ကိုယ့်ဘလော့ချေတိမှာ ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ထည့်လို့ ဂုဏ်ပြုကတ်မေ

ရခိုင်အဆိုတော် ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ကို ကိုယ့်ဘလော့မှာ ထည့်ချင်ကေ အေနိန်ရာ (Fileden)ကို Click နှိပ်လို့ ( Mediafire ) ကုတ်ကိုဒေါင်းယူပါ။ ပြီးကေ ယင်းကုတ်ကို ကော်ပီကူးလို့ Add a Gadget > Edit HTML မှာလားလို့ Paste လုပ်လိုက်ပါ။

Monday, August 10, 2009

ဒေါက်တာအေးချမ်းအားဂါရဝပြုခြင်း

ဆရာ…
ဆရာ့ကိုတစ်ကြိမ်တစ်ခါမျှ
မတွိဆံဖူးကေလေ့
ဆရာ့အမျိုးသားရေလုပ်ဆောင်ချက်
ကျွန်တော် အားရမိပါရေဆရာ ။

ဆရာ…
ဆရာ့မျိုးဇာတိမာန်
မလျော့ရေဇွဲလုံ့လ
ခိုင်မာရေသိန္ဒဌာန်
မပြိုလဲရေစိတ်အားမာန်
ကျွန်တော်အားကျလိုက်တေပင်ဆရာ။

ဆရာ…
ဆရာ့စိတ်သံတိုင်
ဒေအတိုင်းအစဉ်အမြဲ
မပြိုမလဲယှိစီဖို့
ကျွန်တော်ဆုမွန်ခြီပါရေဆရာ ။

ဆရာ…
ဆရာ့ပိုင်ပညာသျှင်တစ်ယောက်
ရခိုင်မှာယှိနီလို့တော်သိမ့်ယင့်
ကမ္ဘာ့မျက်နှာစာမှာ
ရခိုင်သမိုင်းကိုဖျောက်
သမိုင်းအလိမ်နီရာရောက်
ဝက်သားစားကုလားတိ
ပူးပေါင်းကြိုးပမ်းမှုကို
ဆရာတစ်ယောက်တည်း
ကြံ့ကြံ့ခံဒိုင်ခံဖြေယှင်း
ဆရာ့အမျိုးသားရေပီးဆပ်မှုကို
နက်ယှိုင်းဆုံးနှလုံးသားတစ်နီရာမှာ
ကျွန်တော်ထာဝရသိမ်းဆည်းထားပါဖို့ဆရာ။

ဆရာ…
ဇရာကိုပျက်ရယ်ပြုလို့
အားမာန်အပြည့်နန့်
ဆက်လျှောက်နီရေ
ဆရာ့စိတ်ခွန်အား
ကျွန်တော်ရို့မျိုးဆက်သစ်တိ
ဆရာ့ကိုအမီလိုက်ဖို့
အားထုတ်ပါမေဆရာ ။

ဆရာ…
မလွန်ဆန်နိုင်ရေအနိစ္စ
ရောက်လားရေတစ်နိန့်
ကုလားသမိုင်းလိမ်ကို
ဆက်လက်တိုင်ပွဲဝင်ဖို့
ကမ္ဘာ့စာမျက်နှာ
ရခိုင်ရို့တစ်နီရာစာအတွက်
ကျွန်တော်ရို့ကြိုးစားဖို့
တိုင်တည်သစ္စာပြုပါရေဆရာ ။

....................
လင်း (အေအမ်ပီ)

ကလန်ဒါကျ

စောစောမိုးထ ဒဲ့တစ်ကွက်အတွက်
ကာလာဘောပန် ကလန်ဒါတစ်ခြုံ
ချိုင်းတစ်ပုံနှင့် လက်စုံမိတ်ထောက်
အတိတ်ကောက်၍ ထိပ်စီးနောက်ပိတ်
ဘရိတ်ကားဤမှာ အပိုင်ရှာထိုး
အဖြစ်ဆိုးစွာ ပေါ်လစီမူဝါဒ
ကလန်ဒါကျ အစိုးရ၏
မာယာပရိယာယ် ဆီးသားခြယ်ပြီး
စီးပွါးအရေး နိုင်ငံရေးနှင့်
လူမှုရေးပါ ၀ီးကင်းကွာအောင်
အံကိုက်ဆောင်ထား ရခိုင့်သားသမီး
မြီလီးဆန်ကုန် အချိန်ကုန်အလုပ်
မုတ်ဆိတ်ပျားစွဲ လူမွဲနတ်မြင်
ကျိုးမထင်ဆုံး တုံးလုံးဖွဲရာ
တောင်းဖွဲပြာနှင့် ဗမာလက်အောက်
ဒုံးဘောက်ဆောက်လို့ ကျွန်သဘောက်ပိုင်
သက်ဆုံးတိုင်ရန် စီမံခန့်ခွဲ
အုပ်ချုပ်ရေးကို သိနားလည်အောင်
အာဂုံဆောင်ထား ရခိုင်သားရို့ ။ … ။

............................

