ကိုယ့်ဘလော့ချေတိမှာ ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ထည့်လို့ ဂုဏ်ပြုကတ်မေ

ရခိုင်အဆိုတော် ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ကို ကိုယ့်ဘလော့မှာ ထည့်ချင်ကေ အေနိန်ရာ (Fileden)ကို Click နှိပ်လို့ ( Mediafire ) ကုတ်ကိုဒေါင်းယူပါ။ ပြီးကေ ယင်းကုတ်ကို ကော်ပီကူးလို့ Add a Gadget > Edit HTML မှာလားလို့ Paste လုပ်လိုက်ပါ။

Wednesday, November 23, 2011

ရွက်နုတိဝီ

မေတ္တာခေါင်းပါး
နွီရွာကြားမှာ...
အဝတ်စား ဗလာ၊ ငါလျှောက်လာလည်း...။

အကြင်နာခေါင်းပါး
နွီရွာကြားမှာ...
အစားစာ ဗလာ၊ ငါလျှောက်လာလည်း...။

စေတာနခေါင်းပါး
နွီရွာကြားမှာ...
အင်အားဗလာ၊ ငါလျှောက်လာလည်း...။

ငါကား မသီ
ချီမြဲချီလျက်။

ရွက်ကျင်လီသွန်၊ ရာသီပြန်ကေ
ထက်သန်စွမ်းအား၊ ငါ့သွီးသားက
ပေါက်ဖွားစီရီ၊ ဖူးညှောက်စီဗျာ
နီမြန်းတက်ကြွ၊ ငါ့အလှကို
ဝမ်းသာအားရ ကြည့်ကတ်လီ။

.......၀.......
လေးဝတီ ခိုင်ကျော်
(ရခိုင်သဟာယမဂ္ဂဇင်း အမှတ်(၆) မှ)

ရခိုင်အလင်းရောင်ဘလော့မှ

ညီညွတ်ပါလီလေးဝတီ

ထွန်းကားခလီ ၊ ရခိုင်မြီ၌
နီထိုင်လုပ်သား ၊ ရခိုင်သားရို့ 
ကြိုးစားပါလီ ၊ ညီညွတ်စီ။
လေးဝတီကား ၊ ရခိုင်အားလေ
ခွဲခြားစိတ်များ ၊ အ၀ီးထားပြီး
သွီးသားစိတ်ဝင် ၊ ညီကိုပင်ဟု
ရင်ထဲမှတ်ထား ၊ ကြိုးစားကတ်။

*စည်းကမ်းလိုက်နာ ၊ ဖီ ( ဘေး ) ကင်းကွာ
ရင်မှာချမ်းမြီ ( မြေ့ ) ၊ ကြည့်ပါဘိလေ
ရှိကလက်ရာ ၊ ဗိသုကာနန့် 
စာပီယဉ်ကျေးမှု ၊ အစုစုနန့် 
အနုပညာ ၊ အလင်္ကာ ။
ချစ်မြတ်နိုးရာ ၊ ရခိုင်မှာကား
စဉ်လာထိန်းသိမ်း ၊ ရင်၌ကိန်း၍
အီးငြိမ်းလီစွ ၊ မြတ်ဗုဒ္ဓ၏
သာသနာ့အမြီ ၊ မြီသရီတိ
ဇာတီကျောက်ဆစ် ၊ ဓါတ်တော်စစ်နန့် 
ဖြစ်တော်များလီ ၊ ရခိုင်မြီ ။

*သစ်ပင်ရိပ်ထီး ၊ ရင်မှာအီ၍
ကျီးငှက်အပေါင်း ၊ နားခိုအောင်းကေ
ရိပ်ကောင်းဆာယာ ၊ ရခိုင်မှာ ။
စာပီသမား ၊ ထွန်းပွားပါယင့်
လာပါရှုပါ ၊ ဖိတ်ခေါ်ပါယင့် ။

*ရခိုင်မြီဖွား ၊ ရခိုင်သားရို့ 
သွီသားတူညီ ၊ ညီညွတ်လီကတ်
ခြီလက်တွဲယှက် ၊ အားချင်းဆက်ကာ
ရကောင်းရလီ ၊ လေးဝတီ ။
ညီညွတ်ကြလီ ၊ သာစွမြီ ။။။

