ကိုယ့်ဘလော့ချေတိမှာ ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ထည့်လို့ ဂုဏ်ပြုကတ်မေ

ရခိုင်အဆိုတော် ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ကို ကိုယ့်ဘလော့မှာ ထည့်ချင်ကေ အေနိန်ရာ (Fileden)ကို Click နှိပ်လို့ ( Mediafire ) ကုတ်ကိုဒေါင်းယူပါ။ ပြီးကေ ယင်းကုတ်ကို ကော်ပီကူးလို့ Add a Gadget > Edit HTML မှာလားလို့ Paste လုပ်လိုက်ပါ။

Wednesday, November 23, 2011

ကျောရိုးမဲ့ သတ္တဝါ

မကုန်မဆုံးသိနိုင်ရေ အပုပ်ချိန် အပြုတ်ချိန်တိက
ဒုတ်တပြတ် ဒါးတပြတ်
အတ္တအစွယ် တလတ်လတ်နန့် 
မျော်လင့်ချက် ပြက္ခဒိန်တိကိုမွားစား
ရပ်တည်မှု ဗြားစားနီရေကာလမှာ
ဘောရိသာတ ဂေါင်းပေါင်းကိုပေါင်း
တဖက်စောင်း မျက်နှာစိမ်းနန့် 
ရက်လွန်အပြုံးတုတိကို လိမ်းကျံ
ဟန်ပြင်ခံ ချိုးကျကျဝတ်
ဒီဇိုင်းခတ်စကားတိ မပြတ်ဆို
ဝမ်းစာမလိုရေ အရုပ်ကြီးတစ်ရုပ် ။
*
ဘီယာကုလားထိုင်ထက် ငုတ်တုပ်ထိုင်
သူ့ အလုပ်စွာ စတိုင်ဆိုယင့်
အိုင်တိန် တခြင့်ခြင့်ခြင့်
“ ရက္ခိတ ” ဆိုစွာ ဇာယှင့်လဲ မီးရေသတ္တ၀ါ
ကိုယ်အဘာအမိ အမှန်းမသိရေသတ္တ၀ါ
ငါ ဇာသူဆိုစွာပင် မသိ
အဆင်ခြင်မဟိ မျက်စိနှိပ်ထားရေ သတ္တ၀ါ
ဖြားရွှန်းငါးပိုင် ရီပေါ်စား
ကပ်ဖားနှပ်ဖားခံ
ဖြားသတ်လမန် နှစ်ဖက်ခွန်
ဖေါက်ပြန်လွယ်ရေး သတ္တ၀ါ
အေသတ္တ၀ါတိကို
အသေအချာ ဆန်းစစ်
အမျိုးနွံမနစ်ဖို့  အလေးပြု
အမျိုးနွံမနစ်ဖို့  အလေးပြု...။။
*
နီရိုင်းနီ ( တောင်ရင်းကျွန်း )
(ဝတီကြေးမုံဘလော့မှ)