(မိုးကိုလင်း) ကဗျာကိုတင်ပီးလိုက်ပါရေ ။

ရခိုင် ဟုတ်ယင့်လား

ငါပြောစွာ အမှန် ၊ ငါကြံစွာ အဟုတ်
ငါလုပ်စွာ အကောင်း ၊ ငါပြောင်းစွာ အသစ်
ငါချစ်စွာ လူမျိုး ၊ ငါရိုးစွာ သစ္စာ
ငါရှာစွာ ပညာ ၊ ငါလာစွာ မင်းတွက်
ငါမက်စွာ ငွေကြီး ၊ ငါပီးစွာ ဓန
ငါရစွာ ဥစ္စာ ၊ ငါ့မာနစွာ ငါ့အသိ
ငါဟိ့စွာ ငါမျို ၊ ငါလိုစွာ ငါတောင်း
ငါ့ခေါင်း ငါပျင် ၊ ငါ့လင် ငါယူ
ငါ့အပူ ငါငြိမ်း ၊ ငါ့ယိမ်း ငါက
ငါ့အလှ ငါသ ၊ ငါ့ဘဝ ငါပြောင်း
ငါ့လောင်း ငါစီး ၊ ငါ့ချီး ငါမွှီး
ငါ့စီး ငါတား ၊ ငါ့သား ငါကယ်
ငါ့လယ် ငါထွန် ၊ ငါ့ဟန် ငါလိမ်
ငါ့အိမ် ငါဆောက် ၊ ငါလျှောက် ငါ့လမ်း
ငါ့စခန်း ငါချီ ၊ ငါ့လီ ငါထုတ်
ငါ့အလုပ် ငါရှာ ၊ ငါ့သိက္ခာ ငါဆယ်
ငါလူလည် ငါ့စကား ၊ ငါ့တရားနာယူ
ငါ့ပိုင်လူ ဇမ္ဗူမှာ မဟိ .. ။

ငါ့အသိ ငါ့ဗီဇနန့်
ငါ့လီ ငါမပိုင်
ငါ့မြီ ငါမဆိုင်
ငါ့ရီ ငါမချိုး
ငါ့အမျိုး ငါမကယ်နိုင်
ငါ့သီလ ငါမခိုင်လျှင်
ငါပင် “ရခိုင်” ဟုတ်ယင့်လား ။…။

.......................
(မိုးကိုလင်း) ကဗျာကို တင်ပီးလိုက်စွာပါ ။

မှတ်တိုင် ၁၇ မှ ၁၈...၁၉...၂၀...

သူငယ်ချင်း ...
အချိန်နှင့်ရင်းပြီးကေ
မင်းရင်ထဲ နှလုံးသားထဲက
ဖြစ်တည်လာရေ မှင်စက်နန့်
ရီးထားရေ မင်းဒိုင်ယာရီ
ဒါးမြတိုက်ခံလိုက်ရလို့
စိတ်မညစ်ကေ့ သူငယ်ချင်း ။

အပေါင်းသင်း ......
ရက္ခိတစိတ်ဓါတ်အရင်းခံလို့
ဥဏှောက် အသွီးသားက
စီးဆင်းလာရေ မှင်စက်နန့်
သက်သီပြ မင်းဒိုင်ယာရီ
အဓမ္မ အလုခံရလို့
စိတ်ဓါတ် မကျကေ့ အပေါင်းသင်း ။

ရောင်းရင်း မင်းပိုင်ယှောင်
ရှိက အခိုးခံလိုက်ရရေ
ဒါးမြတိုက်ခံလိုက်ရရေ
စတည်းခံလိုက်ရရေ
မဒိန်းကျင့်ခံလိုက်ရရေ ...

ဘဝတူမိတ်ဆွေ သွီးသောက်
ဂန္တဝင်မြောက် ၁၆ ယောက်၏
အွင်လိုင်းက ရခိုင့်ဒိုင်ယာရီသမိုင်း
ငတက်ပြားသစ္စာတရားနန့်
လူအချင်းအချင်း မူရင်းကို
အဓမ္မသိမ်းပိုက် ပိုင်ဆိုင်ချင်ရေ
သူ့မှာတမ်းအရိုင်း ဘလိုင်းရာဇဝင်
ကမ္ဗည်းထိုး မှတ်တမ်းတင်စွာ ....

ဒေဂု ၁ရ ယောက်မြောက်
ကြေငြာ ခြိမ်းခြောက်
နောက်မှာ ၁၈ - ၁၉ - ၂၀ ……
တန်းစီးလို့ဟိနီလီရေ …………
မင်းနားလည်နိုင်ပါစီ ရောင်းရင်း ။

....................
(ကိုပန်းသီး ကဗျာ)

လွမ်းရ ဓည၀တီ

ရွှီပင်လယ်ကြီး၊ ဇာပိုင်ဆီးလည်း
ခရီးမ၀ီး၊ အနီးချေပင်
ပြီးလမ်းမထွက်၊ လီယာဉ်တက်၍
မိုးထက်အာကာ၊ ကောင်းခင်ပြာဝယ်
ထိုမှာမျှော်ယင်း၊ ဤကြည့်ယင်းဖြင့်
မြင်ကွင်းစုံဆန်း၊ တောင်ညိုတန်းနှင့်
ကမ်းခြီအလှ၊ ကြည့်မ၀တည်း
ဓည၀တီ၊ ဆီးပန်းချီပိုင်
ရွှီပြည်ရခိုင် သာစွလေ --။

