ကိုယ့်ဘလော့ချေတိမှာ ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ထည့်လို့ ဂုဏ်ပြုကတ်မေ

ရခိုင်အဆိုတော် ဝင်းကိုခိုင်၏ တေးစီးရီးသစ် “အာရက္ခမြီ” ကို ကိုယ့်ဘလော့မှာ ထည့်ချင်ကေ အေနိန်ရာ (Fileden)ကို Click နှိပ်လို့ ( Mediafire ) ကုတ်ကိုဒေါင်းယူပါ။ ပြီးကေ ယင်းကုတ်ကို ကော်ပီကူးလို့ Add a Gadget > Edit HTML မှာလားလို့ Paste လုပ်လိုက်ပါ။

Tuesday, July 21, 2009

ကြည့်လျှင်

အရောင်အသွီးစုံ
ပါးလွှာရေ
နှုတ်ခမ်းအစုံ၊
အပြုံးတိ နောက်မှာ
ဇာဟိဖို့လဲ...။

ရမ္မက်ဇော ပြင်းထန်ရေ
ဒေ ငမိုက်သား
ပုထုစဉ်တိ ဒုက္ခက ....။

ရနံ့ကင်းရေ
တော်ရိုင်းပန်းတိကို
လှည့်ပင် မကြည့်ချင်ရေ
ပျား၊ပိတုန်းတိတွက်
နိဂုံးဆိုစွာ
အမြဲတမ်း
ပျက်စီးခြင်း မဟုတ်...။

အနိဌာရုံတိနန့်ရာ
မိတ်ဆက်
သဘောက်ရလို.
ဟြင်သန်ရရေ
မသီနိုင်ရေ
ဝါကြီးမ တစ်လုံး
အနာဂတ်လမ်း ....။

လောကပါလ
တစ်ရားဆိုစွာ
တစ်ခါ တစ်လီကျကေ
အိုင်စတိုင်း
ခေါင်းခဲ့ရရေ
ပြဿနာ လာချင့် ....။

အခွင့်မပီးလို.
ချောင်းကမ်းနားမှာ
ဒေါင်းပြောက်ချေ
နှိုက်နီရရေ တိုင်းကို
လူဘော လို.ထင်ကေ
မှားလားလိမ့်မေ နန်း ...။

..................

အေးမောင်(ရင်အုံတော်ဓာတ်)
၁၇၊၀၇၊၀၉

ပွပွရောင်တိ မျိုးချစ်စိတ်

မင်းရို.တိ
အခြောက်တိုက်
ဘ၀င်ကိုင်နီလို.
ရညို့ကပ်၊ ကြာအိုကျ
ကျောက်ခဲ့တစ်လုံး
သမိုင်းဆိုစွာ
ဂျောင်ထိုးနီ ရရေ ....။

အစိုနံ နီရေ
မင်းရို.
ဘ၀င် ပုတ်တိကြောင့်
ရင်းတန်းထိုးနီရေ
ဆားငန်မြစ်ထဲက
ငရို. အဖိုးတစ်ယောက်
သီအောင်ထိ
ခြီထောက်မှာ
ကျူပ်မစင်လီ....။

လောက်ကျနီရေ
မင်းရို.တိ
ဟခရီကျ
အတွေး အခေါ်တိကြောင့်
ထင်းခွီနီရရေ
ငါ့ရို. အဘောင်၊အဖို.ရို.
ဘ၀စွာ
ဘုန်းကြီးကျောင်းကို
သီအောင်ထိ မရောက်ခ....။

မင်းရို.တိ
စုတ်ပီ စုတ်ပ
ညီညွတ်ရေးကြောင့်
ညာဏ်ကောင်းရေ
အဖ အသျှေတိ
အောက်ကျ နောက်ကျ နန့်
စာမတတ်၊ပီမတတ်
ဘ၀ ဆုံးလီ ကတ်ရယင့်....။