ဘုရား..ဘုရား..ဘုရား

ရာထောင်ချီ သက္ကရာဇ်
အဖြစ်အပျက်တဖုံဖုံ
အိပ်မက်ထဲက ပုံပြင်တပုဒ်ပိုင်
မှုန်ရီဝိုးတ၀ါးနာင့်
ဇာကိုကိုင်ဗျာယ်ပြောရဖို့ လဲ
အို.... ကျိန်စာ ... ကျိန်စာ
ဖြစ်ကေ ပျက်ကေ သင်္ခါရ, ရဟတ်မာ
ယူကျုံးမရနိုင်ဗျာယ်ဝါ ။
*
ထုထည်ကြီးမား မဟာ့မဟာဂန္တ၀င်
စံတင်စရာဖြစ်ခ ရာဇ၀င်မာ နှိုင်းမရ
တိုးတက်ခရေ ရက်ရာဇာ
အပြစ်ပြောစရာဗလာ နီမ၀င်အင်ပါယာ
ဇာမာ ဇာမာ
ကိုယ်ဖျောက်တတ်လို့ လား
ဂါထာမန္တရားကြောင့်လား
အယင်ခါရွှေထီးဆောင်း
ဟောင်းလောင်းပစ္စက္ခ ။
*
သျှင်နာဂီန္ဒမော်ကွန်း
ဥုံဖွလို့  အခါတရာမန်းမှုတ်
မကူနိုင်ဗျာယ် မကယ်နိုင်ဗျာယ်
ဧရာဝတီနာင့် ကစ္ဆပနဒီ
အဉ္စနနဒီ နာင့် ဧရာဝတီ
ရီစီးကြောင်း ပေါင်းဆုံခါဆုံ
အို...ရှုပ်ချက်ခတ် ၀ဋ်ငရဲလားမသိ
သဇင်ပန်းကိုမျိုးရော
အမှားမှားအယွင်းယွင်း
ဟင်းလင်းပြင်က ဒဏ္ဍာရီ
ဆည်းဆာချိန် ရောက်နီဗျာယ်လား
ဘုးရား...ဘုရား....ဘုရား.......။။။။
*
မောင်အုန်းသျှင် ( မင်းပြား )

(ဝတီကြေးမုံဘလော့မှ)

ရိုးမသက်သီ လေးဝတီ

တောတောင်စိမ့်စမ်း
မိုးသောက်ပန်းသို့ ၊ တင့်ဆန်းလှပ
ရွှီရိုးမနှင့်၊ ဓညကမ်းခြီ
လခြမ်းမြီမှာ၊ ဝတီလေးရပ်
ပေါင်းစပ်တည်ထား၊ သွီးမခြားဘဲ
စည်ကားခလီ ဓညတီ ။
*ကျွန်ရို့ ဌာနီ
လေးဝတီမှာ၊ ဇာတီပုထိုး
ကျုံးမြို့ ရိုးနှင့်၊ ပြအိုးစုံညီ
ရှေးအမွီနှစ်၊ ကျောက်ဆစ်လက်ရာ
မော်ကွန်းလွှာသည်
ကမ္ဘာတလွှား၊ ထင်ကျော်ကြား၏ ။
*ကျွန်ရို့ နီထိုင်
ပြည်ရခိုင်မှာ၊ ဘာသာလူမှု
ယဉ်ကျေးမှုနှင့်၊ မုနိရှင်တော်
ထင်ရှားကျော်ကြောင်း၊ ဂူကျောင်းပုထိုး
မျိုးမျိုးရီု့ ၊ လက်ညှိုးမလွဲ
တည်ရှိဆဲပင်၊ ထူးကဲဂုဏ်ဆောင်
ဗုဒ္စရောင်ဝါ၊ ထွန်းလင်းဖြာသည်
ပြည်သာယာကြောင်း၊ ကျွန်ဆုတောင်းလျက်
ရိုးမသက်သီ၊ လေးဝတီ
အီးချမ်းပါဇီ၊ ဓညဝတီ ။
*
ဟိန်းထက်ဇော်
(ဝတီကြေးမုံဘလော့မှ)

အမောင်....သို့

ရခိုင်ပြည်က ဗဟိုစည်ကို
အမောင်လွယ်ပြီး လာတီးပါ
တော်ဝင်ရေသဇင်ပန်း
ပန်ဆင်ထိုက်စွာလည်း အကျွန်ရို့ပါအမောင်။

အမောင် ခေါ်ရေ (New York)
အမောင်နောက်က မလိုက်နိုင်ခစွာရေ
အမွီအနှစ် ကျောက်ဆစ်လက်ရာ
အကျွန်ရို့ရာ ပိုင်ဆိုင်သင့်လို့ပါ။


(IT)ခေတ်နှင့် တိုင်းတပါး
အမောင်ပြောစွာ နားလည်ပါရေ
ယကေလေ့ အမောင်...
ရက္ခမြီ၏ရိုးမအောက်မှာ
ကြီးပြင်းခရေ အကျွန်အတွက်
ရိုးမတောင်ကြီး မပျက်စီးလီသမျှ....
ပန်းမြတ်သဇင် မပြုံးစင်လီသမျှ...
အကျွန်ရို့မျိုးရိုးအတွက်
နှလုံးသွီးစက်နန့် သက်သီတည်
ဂစ္ဆမြစ်ရီကပြောလိမ့်မေ အမောင်။