ဂစ္ဆပနဒီ၊ မြစ်ရီပြင်လွှာ
လပသာလျှင်၊ ပြီးလာဆုံဆိုက်
ထိုခိုက်ခဏ၊ လောကနန္ဒာ
စေတီသာကို၊ ကောင်းစွာဦးချ
ဖူးမျှော်ရ၍၊ ချမ်းမြမဆုံး
ပီတိဖုံး၏၊ သလုံးတော်ဓါတ်
စေတီမြတ်နှင့်၊ အထွဋ်ထင်ရှား
ဘုရားစုံညီ၊ လက်ဦးချီသော်
ဌာနီရခိုင် သာစွလေ --။

သြော် ရခိုင်ရခိုင်
ရခိုင်အလှ၊ ရှုမ၀တည်း၊
နှမချစ်ဖွယ်၊ အပုချေရို့
ရွှီသဇင်ခိုင်၊ အလှပြိုင်သော်
နိုင်မည်မှာက၊ ရခိုင်အလှပင်
မေဃ၀တီ၊ မာန်အောင်မြီနှင့်
ဒွါရာဝတီ၊ သံတွဲမြီနှင့်
ရမ္မာဝတီ၊ ရမ်းဗြဲမြီထိ
တလီခြီဆန့်၊ အနှမ့်လည်လား
ဘုရားစုံစွာ၊ ဖူးလိုပါလည်း
ကိုယ့်မှာအခွင့်၊ ခန့်မသင့်၍
ရင်နင့်ခံစား၊ လွမ်းစိတ်များဖြင့်
တရားသိမှတ်၊ ဦးညွတ်ပူဇော်
စိတ်ဖြင့်သာလျှင်၊ ဖူးမျှော်ပါ၏
မုနိရပ်မြီ၊ ဓည၀တီကို
အလီလီအခါခါ လွမ်းမိရေ --။

....................
(မြင်းမှုး မောင်နိုင်မိုး)

Tuesday, August 4, 2009

ငါ့ရို့အဓိဋ္ဌာန်


မမြဲအနိစ္စာ
အေခန္ဓာဆိုး
ခန္ဓာရုပ်ဟောင်း
ဘဝမပြောင်းခင်
ငါ့ရို့မွီးရာ
ခိုင်ပြည်ရွာအတွက်
တဖက်တလမ်းက
တတ်စွမ်းသမျှ
ပီးဆပ်ဖို့ရန်
ငါ့ရို့ဓိဋ္ဌာန်ရေ...။

(မှတ်ချက်။ ။ I. A . S. M တိအားလုံး၏ခံစားမှုကို ရွီးဖွဲ့ထားပါရေ။)
............

မောင်ပန်းဇင်း(ပညာမြီ)

၁၁-၇-၂၀၀၉
၁:၄၀ pm

ဝေဒနာမိတ္တူ


ရီအိုင်မှာနစ်လို့
ဘဝတုံးဖို့ဖြစ်နိန်ရေ
ပျားချေတကောင်…။

အသက်တချောင်း
မသီကောင်းလို့
သနားကရုဏာစိတ်ချေနန့်
လက်ချေနန့်ဆယ်ယူလို့
အသက်ဘေးကလွတ်အောင်
ငါကယ်တင်ဖူးခရေ…။

သီဖို့ဖြစ်နိန် ထိုအချိန်က
ကယ်ပါကူပါ တဇာဇာနန့်
အီးယောင်ကူပါ ဘာဘာကူပါ
လူတိကူပါ အော်နိန်ပါယင့်…။

ယကေလေ့သင့်
ရီကကယ်ပနာ ရွှတ်လိုက်ရေနောက်
သူ့ကျေးဇူးသျှင် အသက်သျှင်၏
နုနယ်လက်ချေ အသွယ်သွယ်ကို
အဆစ်သုတ်ပနာ အဝီးတနိန်ရာသို့
သူကပျံလို့ လားခယင့်…။

…………

မောင်ပန်းဇင်း (ပညာမြီ)
၁၈-၇-၂၀၀၉
၁၈:၃၁ pm

မကြောက်ကေ့


ပြောလိုက်ကေတော့ခါ
ရခိုင်စကား
ရွီးလိုက်တော့ခါ
မျန်မာစာ...။

သူပြောရေစကား
နားထောင်ဖူးလား
“အချေဘဝက
ရခိုင်စာကို မသင်ခရလို့
ရခိုင်စာကို
မရွီးတတ်လတ်...။”

ဇာချင့်လဲ “ရခိုင်စာ”
ဇာချင့်လဲ “ရခိုင်စကား”
ခွဲခြားလို့ရာမသိပါကေ
ဇာပိုင်ယှင်းပြရဖို့လဲ...။