တကယ်ကောင်းဆန်ရေ
မင်းရို.တိ
လုပ်ရပ်ကြောင့်
အဖတစ်ယောက်
ဆင်းရဲတွင်းနက်ပနာ
ကမ္ဘာပေါ်မှာ
မျာက်နှာငယ်နီရရေ...။

ဇာမှာလေ
မင်းရို.တိ အတတ်ပညာ
ဇာမှာလေ
မင်းရို.တိ အသိပညာ
ဇာမှာလေ
မင်းရို.တိ သနားကြင်နာမူ
ဇာမှာလေ
မင်းရို မျိုးချစ်စိတ်
ဇာမှာလေ
မင်းရိုတိ ညီညွတ်ရေး ....။

ဇာမှာလေ
ဇာဂျောင်မှာလေ
လီထက်မှာလာ
မင်း မယားတိ ဘက်မှာလာ
မင်း အမျိုးတိ ဘက်မှာလာ
ဆက်ပြီကေ
မလိမ်ဂေ့ ဖိ
ပွပွရောင်
ထမင်းဆုံးတိ....။

....................

ဖင်ကြွတ်စူး(ရမ်းဗြဲကျွန်း)

“ခေတ်ချော်နိန်ရေ အိမ်မက်”

အားနည်းချက်တိနန့် 
သွီးအီးနိန်ရေ အမျိုးချစ်ခြင်း
အကြောက်တရားလမ်းမထက်မှာ
ပန်းဖူးမဟိလားနိန်ယင့်....။

ကြယ်တိကြွီကျနိန်ရေ အာဂါပြင်မှာ
ဝံလက်ရို့ တောင်ပံခတ်သံ
မကြားရစွာ ကြာနိန်ဗျာယ်...။

ဆင်ခြင်တုံတရား
ခြစားနိန်ရေ ရပ်ဝန်းမှာ
ပဋိပက္ခမုန်တိုင်းတိတိုက်နိန်စွာ
အဆန်းကမဟုတ်လိုက်ဗျာယ်...။

တန်းခါးတိအားလုံးဖွင့်ပီးထားခါမှ
ပွင့်လင်းခြင်းကို မကြိုက်တေလူ
ခေတ်ချော်နိန်လီရဖို့ စွာဗျာယ်ယေ...။

အ၀ီးကြီးကို လှမ်းကြည့်မမြင်ပဲနန့် 
အနာဂတ်တရားလာဟောပြနိန်ကေ
မြီစာပင်ဖြစ်လားရစွာက
အချိန်ဆိုရေ သိုးချေတစ်ကောင်ပ...။


စိမ်းလန်းရေ တောအုပ်ကြီးကို
ဖြတ်လားနိန်ရကေလေ့
ရင်ဖတ်ထဲမှာ ကန္တာရကြီးက
အပူမီးညွန့် တိတောက်ပလို့ ....။

အန်မတုဝံ့မှု
အာမခံဝံ့မှု
လွတ်လပ်ခြင်း၏အနှစ်ကိုမခံစားတတ်မှု
မျိုးရိုးဗီဇ၏ဂုဏ်သိက္ခာကို နားမလည်မှု
ဒေပိုင် တွင်းနက်ကြီးတိထဲမှာ
ဇာနှစ်ခါလူးကျသီနိန်ကတ်ရဖို့ လဲမသိလိုက်ဗျာယ်..။

...................