..............
မာင်ဘုန်းရှင် ( ကစ္ဆပ )
(ဝတီကြေးမုံဘလော့မှ)

ကျီးလူ

ကျီးကန်းတစု၊ ညီညွတ်မှုဖြင့်
သူ့ မျိုးသူ့ ဆွေ၊ ထိပါးလေက
ကြေညာစစ်ဆင်း၊ နှုတ်သီး ပြင်းနှင့်
အတင်းထိုးဆိတ်တတ်သော်လည်း...။
*
တကောင်ကျီးမဲ၊ ပတ်ချာဝဲပျံ
ရဲဝံ့စွန့် စား၊ ရှာဖွေသွား၍
" သားတစ် " တခု၊ ရခဲ့မှုတွင်
လုယက်အားလုံး၊ တ၀ုန်းဝုန်းနှင့်
စုရုံးဝိုင်းဆိတ်၊ သွေးမတိတ်ပြီ
မိတ်ဆွေစာရင်း ပယ်ကြ၏...။
*
ဤကျီးဇတ်သို့ 
ပြတ်သားရဲရင့်၊ အားမာန်ဖွင့်ကာ
ချင့်ဆဥာဏ်ရည်၊ လုံ့ လတည်သည့်
သာကီနွယ်ပွား၊ လူစွန့် စားလျှင်
မိုးဖျားတမွတ်၊ အောင်ပန်းဆွတ်သော်.......။
*
ဝန်းကျင်တခို၊ အမျက်သို၍
မလိုဆိုးညစ်၊ ဒုက္ခဖြစ်အောင်
မစ္ဆရိယ၊ ဓါးလွှလွှဖြင့်
မွမွစိတ်လှီး၊ ၀ိုင်းဖျက်ဆီးသည်
ကျီးလူများစွာ ရှိကြတကား.....။။။
*******
မောင်မောင်လှချစ် ( တောင်ကုတ် )
(ဝတီကြေးမုံဘလော့မှ)

အားထုတ်ကတ်လီ

*
ကြည့်လိုက်ပါလား … အမျိုးသားရို့ 
ကြိုးစားအားမာန် … ဇွဲစိတ်မာန်နန့် 
မကန်လှုပ်လှုပ်၍ … ပုရွက်အုပ်တိ
ဆန်စိကိုထမ်း … လက်ဆင့်ကမ်းဗျာ
ဝမ်းစာရေးလုံး … တစည်းတရုံး … တန်းမဆုံးထော….။
*
စီတန်းမပြတ် … ရှုပ်ယှက်ခတ်လို့ 
မကပ်မပျင်း … ရိုင်းပင်းစုဆောင်း
အစားကောင်းတိ … တွင်းခေါင်းထဲမှာ
ဝမ်းစာကျီသိပ် … စိတ်အီချမ်းသာ … အားကျစရာ…။
*
သူရို့ တိမှာ……၊
သဘာဝဒဏ် … လောကဒဏ်လှိုင်း
ငြိုးမာန်ရိုင်းစွာ … နှောင့်ယှက်လာလဲ
ဇာမှမယွင်း … မြီးတွင်းထဲမှာ
အီးချမ်းယင်းယာ … ပြည့်ဝမ်းစာနှင့်
သေချာလုံခြုံ … သုခဘုံပင်…။
*
အချိန်လေးစား
လုပ်အားမြတ်နိုး
အကျိုးပေါင်းဖက်
ပိုးပုရွက်စိ … မိသားစိတ်ဓါတ် … ဇွဲစိတ်ဓါတ်ကို
တုယူကတ်ပါ … အားထုတ်ပါလား..။
*
လူမှုရေးလား … စီးပွားရေးလား…
နိုင်ငံရေးလား … အမျိုးသားရေးလား…
အရေးများစွာ … မျက်နှာမဖုံး
မျက်လုံးမမှိတ် … မြင့်မြတ်စိတ်ဖြင့်
ပုရွက်စိပိုင် … လက်ဆက်ကိုင်ဆုပ်
စိုင်မဖြုတ်လျှောက် … လုပ်အားမြောက်ယောင်
တစ်ယောက်တစ်ထမ်း … ကိုယ်စီထမ်းကတ်
တယောက်တလှမ်း … ကိုယ်စီလှမ်းကတ်..။
*
အောင်ပွဲပန်းတိုင် … လှမ်းကိုင်နိုင်ဖို့ 
ရခိုင်သားရို့ … အမျိုးသားရို့ …
နိုးကြား … နိုးကြား ၊ ကြိုးစား … ကြိုးစား
ထလား … ထလား ၊ လှုပ်ရှား … လှုပ်ရှား
မရပ်မနား … အားထုတ်ကတ်လီ … လုပ်ကတ်လီ…။။
*********
နီရိုင်းနီ ( တောင်ရမ်းကျွန်း )...