ယကေလေ့သင့်
ငါသိသလောက်
ငါယှင်းပြမေ
အိုမိတ်ဆွေ...။

မင်းရို့ငါ့ရို့ အချေဘဝက
“က,ကြီး၊ ခ,ခွေး”စရေဗျည်းတိ
ရွီးခကတ်စော် ငါ့ဘိုးဘွားတိ
သုံးလာကတ်တေ ရခိုင်စာယေ...။

အက္ခရာတူလို့
မျန်မာစာလို့ မင်းထင်ရေလား
သူငယ်ချင်း...။

ရခိုင်လီသံ အမှန်ကန့်နန့်
ရွီးသားပါကေ
ရခိုင်စာမဟုတ်လို့
ဇာသူတိက ပြောဖို့လဲ....။

ယင်းအတွက်ကြောင့်
ကိုယ့်စာပီကို သူများဘားက
ခိုးထားရေလို့ မထင်ဘဲနန့်
နိန့်စဉ်သုံးနိန် လီသံဒိန်နန့်
နိန့်စဉ်သုံးငြား ဝေဟာရများနန့်
သတ္တိဟိဟိ ရွီးလိုက်ဖိယေ
ငါ့ရို့ဟိရေ အားမငယ်ကေ့....။

..................

မောင်ပန်းဇင်း (ပညာမြီ)

၁၆-၇-၂၀၀၉

ကျွန်ဘဝရခိုင်ပြည်


မိစ္ဆာအောက်သား ခွီးမသားတိ
ငါ့ရို့ကိုကျွန်ပြု ပြည်ကိုလုပနာ
ကျင့်ချင်ပိုင်ကျင့် ခွီးထက်မိုက်ယင့်...။

ရွှီပြည်ကထွက် များပြားလှစွာ
ရတနာကို အညာကိုပြောင်း
သူရို့လူမျိုး ဝမ်းစာရဖို့
တိုက်ဆောက်ဖို့အတွက်
ရခိုင်သားတိ သွီးနန့်ချွေးနန့်
ရှာထားရိက္ခာ ဝမ်းစာတိကို
အဓမ္မသိမ်းယူ ခွီးပိုင်မူရေ
မိစ္ဆာအောက်သား စစ်ခွီးများ…။

ရခိုင်ပင်လယ် ယင်းကမ်းခြီက
ဓာတ်ငွေိ့သဘာဝ ထွက်ပြန်ကြလည်း
အောက်သားစစ်ခွီး မိစ္ဆာမျိုးတိ
တိုက်ယူပြီးကာ သိမ်းကျုံးလာလို့
ကျွန်ပြုခံထား ရခိုင်သားတိမှာ
ဆီးမီးခွက်ချေတောင် မထွန်းပြောင်နိုင်…။

ထို..ရှိအခါက
ကိုယ့်တိုင်းကိုယ့်ပြည် ကိုယ့်ဌာနီကို
ရခိုင်ဘုရင် ထီးဖြူအုပ်ချုပ်
မင်းလုပ်စဉ်က ငါ့ရို့မွီးရာ
ပြည်ရက္ခာမှာ ဘုရားကျောင်းကန်
ဇာတီပုထိုးတိ ရွှီရောင်ငွီရောင်
ထထိန်ပြောင်ခ ခန့်နားခရ
ထင်ရှားစွ…။


အေနိန့်ချိန်ခါ ပြည်ရက္ခာကို
အောက်သားယုတ်မာ ခွီးမိစ္ဆာတိ
သိမ်းပိုက်အုပ်ချုပ် ခွီးပိုင်ယုတ်လို့
ကျောင်းကန်ဘုရား ဇာတီများမှာ
ထုံးဖြူမဟိ ရညှိတိတင်နိန်
ဇာတီတိကို ပြန်ပျင်ရေပိုင်
ဟန်တိဆောင်လို့ ရှိဟောင်းအမွီ
မွီသရီကိုလည်း ခိုးယူနိန်ရေ…။

အို..ရက္ခမဏ္ဍိုင် ပြည်ရခိုင်သား
လူအများရို့...
“ဗိုလ်ချုပ် မွီးနိ့၊ အာဇာနီနိ့
လွတ်လပ်ရေးနိ့၊ ဒေါ်စုမွီးနိ့”
နိန့်ပေါင်းများစွာ ရခိုင်သားတိ
Gtalk ကနီ Message တင်ရေ
Mail ကနီပနာ Forward လုပ်တေ
ဖေသာကုန်ခံပနာ ကျင်းပပါရေ
ရခိုင်သားတိ အသိတရား
သတိထားပနာ စဉ်းစားပါကတ်...။

ရခိုင်သား/သူတိ ယင်းခွီးတိကို
သတိတရ တမ်းတနိန်သမျှ
ကာလပတ်လုံး ရခိုင်ပြည်မ
ကျွန်ဘဝက ရွတ်ဖို့အရေး
ဝီလာဝီရေ မှတ်ထားလီဖိ...။

............