ခိုင်အောင်အောင်
၂၀၊၀၇၊၂၀၀၉

Friday, July 17, 2009

“လမ်းသစ်ထွင်ဖို့  ငါရို့ တိတာဝန်”

ဒုက္ခလမ်းထက်မှာ
အားနည်းချက်အဖြာဖြာနန့် 
ငါရို့ တိ လားနိန်ကတ်ရရေ…။

လီရိုင်းကကြမ်း
မုန်တိုင်းယမ်းလို့ 
ပန်းဖူးကပျောက်
တစ်ယောက်တစ်ပေါက်
ခရီးမရောက်စွာ ကြာနိန်ဗျာယ်…။

သမိုင်းအနာ
ရင်မှာမပျောက်
ဇာပင်ရောက်ရောက်
ရိုးတောင်အောက်က
လခြမ်းမြီ
ငါရို့ ချစ်တေ ရခိုင်ပြည်
ပြန်တည်ထွန်းပ
ရှင်သန်ရမေ…။

ရခိုင်အမှန်
နွံမှာမနစ်
အားစိုက်လုံ့ လ
ပြည်နိုးထဖို့ 
အသိကိုဆောင်
အမှောင်ကိုရှင်း
ပညာအလင်းနန့် 
ဘ၀တိရင်းပနာ
လမ်းသစ်ခင်းကတ်မေ...။

...................

ခိုင်အောင်အောင်
၁၇၊၀၇၊၂၀၀၉

Thursday, July 16, 2009

ပသင်

ငါပြောမေ..ပသင်..
သေချာနားထောင်ဗလင်...
မင်းအတွေးတိ..လမ်းချော်စွာလေ
ငါဖမ်းဗျာလ်ပြမေဒေ...

လာလားမေ..ပသင်သျှေ
ဇာတွေဗျာလ်ငေးနိန်လေ
မင်းဂေါင်းညိတ်ဖို့..အကျင့်ပါနိန်စွာမှာ..
ဝမ်းလေ့..ဖူးဖူးလာယာ...

ဇာလဲဝေ...ပသင်
ငါတော့ယုံကြည်ချက်ကိုမပျင်
မင်းဝမ်းမြောက်ဖို့..တွက်နန့်တော့ခါ
ငါ့စကားတိအရောင်မပြောင်းနိုင်ဂါ...။

ယာ.. ဂွရာ..ပသင်သျှေ
ရခိုင့်လူ့ဘောင်ပျက်ပြိုရေဆိုပြန်ရေ
မင်းပြောရေစံမှီလူ့ဘောင်ဆိုစွာဂါး
တုံ့ပြန်မှုမဟိရေသင်းချိုင်းကုန်းလား...။

ငါပြမေ..ပသင်
ငါတော့မင်းပိုင်မထင်
တက်ကြွမှုတိနန့်..ပြောင်းလဲဖို့အားယူလို့
ယေမှ..မသီဆုံးရေလူ့ဘောင်ဖြစ်ဖို့...။

မှာထားမေ...ပသင်သျှေ
ငါလေ့ရခိုင်သားပါဝေ
ရခိုင်ပြည်တည်ထောင်ရဖို့စွာ
မင်းမိန့်မလားစီချင်ဂါ...။

ကြာလားယာ.. ပသင်
ငါရို့ဖိုးဖီးတိခိုက်...အယင်
ဒေမြီမှာထီးနန်းစိုက်ပျာလ်
ပြည်တကာဦးညွတ်ခဗျာလ်...။

နာဖို့ဒေ..ပသင်သျှေ
မျန်မာကိုအထင်ကြီးရေ
လာသိမ့်ရေ..အမြင်ကျယ်ယယောင်
မင်းရို့တမျိုးလုံး..မျိုးဖျက်ကောင်...။

ဝါမနိန်ကေ့.. ပသင်
ရရိုးသျှေပြောဗလင်
မင်းပြောရေစကားတိထွီးယှုပ်ရေ
မျန်မာတိစကားအတိုင်းဆွီးယုတ်တေ...။

ငါညောင်းယာ.. ပသင်သျှေ
ရခုိင္မိဘကမြီးလာစြာမနားေ၀
ရောက်တေနိန်ရာမှာ..၀င်ရောဗျာလ်ယောင်
မင်း...ပသင်ပိုင်အရောက်ပြောင်းရေကောင်....။

....................