(ဝတီကြေးမုံဘလော့မှ)

သောက်ခါမပြောကောင်း

အတိတ်က ရွှေထီးဆောင်း ငွေထီးဆောင်း
မင်းထီး မင်းဘာ ဝေသာလီ သျှစ်သောင်း
ပင်းဝါချီစစ်ကြောင်း ဘင်းဂါချီစစ်ကြောင်း
သောက်ခါ မပြောကောင်း
ပြောခါ မသောက်ကောင်း။
*
ဒေးဝန်းကြီးအကြောင်း သျှင်ဥတ္တမအကြောင်း
ဦးရွှေဇံအောင်အကြောင်း ဦးရဲကျော်သူအကြောင်း
အမျိုးဘာသာ သာသနာ မေသေမေ၀ါ
သောက်ခါ မပြောကောင်း
ပြောခါ မသောက်ကောင်း။
*
ငါ့လိုင်ခြောင်း မင်းလိုင်ခြောင်း
တသီဖြည့်လို့  မပြည့်ရေ လှိုဏ်ခေါင်း
စကားအကောင်းနန့်  တန်လား မတန်လားမသိ
ဝိုင်းမိဂတ်ပျယ်ဆို သာလို့ ခြီ
ချောင်းကျ မြောင်းကျပေါင်းကလေ့ မနည်းပါလီ။
*
သမိုင်းစာအုပ်ထဲက မင်းထီ မင်းဘာ ဒေနိန့် မှာ
ရှင်ပြီး နိုးထလာကေ
ရင်ကြီးကျိုးကျပါမေ
ငါ့ယောင်လည်းကောင်း မင်းယောင်လည်းကောင်း
ယမကာနံ့ တထောင်းထောင်း
လပျင်း ငဖျင်း ချငြင်းသန်အပေါင်းရို့ ကို
သကျွတ် ပကျွတ် ပရွက် နရွက်
ထထွက်ကြီးလားအောင်
' ထည့် ' ပလိုက်မေလား မဆိုနိုင်
' စေ့ ' ပလိုက်မေလား မဆိုနိုင်။
*
ယကေလေ့ တဆေ
အေကဗျာကိုတော့ ... သောက်ခါလေ့ ဖတ်ကောင်း
မသောက်ခါလေ့ ရွက်ကောင်းပါယင့်ဒေ....။။
*******
ရိုးမရင်သွီး

(ဝတီကြေးမုံဘလော့မှ)

Monday, April 5, 2010

သရဖူ

ယုံကြည်မှု ထုတ်တန်းကိုကိုင်
ရုန်းနိုင်သမျှ ခွန်အားကိုညစ်
အမှန်တရား အောက်
အနိုင်နှင့် အယှုံးကို
အလောင်းအစားပြုလိုက်ယင့်…။

လက်တစ်လုံးခြား ပြုံးလို့
အားသာတုန်း ခဏ
လီဘ၀င်ကို ခိုတွဲ
ဘ၀ မိဗျာယ်လား….။

ချို့တဲ့မှု

တိတ်ဆိတ်နီရေ ညဉ့်
အိပ်မပျော်နိုင်ရေ ရက်
ပသာဒ ဖြစ်နီစော်က
မင်းတိုက်ထား ကျိန်စာလား ...။

သံယောဇည် လက်ကျန်
သသမ်းချေ ခွန်းတုန့်ပြန်ဖို့
ဆွံ့အနီရေ မင်းရင်ခုန်သံ
ငါများ မဖတ်တတ်လို့လား...။

သီကုံးခရေ ညဉ့်ချေတိ
အဂုကျ အထီးကျန်လို့
အဖော်မဲ့ ဆိတ်ငြိမ်မှုမှာ
ငါတစ်ယောက် တစိမခြီ ...။