ပန်းဇင်း ဂေါင်းဗျောင်
အနောက်ရိုးမ

၁၉-၇-၂၀၀၉
၁၆:၄၆ pm

သောင်ရင်းမြစ် (သို့မဟုတ်) ရက္ခရိုးမ ငိုသံ


သောင်းရင်းမြစ် တဖက်ကမ်း
အင်းဖက်နန့် တဲစခန်းချေမှာ
တခါက ရယ်သံချေတိညံလို့
ထမင်းလက်ဆုံစားခဖူးရေ --။

(AK) ကို မောင်းတင်ပနာ
မျက်လုံးကိုဖွင့် နားကိုစွင့်လို့
စခန်းနံဘေးမှာ ကင်းစောင့်နီရေ
ရဲဘော် မောင်ချေကို
ကမ္ဘာလောက် လေးစားမိခယင့် --။

ရခိုင်သမကို မမြင်ဖူးစွာကြာလို့
တချက်ချေလောက် ငေးကြည့်မိခကေ
ခွင့်လွတ်နိုင်ပါဖို့လား “မမ” လတ် --။

ယဉ်ကျေးရေ မောင်ချေစကား ကြားရစွာ
အမျိုးစောင့်ရေ ရခိုင်သားဂုဏ်ကို
တဆင့်တိုးလို့ မြင့်လားစီပါရေ --။

ရခိုင်ပြည်လွတ်လပ်ရေးရဖို့
အရေးကြီးနီရေ အချိန်မှာ
မတော်တဆ အကြောင်းမလှလို့
တချက် သီကျလားခကေ
မျက်ရည်ချောင်း မစီးစီချင်လို့
ရခိုင်သမကို ရည်းစားမထားချင်ပါလတ် --။

အော်...မျိုးချစ်ရဲဘော် မောင်ချေ
မင်းပြောရေ စကားတိက
အတိတ်နမိတ်နန့် ပြောခစွာလားယေ
အခုဆိုကေ မင်းအရိပ်နန့် မင်းအသံ
ပဲ့တင်သံတိ ညံလို့
တရုန်းရုန်းစီးနီရေ သောင်းရင်းမြစ်လည်း
မင်းကိုလွမ်းလို့ ငိုနီပျာယ်
ထို...အ၀ီးကြီးမှာ ကျန်ခရေ
ရက္ခရိုးမကြီးလည်း...ငိုနီပျာယ်..မောင်ချေ --။

ကျဆုံးလားခရေ ရဲဘော်ချေကို ဂုဏ်ပြုယင်းနန့်...။

...............
(မမချေ)

ဥပပတ္တိ (သို့) စင်္ကာပူ ပါတိတ်


ကမ္ဘာကျော် Face book က
ငါ့စာမျက်နှာကို လာဆုတ်စွာ
တခါလည်း မကြားဖူးကာ
စာတမျက်နှာ အကျိုး
မင်း တန်ဖိုးဖြတ်နိုင်လို့လား --။

ငါ့အမျိုးနာမည်
ခေါင်းစဉ်မှာတတ်ထားလို့
ဒေနီရာမှာ လာစုစွာ
မင်းအပြုအမူကို
ကြိုက်လို့ လာစွာမဟုတ် --။

အမျိုးကိုချစ်တေလူတိနန့်
အဖရခိုင်ပြည်
ကျန်းမာချမ်းသာဖို့ရာ
ငါဆုတောင်းရေ --။

ကျီးအာသီးနန့်တူရေ
ဖန်တီးသျှင် ဘုရားသခင်လိုလို
ဘဝင်မြင့်နီလို့
ကျန်းမာပါစီ ငါတခါလည်း
ဆုတောင်းအမျှမဝီပျာယ် --။

ကိုယ့်စွာကိုယ်
ဖန်တီးသျှင် ကျေးဇူးသျှင်
ကျေးပင်ကြီးပေါက်ပိုင်တွိကေ
ကျေးဇူးသျှင်အသိနန့်
ကျေးစွပ်သျှင်မဖြစ်အောင်နီကတ် --။

အိမ်တဆောင်ဆောက်တတ်တိုင်း
တော်ရေလို့ မထင်ကဲ့
အခစားလက်သမား
အဆင့်လောက်ရာဟိရေ
အာဂန္ဓုလာမှ အိမ်သာယာရေ
လာလူကို ကြိုးချိုင်လို့သတ်ကေ
မင်းအိမ် ဇရပ်နန့်တူနီယာ --။

ဖုန်းကြီးကို စာချ
မီးကျောင်းကို ရီးကင်းပြ
ဗလ ဗလ ဗလ
ခဏ ခဏ ခဏ လာမပြောကဲ့
ဘာသာပြန် (plagiarism) အချေဝတ္ထုတပုဒ်နန့်
ဆရာကြီးလာမလုပ်ကဲ့ပလင် --။

မိတ္တာ ဂရုဏာ
မုဒိတာ ဥပေက္ခာ
ဗြဟ္မစိုရ်တရားလေးပါး
ပွါးများမနာယူလျှင်
စင်္ကာပူ ပါတိတ်တအုပ်
အမြဲဝဋ်လို့ ဥပပတ္တိဘဝနန့်
ဟန်လုပ်နီရလိမ့်မည် --။
..................
(မောင်လှကျော်)

