သမချေ
တစ်ယောက်
မြန်မာချေတစ်ယောက်နန်.
ကြားတိုင်းရောက်.....။

ထော....ကြည့်
စင်ကာပူရောက်
ရခိုင်သမချေ တစ်ယောက်
မြန်မာချေတိနန်.
ဆီးဆောက်ကရောက်......။

ထော.....ကြည့်
နယူးယောခ် ရောက်
ရခိုင်သမတစ်ယောက်
ဘောက်သာ ဆိုးနန်.
လှော်လီ စည်းဖောက်.....။

ထော...ကြည့်လိုက်
ပြည်ပရောက်
ရခိုင်ခေါင်းဆောင်တစ်ယောက်
မြန်မာတိနန်.
ရွှေလမ်း၊ငွေလမ်း ဖောက်....။

ထော.....ကြည့်လိုက်
ရခိုင်အမျိုးသားရီးလုပ်တေ
ရခိုင်သားတစ်ယောက်
မြန်မာမနန်.
ဟိဟိ...ဟားဟား ...ဟောက် ....။

...................
ဖင်ကြွတ်စူး(ရမ်းဗြဲကျွန်း)

Saturday, June 20, 2009

လခြမ်းချေ


အချေခါ..
"လခြမ်းချေ" ကို
ရာဟုဖမ်းကေ
ဘာဘာ ကို ဖက်လို.
ငါ..
ငိုဖူးရေ ....။

လူပ်စိ၊လူပ်စိ နန်.
ရုန်းထွက်နိန်ရေ
"လခြမ်းချေ" ကို
ကြည့်လို. ..
ငါ...
ဝမ်းနည်ဖူးရေ ...။

ဇွဲသတ္တိ အပြည့်နန်.
ရာဟုလက်က လွတ်အောင်
ရုန်းထွက်တေ
"လခြမ်းချေ" က
ငါ့ ကို ...
သတ္တိမွီးဖွားစီဖူးရေ....။

အာကာကို
မျော်ကြည့်ယင်း
ငါမျက်စိ အောက်က
ပျောက်လားခရေ
"လခြမ်းချေ" ကို
ငါ့ ကို ပြန်ပီးဖို.
ဘာဘာ ကို
ငါ...
ပူဆာဖူးရေ ......။


ရာဟုလက်က
လွတ်ကျပါလတ်တေ
"လခြမ်းချေ" သတ္တိကို
အားပီးလျက်
"လခြမ်းချေ" နန်.အတူ
ငါ....
ပြိုင်တူ ရယ်ဖူးရေ ....။

အိမ်ပြန်ရောက်လို.
အိပ်ရာဝင်ချိန်
အိမ်မက်ထဲမှာ
"လခြမ်းချေ" နန်.
ငါ..
စကားပြောဖူရေ.....။

အိမ်မက်ထဲက
"လခြမ်းချေ" က
ဇွဲမလျော့ဖို.
သတ္တိဟိဖို.
စိတ်ဓာတ်မကျဖို.
အရှုံးလုံးဝ မပီးဖို
ငါ့ကို...
အားပီးဖူးရေ ......။

.............
အေးမောင်(ရင်အုံတော်ဓာတ်)
၂၁၊၀၆၊၀၉(၀၀:၁၆)

Friday, June 19, 2009

အရိပ်စီး အိမ်မက်


စိတ်ထဲမှာတက်သီးခေါက်လို့
အရိပ်စီးအိပ်မက်ကိုဖျောက်ဖို့
ငါစိုင်းစားနိန်ရေ…။

“အပင်တစ်ပင်”
မိုးကြီး လီကြီးထလို့
အသီးရွက်တိကိုခြွီချ
တဖြုတ်ဖြုတ်ကြွီကျ
မြီခလားရရေ အကိုင်းအခက်
ဖူးပွင့်သီးရွက် ရင့်ကျက်ခွင့်မရ
ဒါဏ်ရာဂျဗေါင်းထလို့
ဂေါင်းထောင်မပြအောင်
ရက်ပြတ်ရက်ပြတ် ဓါးကြီးနန့်လာခွတ်
စုတ်ပြတ်သတ် အမြစ်ဖြတ်ပနာ
ဘဗောင်းဆာလို့ လှဲပလိုက်ယာ…။

“ဗလိတရွီ”
လှိုင်းကြီးလီကြီးကျ တစ်ရက်နိန့်
ပျော်ကြီးကျဗလိတရွီ ဇာလားရဖို့မသိ
ကမ်းမမြင်စမ်းမမြင်
လမ်းပင်လယ်ပြင်မှာ ဖေါင်စီးလို့
တရွီ တဖင် တစင်းတင်…။