မြီကိုချစ်လို့ တီဖြစ်ကေလေ့
ရက္ခမြီကတီကောင်တိစွာ
အကျွန်ရို့ပါ အော်...အမောင်။
---------------
မေဇင်ထွန်း (Dwe Cha)

ရွက်နုတိဝီ

မေတ္တာခေါင်းပါး
နွီရွာကြားမှာ...
အဝတ်စား ဗလာ၊ ငါလျှောက်လာလည်း...။

အကြင်နာခေါင်းပါး
နွီရွာကြားမှာ...
အစားစာ ဗလာ၊ ငါလျှောက်လာလည်း...။

စေတာနခေါင်းပါး
နွီရွာကြားမှာ...
အင်အားဗလာ၊ ငါလျှောက်လာလည်း...။

ငါကား မသီ
ချီမြဲချီလျက်။

ရွက်ကျင်လီသွန်၊ ရာသီပြန်ကေ
ထက်သန်စွမ်းအား၊ ငါ့သွီးသားက
ပေါက်ဖွားစီရီ၊ ဖူးညှောက်စီဗျာ
နီမြန်းတက်ကြွ၊ ငါ့အလှကို
ဝမ်းသာအားရ ကြည့်ကတ်လီ။

.......၀.......
လေးဝတီ ခိုင်ကျော်
(ရခိုင်သဟာယမဂ္ဂဇင်း အမှတ်(၆) မှ)

ရခိုင်အလင်းရောင်ဘလော့မှ

ညီညွတ်ပါလီလေးဝတီ

ထွန်းကားခလီ ၊ ရခိုင်မြီ၌
နီထိုင်လုပ်သား ၊ ရခိုင်သားရို့ 
ကြိုးစားပါလီ ၊ ညီညွတ်စီ။
လေးဝတီကား ၊ ရခိုင်အားလေ
ခွဲခြားစိတ်များ ၊ အ၀ီးထားပြီး
သွီးသားစိတ်ဝင် ၊ ညီကိုပင်ဟု
ရင်ထဲမှတ်ထား ၊ ကြိုးစားကတ်။

*စည်းကမ်းလိုက်နာ ၊ ဖီ ( ဘေး ) ကင်းကွာ
ရင်မှာချမ်းမြီ ( မြေ့ ) ၊ ကြည့်ပါဘိလေ
ရှိကလက်ရာ ၊ ဗိသုကာနန့် 
စာပီယဉ်ကျေးမှု ၊ အစုစုနန့် 
အနုပညာ ၊ အလင်္ကာ ။
ချစ်မြတ်နိုးရာ ၊ ရခိုင်မှာကား
စဉ်လာထိန်းသိမ်း ၊ ရင်၌ကိန်း၍
အီးငြိမ်းလီစွ ၊ မြတ်ဗုဒ္ဓ၏
သာသနာ့အမြီ ၊ မြီသရီတိ
ဇာတီကျောက်ဆစ် ၊ ဓါတ်တော်စစ်နန့် 
ဖြစ်တော်များလီ ၊ ရခိုင်မြီ ။

*သစ်ပင်ရိပ်ထီး ၊ ရင်မှာအီ၍
ကျီးငှက်အပေါင်း ၊ နားခိုအောင်းကေ
ရိပ်ကောင်းဆာယာ ၊ ရခိုင်မှာ ။
စာပီသမား ၊ ထွန်းပွားပါယင့်
လာပါရှုပါ ၊ ဖိတ်ခေါ်ပါယင့် ။

*ရခိုင်မြီဖွား ၊ ရခိုင်သားရို့ 
သွီသားတူညီ ၊ ညီညွတ်လီကတ်
ခြီလက်တွဲယှက် ၊ အားချင်းဆက်ကာ
ရကောင်းရလီ ၊ လေးဝတီ ။
ညီညွတ်ကြလီ ၊ သာစွမြီ ။။။