တိုးတက်သာယာ ပြည်ရက္ခာ


ရခိုင်ပြည်သာယာ
စားစရာမဟိ
တပူမှာ နှစ်ပူထပ်တေ
မီးရီလည်းမဟိ --။

ရခိုင်ပြည်သာယာ
ဝတ်စရာမဟိ
ချမ်းလိုက်တေ ခခိုက်တုန်ကေလည်း
ချုံဖို့ ပဆိုးမဟိ --။

ရခိုင်ပြည်သာယာ
နှိုင်းယှဉ်စရာမဟိ
ပြောရေခါ ရခိုင်စကား
ရွီးလိုက်ကေ ပထွီးဘားကအငှါး --။

ရခိုင်ပြည်သာယာ
လယ်ယာမြီပေါ
ထွန်စရာ မြီမဟိကေ
တိုင်းတပါးကိုလား --။

ရခိုင်ပြည်သာယာ
လမ်းတိကကောင်း
ဝမ်းပူမ ကားနှင့်လားကေ
လမ်းမှာထွက်ကျဖို့ --။

ရခိုင်ပြည်သာယာ
ကြည့်ကတ်ပါဖိ
နှစ်နှစ်ရာကျော် ကျွန်ဘဝမှာ
ခွီးထက်ညှက်တေ --။

..............
ပန်းဇင်းဂေါင်းပျောင်(အနောက်ရိုးမ)
(၂၀-၇-၂၀၀၉)

အိုအမိသျှင်


သတင်းတိမ်ဖျား ဘုံးဆင့်မြင့်အောက်
အမိစံရိပ် ဓညခေတ်နှင့်
ခေတ်လေးဆက်က ရွှေထီးဆောင်းချိန်
လူမဖြစ်တေ ငါ ရခိုင်သူ
အမိအပါး ကဗျာရတု
သာခြင်းတေးဖွဲ့ စာလောက်ဆောင်ကို
သီကုံးဖွဲ့လို ဆက်သရေသူ
ငါမဖြစ်ခ --။

တိမ်ညိုဖုံးလို့ လရောင်ကွယ်ပျောက်
ရာဟုမျိုကေ အမိငိုသံ
မြို့ရှိမြို့နောက် ရင်စည်တီးပျာယ်
လိုင်စင်းခံချိန် ဓါးရင်းကိုကိုင်
အမိရှိက ရပ်စောက်မတ်မတ်
ငါမဟိခ --။

ရခိုင်သမဖြူမချေ ရခိုင်စာကိုရွီးကတ်မည်


(မချေ)
ရခိုင်သမဖြစ်ပြီးကေ
ရခိုင်ပိုင် မရွီးကေ
ကိုယ့်အမိအဖကို စော်ကား
ကိုယ့်စွာကိုယ်လည်း သိက္ခာချစွာနန့်
တူနီဖို့ယေ --။

ရခိုင်တေးခြင်းတိနားထောင်
ရခိုင်ကဗျာတိကိုဖတ်
ရခိုင်ဝတ္ထုတိကိုခံစား
ရခိုင်သမနှလုံးသားနန့်
ရခိုင်သားကို ချစ်တတ်ခါမှရာ
အမျိုးသီလနှစ်ဌါနကို
ပြည့်ဝမဏ္ဍိုင် စောင့်ထိန်းနိုင်ဖို့ယေ --။


ကိုယ့်စကားကို ကိုယ်မလေးစား
ကိုယ့်စာပီကို ကိုယ်မသိ
ကိုယ့်ဘ၀ကို ကိုယ်မမြင်
ကိုယ့်သိက္ခာကို ကိုယ်အသိအမှတ်မပြု
ကိုယ့်အတွင်းစိတ်ကို ကိုယ်မလေ့လာကေ
လူဖြစ်ခြင်းအရသာ
ဇာလျှာနန့်လားပနာ
မြည်းကြည့်ဖို့လဲ --။

......................
(မြောက်ဦးမြို့စောင့် ဘီလူး)

ရခိုင်ဗီဒီယို အချစ်ဇာတ်လမ်း


မောင်သာဘန်း မောင်သာဘန်း
ပုလင်းတလုံးနန့် မောင်သာဘန်း
မောင်သာဘန်းက ကျောင်းဆရာ
ပုလင်းကိုင်လို့ ကျောင်းကိုလာ
ကျောင်းဆရာမ မသာလှ
မောင်သာဘန်းကို ချစ်မဝ
အမိအဖက သဘောမတူ
မသာလှကို ဆူ --။၊

မြန်မာစစ်ခွီး မောင်ဗချီး
ဒေကြားထဲမှာ ဒုက္ခပီး --။

ဖက်ခွက်စား မောင်လျှောက်သား
မသာလှကို ဆွဲလားယမ်းလား --။

မောင်သာဘန်းလည်း မနီနိုင်
သူငယ်ချင်းတိကို တိုင်
သူငယ်ချင်းတိ လူကိုစု
ခိုးပြီးကတ်ဖို့ အကြံပြု --။