“ရောင်ရင်”
ရောင်ရင်သုံးကောင် လက်မထောင်
ဘောင်ဘင်ခတ် ယောက်ယက်သတ်လို့
ဖဗြုတ်ကျိတ်နောက်ကုန်းမှာ
ငရုပ်ကြိတ်ကျောက်တုံးနန့်
အဆုံးသတ်လားခရေ…။

“လူစိမ်းတိ”
ပိုင်သျှင်င်ဟိ အစောင့်မဟိ
ခြံဝင်းတခုမှာ လူစိမ်းတစု
ရွှေ၊ ငွေ၊ ဖေသာ ရတနာတိကို
သဘောမတူ မကြည်ဖြူလည်း
“လောဘ၊ဒေါသ၊မောဟ”ဆိုရေ
တိုက်တာ သုံလုံးမှာ
သိမ်းကျုံးထည့်ယူ ပြောဖို့လူမဟိ
တစ်ယောက်စ နှစ်ယောက်စရာ
ကူလီခ နှစ်ပြားတစ်ပဲရလို့
လူတိကိုဆဲ နိန်ရေထော…။


“မျောက်ချေတကောင်”
ကံကြမ္မာရိုင်း မုန်တိုင်းကြားမှာ
ကျားအာခေါင်ထဲက မျောက်နှောင်ချေတစ်ကောင်
ပြူးကြောင်ကြောင်နန့် ရာဟုလီဆောင်လို့
အပင်အကိုင်း ပျိုင်းကျလာဂေ ခုန်ထွက်ဖို့
သမ္ဗုဒ္ဓေဂါရွှတ် မန်းမှုတ်လွှတ်ပီး
သရဏဂုံကိုမဆောင်
ဂယောင်တွေးနိန်ရေလတ်…။

“တချို့တလီ”
ဝိဇ္ဖာဇော်ဂျီ တပသီပိုင်
အတိတ်နိမိတ် တဘောင် အာဂုံဆောင်လို့
ကိုးဆယ့်ကိုးလတ္တံ့ နိန့်တိုင်းဖြန့်လို့
အင်းအိုင်လက်ဖွဲ လိုင်မှာဆွဲလို့
ဓါတ်ရိုက်ဓါတ်ဆင် အိမ်မှာပျင်လို့
အမျိုးသားနိုးကြား ကြိုးစားဂတ်ဖို့
မောင်းခတ်ယင်းနန့်
အချင်းချင်း
သတ်ဖို့ပျင်နိန်ဂတ်တေထော….။

“အိမ်မက်”
သရဲသဖက် အိမ်မက်တဆီ
ဝင်စီးနိန်မှန်း ငါ့စိတ်က တန်းသိရေ
အိမ်မက်ဆိုစွာလည်း ငါသိရေ
ခန္ဓာဟိမှန်းလည်းငါသိရေ
သိကေလေ့..
ရုန်းထလှုပ်ကြွလို့မရ
အချုပ်ခံထားရရေပိုင် နာကြင်နိန်ရေ
ဘေးနားကလူ ဖေးမကူလာနှိုး
လန့်ပြီးနိုးရေခါ
ချွဲသီးချွဲပေါက်တိ သဗြုသီးလောက်နန့်…။

“အဘာကပြောရေ”..
အိမ်မက်ဆိုးကြီး အရိပ်စီးကို
ဒုတ်ပြီး ဓါးပြီးရင်ဆိုင်သွီးဖို့
အားဆီးတစ်လုံး နိစိုင်သုံးလတ်…။

အဂု..အဘာမဟိရေခါ
ဇာအားဆီးကိုသောက် တက်သီးခေါက်လို့
အရိပ်စီးအိပ်မက်ကို ဖျောက်ဖို့လဲ
ငါဂေါင်းနောက်နိန်ရရေ..
ငါဂေါင်းခြောက်နိန်ရရေ..
ငါလမ်းလျှောက်နိန်ရရေ...။

...........
မောင်လှကျော်

အမတ်မျှော်


ကျိန်စာသင့် နန်းရိပ်ခို
“ ရက္ခ ”ဆိုစွာ မသိ
အမိလီကိုသျှိုက် အဖမြီကိုတရစ်
အမျိုးမစစ်တေလူက
ကုလားမင်းသမီးလက်ဆောင်ကို
လက်ခံဖူးခရေ ဝဋ်ကြွီးအလား ..။