..............
မာင်ဘုန်းရှင် ( ကစ္ဆပ )
(ဝတီကြေးမုံဘလော့မှ)

ကျီးလူ

ကျီးကန်းတစု၊ ညီညွတ်မှုဖြင့်
သူ့ မျိုးသူ့ ဆွေ၊ ထိပါးလေက
ကြေညာစစ်ဆင်း၊ နှုတ်သီး ပြင်းနှင့်
အတင်းထိုးဆိတ်တတ်သော်လည်း...။
*
တကောင်ကျီးမဲ၊ ပတ်ချာဝဲပျံ
ရဲဝံ့စွန့် စား၊ ရှာဖွေသွား၍
" သားတစ် " တခု၊ ရခဲ့မှုတွင်
လုယက်အားလုံး၊ တ၀ုန်းဝုန်းနှင့်
စုရုံးဝိုင်းဆိတ်၊ သွေးမတိတ်ပြီ
မိတ်ဆွေစာရင်း ပယ်ကြ၏...။
*
ဤကျီးဇတ်သို့ 
ပြတ်သားရဲရင့်၊ အားမာန်ဖွင့်ကာ
ချင့်ဆဥာဏ်ရည်၊ လုံ့ လတည်သည့်
သာကီနွယ်ပွား၊ လူစွန့် စားလျှင်
မိုးဖျားတမွတ်၊ အောင်ပန်းဆွတ်သော်.......။
*
ဝန်းကျင်တခို၊ အမျက်သို၍
မလိုဆိုးညစ်၊ ဒုက္ခဖြစ်အောင်
မစ္ဆရိယ၊ ဓါးလွှလွှဖြင့်
မွမွစိတ်လှီး၊ ၀ိုင်းဖျက်ဆီးသည်
ကျီးလူများစွာ ရှိကြတကား.....။။။
*******
မောင်မောင်လှချစ် ( တောင်ကုတ် )
(ဝတီကြေးမုံဘလော့မှ)

အားထုတ်ကတ်လီ

*
ကြည့်လိုက်ပါလား … အမျိုးသားရို့ 
ကြိုးစားအားမာန် … ဇွဲစိတ်မာန်နန့် 
မကန်လှုပ်လှုပ်၍ … ပုရွက်အုပ်တိ
ဆန်စိကိုထမ်း … လက်ဆင့်ကမ်းဗျာ
ဝမ်းစာရေးလုံး … တစည်းတရုံး … တန်းမဆုံးထော….။
*
စီတန်းမပြတ် … ရှုပ်ယှက်ခတ်လို့ 
မကပ်မပျင်း … ရိုင်းပင်းစုဆောင်း
အစားကောင်းတိ … တွင်းခေါင်းထဲမှာ
ဝမ်းစာကျီသိပ် … စိတ်အီချမ်းသာ … အားကျစရာ…။
*
သူရို့ တိမှာ……၊
သဘာဝဒဏ် … လောကဒဏ်လှိုင်း
ငြိုးမာန်ရိုင်းစွာ … နှောင့်ယှက်လာလဲ
ဇာမှမယွင်း … မြီးတွင်းထဲမှာ
အီးချမ်းယင်းယာ … ပြည့်ဝမ်းစာနှင့်
သေချာလုံခြုံ … သုခဘုံပင်…။
*
အချိန်လေးစား
လုပ်အားမြတ်နိုး
အကျိုးပေါင်းဖက်
ပိုးပုရွက်စိ … မိသားစိတ်ဓါတ် … ဇွဲစိတ်ဓါတ်ကို
တုယူကတ်ပါ … အားထုတ်ပါလား..။
*
လူမှုရေးလား … စီးပွားရေးလား…
နိုင်ငံရေးလား … အမျိုးသားရေးလား…
အရေးများစွာ … မျက်နှာမဖုံး
မျက်လုံးမမှိတ် … မြင့်မြတ်စိတ်ဖြင့်
ပုရွက်စိပိုင် … လက်ဆက်ကိုင်ဆုပ်
စိုင်မဖြုတ်လျှောက် … လုပ်အားမြောက်ယောင်
တစ်ယောက်တစ်ထမ်း … ကိုယ်စီထမ်းကတ်
တယောက်တလှမ်း … ကိုယ်စီလှမ်းကတ်..။
*
အောင်ပွဲပန်းတိုင် … လှမ်းကိုင်နိုင်ဖို့ 
ရခိုင်သားရို့ … အမျိုးသားရို့ …
နိုးကြား … နိုးကြား ၊ ကြိုးစား … ကြိုးစား
ထလား … ထလား ၊ လှုပ်ရှား … လှုပ်ရှား
မရပ်မနား … အားထုတ်ကတ်လီ … လုပ်ကတ်လီ…။။
*********
နီရိုင်းနီ ( တောင်ရမ်းကျွန်း )...