စနီနိညဥ့် လပြည့်ည
ခိုးရာလိုက်တေ မသာလှ --။၊

သူကြိုက်ကိုယ်ချစ် လင်မယားဖြစ်
ဒေချင့်စွာ မိတ္တာစစ် --။

မောင်သာဘန်းနန့် မသာလှ
ဘ၀တခုကို ဒေမှာစ
အမျိုးသီလ နှစ်ဌါန
အေချင့်စွာ ရခိုင်ရို့ အလှ --။

.................
မောင်သာဘန်း (ရခိုင်ပြည်)

မော်ဒန်တော်လှန်ရေး


မဲဆောက်မြို့ ဇိမ်ခန်းထဲက
ထွက်ကျလာရေ
ရခိုင်ပြည်တော်လှန်ရေး
ဘီယာပုလင်းထဲရောက်ပနာ
ပျောက်လားခရရေ --။

ကရင်မြီတောစခန်းမှာ
ရခိုင်ပြည်လွတ်လပ်ရေးအတွက်
နှစ်ပေါင်းနှစ်ဆယ် ၀ါးဒုတ်ချိုးစားလာရေ
ရခိုင်မျိုးချစ်တယောက်
ညဇာက ခြင်ကိုက်လို့
သီကျလားခရေ --။

“ဒိုနာတိလည်း
အယင်ပိုင်မဟုတ်ပျာယ်
ပြည်ထဲကိုရာ လားချင်နီကတ်တေ
တော်လှန်ရေးကို လုပ်စားရစွာ
ကကောင်းမလွယ်လိုက်ပျာယ်
ဒေလမှာ အမြတ်မကျန်ပါထော”
ထာဝရဥက္ကဌ ခိုင်ဆယ်ခိုင် ပြောရေ
ရင်ဖွင့်စကား
ကြားရစွာ
ထွက်လာရေ ချီးတိပါ
ဖင်ထဲကို ပြန်ဝင်လားခရေ --။၊

မကြားဝံ့ မမြင်သာ
မျက်စိပါလို့ရာ ဖတ်လိုက်ရရေ
ဖဲသာတမတ် လူသုံးယောက်နန့်
ရခိုင်စစ်တပ်က
နက်ဖန်ခါ ရခိုင်ပြည်ကို
ဝင်သိမ်းပါဖို့လတ် --။

ခိုင်မုန်တိုင်း (ငရဲပြည်)

ဒိုနာ (Donor) = အလှူသျှင်

မိုင်တိုင်အမှတ် ( ၂၃ )


တနှစ်ပြီးတနှစ်
ကုန်ဆုံးခပျာယ်
ရင့်ကျက်မှုသို့
ဦးတည်လျှက် --။

တစတစနန့်
ဘ၀ကို ရင်ဆိုင်ဖို့နီးလာပျာယ်
တခုကိုလည်း
မမှုမိပါလေ --။

တုန်လှုပ်မိကေတောင်
ဘ၀မှာ
သုံးပုံတပုံကို
ကျော်လွန်ခပါပျာယ် --။

လဲကျကေ
ပြန်ထလိုက်
ဝမ်းနည်းကေ
ငိုကျွီးလိုက်နန့်
စိန်ခေါ်မှုတိကလည်း
ဆီးကြိုနီလို့
မှားလားကေ
ကဲ့ရဲ့မှုတိက
စောင့်နီလို့ --။

လူငယ်အားမာန်တိက
ကူညီပါလိမ့်မည်
အောင်မြင်မှုက
လက်တကမ်းမှာ --။

ခရီးရှည်တိ ထွက်ရရေအခါ ကားလမ်းတဖက်တချက်မှာဟိရေ ... ရောက်နီရေ ခရီးအကွာအ၀ီးကို ပြနီရေ မိုင်တိုင်တိကို တွိရတတ်ပါရေ....... လူတိရှင်သန်နီရသမျှကာလပတ်လုံးကိုရာ ခရီးရှည်တခုနန့် တင်စားဖို့ဆိုကေ အခု အကျွန်ရောက်ဖို့ နီရာက မိုင်တိုင်အမှတ် (၂၃).....။

နှင်းပန်း (Hnunn Pann)

မမိနိုင်သူရို့၏ကြိမ်းဝါးသံ


ကိုယ်မြီကိုယ်စိုး ၊ ဂုဏ်ရောင်မိုးထိ
တန်းခိုးသျှိန်ဝါ ၊ ထွန်းတောက်သာခါ
ငါရို့ပြည်မှာကား --၊၊

ဘားဘူဟိယင့် ဆန်ဟိယင့်
ဒိုင်းကျီဟိယင့် ရီဟိယင့်
စကားရှိလာ ၊ တွင်လီပါသည်
ငါရို့မြီမှာ ၊ ချောင်းမြောင်းတာရိုး
မြီလွှာဆီနှစ် ၊ လေးဖြာမြစ်ကမ်း
ဖြစ်ထွန်းသီးနှံ ၊ ပိုလျှံစပါး
စားမကုန်ထိ ၊ လှူပါဘိလည်း
ပြည့်လျှက်ရိုင်ကျီ ၊ မလျှော့လီခ
အီးချမ်းပျော်စံ ၊ ကျီးငှက်သံမြူး
သာယာကျုးရင့် ၊ အသျှင့်ပြည်ရွာ
ချမ်းမြသာစွ ၊ ဓညတွင်လီ
လခြမ်းမြီတည်း ၊ ဘုမ္မိနက်သံမြီ၊၊