ကြိုးစားလူတိကိုအားမနာ
သွီး မြီမှာမကျဖူးလို့
နှမကိုဗိုလ်ကြီး စစ်ခွီးနှင့်ပီးဗျယ်
ပထွီးကိုမျှော် ယောက်ဖတော်အားကိုး
စာတစ်အုပ်ကိုင် စကားနိုင်သူလု
ပြိုင်စံမမီ ရခိုင်ဒီမိုကရေစီသို့
၂၀၁၀ မှာ ပြောင်း
တနီရာ ငါအမတ်လောင်းအတွက် ..။

ထောင်ကိုမြင် ရာကိုစွန့်လို့
လူမှုသဟာယကို ဖက်တွယ်
လျှာနှစ်ခွ မွီဟောက်သငယ်
လူတွင်ကျယ်အလား မဲတပြားရည်စူး
ထိုလူကိုဝေဖန် ဒေလူကိုသမုဒ်
အမြတ်ထုတ်ဖို့ ပျင်နီံ
ဥာဏ်နီဥာဏ်နက်နန့်
……..ထွီ……မင်းအကြံ …….
ပက်ပက်စက်စက်
စဂိုးလောက်မှ ဇောက်မနက် ဝေး ။

.........
မောင်လှကျော်

လူ


နွားကို
သနားစွာလည်းလူ
စားစွာလည်းလူ --။

လူ
သူများကို တရားပြပျာယ်
ကိုယ်တိုင်ကျ
ဘုရားတသူ --။

လူ
အညမညတရားကို လက်ကိုင်ထားပျာယ်
ပဋိပက္ခနှင့် မိတ်ဖွဲ့သူ --။

လူ
တရားသူကြီးလုပ်ပျာယ်
လာဘ်စားသူ --။

လူ
ဘုရားတကာရာထူးနှင့်
မယားတဏှာရူးသူ --။

လူ
အေဆူ
အမှန်လူရာမလား --။

...........
(သာလှဦး)

Wednesday, June 17, 2009

ကဗျာနက္ခတ်နှင့် စကားလုံးကြွီသောအာကာ

စကားလုံးတိခမ်းနားရေ
ယဉ်ကျေးမှုအဆင့်အတန်းဆိုစွာ
ဂုဏ်အရှိန်အဝါရို့ရွာသွန်းခိုက်မှာ
ပွင့်လန်းကတ်တေ ရာသီလိုက်ပန်း
နွီပန်းလား..မိုးပန်းလား…ဆောင်းပန်းလား….။

“ငါ”လို့ လက်မ,ထောင်လိုက်စွာ
လက်မ,က အတိတ်ဖက်ကိုရာ ထိုးလို့..
“ငါ” ဆိုစွာ “ငါ” မဟုတ်ဗျယ်လာ.....။

¸.•♥´¨`♥•.¸ •.¸¸.•. •.¸

ကဗျာ..
ကြယ်စင်တိကို အမွှမ်းတင်ထားရေ
ရှင်သန်ထမြောက်ခြင်း...။

အချိန်အခါ…
တံခါးလာခေါက်တေ ကဗျာလက်အတွက်
ကြယ်အကြွီတစ်ပွင့်ကို ကမ်းလှမ်းရေ
နမ်းခွင့်လက်ဆောင်ယူပါလတ်...။

¸.•♥´¨`♥•.¸ •.¸¸.•. •.¸

မြတ်နိုးခြင်း…
နိမ့်ကျလာရေ မိုးကုတ်စက်ဝိုင်းကိုထက်သို့
စကားလုံးတိကိုပြန်ပနာ
တယုတယ.ပစ်တင်လို့….။

ငါ့ဘေးမှာ
ထိုင်ကြည့်နိန်စွာ
ငါ့ မျှော်လင့်ချက် ….။

¸.•♥´¨`♥•.¸ •.¸¸.•. •.¸¸

ခိုးကြောင်ခိုးဝှက်နန့် သက်ပြင်းရှည်တစ်ခု
လင်းအာရုဏ်လာ ညဇာဖက်လား
ကွဲကွဲပြားပြား မမှတ်မိ
ရောင်ခြည် ဖျော့ဖျော့တိ ကြားထဲ
တိုးဝင် ပုန်းအောင်း လားလီရေ…..။

¸.•♥´¨`♥•.¸ •.¸¸.•. •.¸¸

(နတ်မောင်)