(ဝတီကြေးမုံဘလော့မှ)

သောက်ခါမပြောကောင်း

အတိတ်က ရွှေထီးဆောင်း ငွေထီးဆောင်း
မင်းထီး မင်းဘာ ဝေသာလီ သျှစ်သောင်း
ပင်းဝါချီစစ်ကြောင်း ဘင်းဂါချီစစ်ကြောင်း
သောက်ခါ မပြောကောင်း
ပြောခါ မသောက်ကောင်း။
*
ဒေးဝန်းကြီးအကြောင်း သျှင်ဥတ္တမအကြောင်း
ဦးရွှေဇံအောင်အကြောင်း ဦးရဲကျော်သူအကြောင်း
အမျိုးဘာသာ သာသနာ မေသေမေ၀ါ
သောက်ခါ မပြောကောင်း
ပြောခါ မသောက်ကောင်း။
*
ငါ့လိုင်ခြောင်း မင်းလိုင်ခြောင်း
တသီဖြည့်လို့  မပြည့်ရေ လှိုဏ်ခေါင်း
စကားအကောင်းနန့်  တန်လား မတန်လားမသိ
ဝိုင်းမိဂတ်ပျယ်ဆို သာလို့ ခြီ
ချောင်းကျ မြောင်းကျပေါင်းကလေ့ မနည်းပါလီ။
*
သမိုင်းစာအုပ်ထဲက မင်းထီ မင်းဘာ ဒေနိန့် မှာ
ရှင်ပြီး နိုးထလာကေ
ရင်ကြီးကျိုးကျပါမေ
ငါ့ယောင်လည်းကောင်း မင်းယောင်လည်းကောင်း
ယမကာနံ့ တထောင်းထောင်း
လပျင်း ငဖျင်း ချငြင်းသန်အပေါင်းရို့ ကို
သကျွတ် ပကျွတ် ပရွက် နရွက်
ထထွက်ကြီးလားအောင်
' ထည့် ' ပလိုက်မေလား မဆိုနိုင်
' စေ့ ' ပလိုက်မေလား မဆိုနိုင်။
*
ယကေလေ့ တဆေ
အေကဗျာကိုတော့ ... သောက်ခါလေ့ ဖတ်ကောင်း
မသောက်ခါလေ့ ရွက်ကောင်းပါယင့်ဒေ....။။
*******
ရိုးမရင်သွီး

(ဝတီကြေးမုံဘလော့မှ)

Monday, April 5, 2010

သရဖူ

ယုံကြည်မှု ထုတ်တန်းကိုကိုင်
ရုန်းနိုင်သမျှ ခွန်အားကိုညစ်
အမှန်တရား အောက်
အနိုင်နှင့် အယှုံးကို
အလောင်းအစားပြုလိုက်ယင့်…။

လက်တစ်လုံးခြား ပြုံးလို့
အားသာတုန်း ခဏ
လီဘ၀င်ကို ခိုတွဲ
ဘ၀ မိဗျာယ်လား….။




  © Blogger templates 'Sunshine' by Ourblogtemplates.com 2008

Back to TOP