ပျောက်ဆုံးနိုင်ငံ ၊ သူ့ထံလက်အောက်
ရောင်ဝါပျောက်လို့ ၊ ကျွန်ဖြစ်ရောက်ခါ
ငါရို့ပြည်မှာကား ---၊၊

အာဏာဓားမိုး ၊ ချင်တိုင်းဆိုးလျှက်
အုပ်စိုးပြည်ရွာ ၊ ဖိနှိပ်ကာလျှင်
ဝမ်းစာပြည်ထွက် ၊ ပြည့်သွီးသက်ကို
အဓမ္မယူငှင် ၊ ရပ်ခြားတင်ပို့
ကုန်စင်ကျီမှောက် ၊ ဒုက္ခရောက်လူ
ဖပြည်သူမှာ ၊ ဝမ်းစာမဖုံ
မလုံဝမ်းရီး ၊ အငတ်ဖီးဆိုက်
ကပ်ကြီးဖြစ်က ၊ လမ်းမထွက်ပျာယ်
အသက်မငဲ့ ၊ စိတ်ပေါက်ကွဲကေ
“ဆန်ခွဲမစား ရခိုင်သား” လို့
ကြားလီမိုးယံ ၊ ကြွေးကြော်သံလွှင့်
ဆန္ဒပြလူ ၊ ဖပြည်သူကို
စောဖြူရခိုင် ၊ မခိုင်မျိုးဖျက်
အာဏာမက်လျှက် ၊ လောက်ထွက်အသား
ဖောက်ပြားသစ္စာ ၊ ညှာတာမငဲ့
ပြောင်းဝထဲမှာ ၊ သူရဲကောင်းသွီး
မြီမှာစီးကျ ၊ များလှဝဇိန်
မြီခသီဆုံး ၊ (၁၃) သြဂုတ်
မျိုးပြုတ်သတ်ပွဲ ၊ လူစိတ်မဲ့လျှက်
နယ်ချဲ့ရို့ထုံး ၊ သူရို့သုံးခ
ထိုနိရက်ကို
ဇာတွင်မိနိုင်ပါမည်နည်း --၊၊
..............
(သျှင်စိုး)
လာဖို့ (၁၃) သြဂုတ်အတွက်...။

ငါက ငါးပဂျင်းချေတကောင်ရာ

နခမ်းစစူ
ဝမ်းပပူချေနန့်
ထုံထိထုံထုံ
ငါးပဂျင်းချေတကောင်ရာ...။

ဒေချောင်းဒေရီ
ဒေကမ်းတလျောက်
ပြာတော ပြူးတော
ကဘိုင်တောတိ
တတောဝင်တတောထွက်
ဆလီခြုံအောက်မာကဇတ်
ဖျားရီအတက်တိနန့်
ကူးလာလို့မြူးဖူးယင့်...။

ငရို့ချစ်တေဒေကမ်းရိုးမာ
ကံဆိုးမိုးမှောင်တရက်နိန့်ခါ
တငါသည်တရွီဝင်ဗျာယ်လာ
ခြုံချချင်ချ ၊ ပိုက်တန်းချင်တန်း
မျှားချချင်ချနန့်
ဗလဗွီသတ်ဗျာယ်
အဆီကိုယက်
အသားကိုဆို့
အရိုးတောင်မျို
ပြားတောပါဖျက်လို့
ချင်ဆီပျင်နီကေ
ငရို့တိမာဒုက္ခအတိ...။

ငါ့မှာက
ဖြားတက်ဖြားကျ
အီးလောက်အောင်တောင်
အဆိပ်စူးလေ့မဟိ
ငမန်းတိပိုင်
မြင်စွာနန့်ကြောက်လောက်တေ
ရုပ်မျိုးလေ့ငါမပိုင်
ပတုန်းနန့်ဘုန်းခနဲသတ်လို့
သီလောက်တေ
မီကျောင်းပိုင်လေ့အားမဟိ...။

ယကေလေ့
ငါချစ်တေဒေကမ်းက
ငါ့မျိုးတိရာအီးချမ်းဖို့ဆို
မျိုးချစ်စိတ်နန့်သန္ဓေတည်
နာကျည်းမှု့တိစီးဝင်နီရေ
ငါ့အသည်းအစွမ်းနန့်
ယင်းအမျိုးယုတ်တိ
တစင်လုံးပြို
တခြုံလုံးစင်
တစိုင်လုံးပြုန်း
တဇင်းလုံးမြုပ်နိုင်ရေဆိုစွာ
ချထားရေငါးစာ
မျှားပါမှန်းသိကေလေ့
ပြလိုက်ချင်ယင့် ။ ။

.................
ကိုမင်း




  © Blogger templates 'Sunshine' by Ourblogtemplates.com 2008

Back to TOP