လွမ်းရပါရေ ကျောက်ဖြူမြီသို့



ကျောက်ဖြူမြီက၊ ထွက်လာခစွာ
လတိကြာညောင်း၊ နှစ်တိပြောင်းလည်း
ငါ့မွီးရပ်မြီ၊ ကျောက်ဖြူမြီကို
နိန့်စဉ်မအမျှ၊ တမ်းတရ…။

သာယာလှပ၊ သောင်ပြင်လှနန့်
ရီပတ်လည်ဝိုင်း၊ ကာရံဆိုင်းပနာ
စိမ်းလန်းစိုပြေ၊ ကျောက်ဖြူမြီကို
စိတ်မှာတမ်းတ၊ လွမ်းဆွေးရ…။

လှပသာယာ၊ ဆည်းဆာချိန်မှာ
“နဒီသောင်ယံ၊ ပန်းခြံ”ဘားက
အနောက်ဖက်ကို၊ လှမ်းကြည့်လီက
ပင်လယ်ပျော်ပါး၊ ရီလုပ်သားတိ
သေးငယ်လောင်ချေ၊ အသွယ်သွယ်မှာ
ရွက်တလူလူ၊ ရွှင့်စိုက်ထူပြီး
တေးခြင်းသီကျူး၊ တမြူးမြူးနန့်
အိမ်ပြန်လာရေ၊ မြင်ကွင်းချေလည်း
မျက်စိထဲမှာ၊ ပြန်မြင်လာရေ…။

ကျောင်းကြီးပိတ်ရက်၊ အားလပ်ရက်မှာ
ငယ်ကပေါင်းသင်း၊ ရောင်းရင်တိနန့်
“င/ပု”ဒကာ၊ “င/သထာ”ရို့
တည်ထားခပြီး၊ “ဘုရားညီနောင်”ဟု
လူသိထင်ရှား၊ လွန်ကျော်ကြားရေ
“အံ့ဖွယ်သာမော၊ ကံ့ကော်တော”ကို
ဘုရားဖူးဇောင်၊ လားခစော်လည်းး
ငါ့ရင်ထဲမှာ၊ တမ်းတဆဲ…။

ယင်းကအပြန်၊ စကေချေအလွန်မှာ
“မင်းဗာဘုရင်၊” ကြည်ညိုသဒ္ဓါ
ပွားများစွာနန့်၊ တည်ထားခရေ
“ကျောက်တလုံးဘုရား”၊ ရင်ပြင်နားမှာ
အဖော်တစု၊ ဘော်တာရို့နန့်
ပျော်ရွှင်မြူးစွာ၊ ကြည်နူးစွာနန့်
အုန်းသီးရည်သောက်ခ၊ မိန့်မရ…။

ယင်းကတခါ၊ ပြန်လို့လာကေ
“ဘစောဘုရား”၊ ခေါ်ထငြားရေ
“စေတီယျတောင်ထိပ်”၊ ဗောဓိပင်ရိပ်မှာ
စုယင်းဝေးယင်း၊ ပျော်ရွှင်ယင်းနန့်
ဓာတ်ပုံရိုက်ခစော်၊ ပြန်အတွက်ပေါ်…။

အော်…အဂုချိန်မှာဂါး
ငယ်စဉ်ကာလ၊ ထိုကာလက
ကျောင်းနိန့်ဖက်တိ၊ ဘော်ဒါတိနန့်
တယောက်တပြည်၊ တမြီစီမှာ
ဝမ်းစာအတွက်၊ ရှာဖွီးထွက်ပနာ
တယောက်နန့်တယောက်၊ အချေကပိုင်
တွိ့ချင်ကေလည်း၊ မတွိ့နိုင်ပဲ
သောကရင်မှာ၊ ဝေဒနာကို
မျိုကာသိပ်ယင်း၊ လွမ်းခြင်းဆိုပနာ
မာတာပိတာ၊ ဆွီသဟာပါ
မွီးရပ်ရွာနန့်၊ ငယ်ကပေါင်းသင်း
ရောင်းရင်းတတိပါ၊ အတွက်ပေါ်လာကေ
ငါ၏ရင်မှာ၊ ဝမ်းနည်းစွာနန့်
လွမ်းမျက်ရည်တိ၊ ကျမိရေ…။

…………
ကျော်ဖြူသားချေ
၁၈-၆-၂၀၀၉

၁၀:၁၆ am




  © Blogger templates 'Sunshine' by Ourblogtemplates.com 2008

Back to TOP