ပပင်ပပန်းနန့်
အားစိုက် ပျိုးမြိုက်ပြီးမှ
မဖြစ်ထွန်းရေ ပန်း
ငါ မြီရွီးများ မှားခလို့လား ...။

ဖောက်ပြန်နိန်သော သတ်ပုံတခု

“ရ”ကိုမနိုင် ရခိုင်ကိုမိန်း
ဆိုရိုးစကား ဟိပြန်ငြားလည်း
“ရ”နန့်“ယ”ကို ခွဲခြားပိုင်ပိုင်
မပြောနိုင်ရေ ရခိုင်ပြည်သူ
လူသူတချို့ အတွေးဖောက်ပြန်
Brain မမှန်လို့ သူရို့ပြောသံ
လီသံတိက “မင်းရှိ/ရှေ့မှာ”အစား
“မင်းချိမှာ”လို့ လီသံထွက်ကေ
ရခိုင်သံနန့် အမှန်ရေးရန်
သူရို့ရှာပြန်ကေ “မင်းဟြိ”လို့ရာ
ပျင်ကတ်ပြန်ဗျာယ်။

“ရှာရေဖွီရေ” စသည်စကား
ပြောကြားဖို့က အချိန်ကျကေ
မဆီမဆိုင် သူရို့တိက
ရေးပြကတ်စွာ
“ရှာ”၏အစား “ဟြာ”လို့တခါ
ရေးပြန်လာကေ ဖောက်ပြန်သူရို့
သတ်ပုံသစ်။
..................
ဥက္ကာပျံ

ခွင့်ပြုပါ

ပေါ်မလာလေ့ မျှော်နီတုန်းပါ
သူ ရောက်လတ်အောင်လေ့
ငါက မစွမ်းစော်ကို .....။

ပူပင်နီလေ့ ပုံမှန်အတိုင်းရာ
အချိန်တိကတော့ လှည့်နလီယင့်
ငါက လွမ်းဇာတ်တိုက်နီတုန်း ....။

အမှတ်တမဲ့ စွန့်ခရေသူ့စကား
ရင်ထဲမာ မှုန့်မွကြွီလားစီရေ
ငါ့ နားကြားများ လွှဲစော်လာ ....။

မတောင်းဘဲ ပြည့်နီရေဆု
အစွန့်ပစ်ခံရာ မနားယေနန်း ....။

Monday, November 23, 2009

ရင်ကလွမ်းရေ အာသျှနီဝန်း



အသျှင်ချခရေ
နိုင်ငံရေးမျိုးစိ
ရခိုင်ပြည်မှာရာ
ရှင်သန်လာခကေ...။

အသျှင်ပြောခရေ
နိုင်ငံရေးစကား
ရခိုင်သားနားမှာ
ရက်ပြတ်ကြားပနာ
မှတ်မိနိန်ပါကေ..။

အသျှင်ပီးခရေ
နိုင်ငံရေးအသိ
ရခိုင်သားတိနှလုံးသားမှာ
စွဲငြိလို့ ရာ
ကျန်နိန်ခပါကေ...။

ယာသျှင်ကိုမျောက်နှင်
အသျှင်သခင်ကိုစော်ကား
ဘုရားစင်ထက်မှာထိုင်
အစိုင်မကောင်းရေ
အောက်သားစစ်ခွီးတိ
ရခိုင်ပြည်ကိုအမှောင်ကြီးချ
ကျွန်ဇတ်ကခိုင်းနိန်စွာကို
တွန်းလှန်ဖြိုချ
ဆုံးမဒဏ်ပီး
ရခိုင်သွီးတိနီနိန်ကြောင်းကို
ပြလို့ နိန်ကတ်ဖို့ ဒေ..။

လွမ်းမိပါရေ
အာသျှနီဝန်း
အသျှင်ထွန်းခပိုင်
ပြည်ရခိုင်ကို
ခေတ်သစ်ကမ္ဘာမှာ
ထိန်ထိန်လင်းလာစီဖို့ 
နီဝန်းသစ်တိ လိုအပ်နိန်ပါရေ..။

........................

မြောက်ဦးကဘီလူး




  © Blogger templates 'Sunshine' by Ourblogtemplates.com 2008

Back to TOP