DO_OR_DIE

ငါ့ကိုခွင့်လွတ်ဖို့

ယုံပါဝေ... အမှန်ရာ
မင်းအနားကတစ်ရက်ကိုထားအုံ့
တစ်စကန့်တောင်ဝီးလို့မနိန်နိုင်
အချိန်တိုင်း..မင်းအကြောင်းတွေးလို့
အိပ်ရီးပျက်ပေါင်းလေ့များယာ...။

ပြောရဖို့ဆို... မကြုံချင်
လွမ်းရညဉ့်တိလေ့ကောင်းခါးသီးရေ
မင်းဆီးရုံတင်လိုက်ရတုံးက
ဆရာဝန်ကပြောရေ
ငါအကိုင်ကြမ်းလို့လတ်...။

အချိန်ဟိသရွိ..မင်းရှိမှာထိုင်ယင်း
ငါခစားခစွာတိ.. မင်းမမိန်သိမ့်ထင်ရေ
အလိမ်မဟိပါ.. ငါပြောပြနိန်သမျှ
မင်းမျက်နှာကို.. တစိမ့်စိမ့်ငေးယင်း
စွဲလန်းမှုတိတောက်လောင်ဖူးဗျာလ်...။

ဆရာဝန်သတိပီးနိန်ရေကြားက
ငါ့စိတ်ကိုထိမ်းချုပ်ဖို့က ခခက်
မကိုင်ဘဲလေ့မနိန်နိုင်ဂါ
မင်းပြန်ရောက်တေနိန့်
လ၀ရာ.. ငါညဥ့်ပင်မအိပ်ဖြစ်...။

အော်..ကဗျာကိုဖတ်ဗျာလ်ပြူးရေ
မဟာတော်မိတ်ဆွေကြီးရို့
အထင်တော်လွဲပါအုံ့မေ
အကျွန့်အသည်းစွဲ..အချစ်တုံးက
တခြားအရာ.. သက်ဟိလူမဟုတ်ပါ
မမှားစရာ.. သက်မဲ့ကွန်ပျူတာ...။

................
DO_OR_DIE

Sunday, July 12, 2009

အိုမောင်လှ

ငါကရခိုင် အစိုင်ကောင်းဟု
ငါကကြွီးကြော် လူဇော်ဟစ်လို့
ရင်ကိုကြွဗျလ် လူရှေ့ထွက်ပြ
ငါ့မောင်လှ…။

နင်ကရခိုင် အစိုင်ယုတ်လို့
ငါကစွတ်ယိုး လူမိုက်ဖော်ရေ
မာန်ဟန်ထည့်ဗျာယ် ဖော်ကောင်းလုပ်ပြ
ငါ့မောင်လှ…။

သူကိုလက်ညိုး တစ်ချောင်းထိုးကေ
အမိဝမ်းခေါင်း အရီဆာအောင်
လက်ညိုးလေးသောင်း ကိုယ့်ဘားပြန်ထိုး
မောင်လူမိုက်ကို ပါးဇီ (ပဇိ)ကိုက်ပြ
ငါ့မောင်လှမှာ အရိပ်မမြင်
အဆံမပါ ကျီးအာသီးကာ …။

အမျိုးချစ်တေလူ

ဆီးရုံထက်က
ငါ့ကုတင်ဘေး
ထိုဖက်ဒေဖက်
ငါ့ခြီရင်းဖက်မာပါ
ဖက်ရွက်တိကြွီပိုင်
တဖြုတ်ဖြုတ်နန့်ထော...။

ငါသီလို့မဖြစ်
မဖြစ်သိမ့်ပါ
ငါ့လူမျိုး
ငါ့ပြည်အတွက်
ဇာတခုလေ့ ..
မလုပ်ရသိမ့်ကါ
အသက်တွင်းဝရာ တိုင်
ဇာတခုလေ့လုပ်မပြနိုင်ခ
အုတ်တချပ်လား
သဲချေတပွင့်ပင်က... ။

ဇာပျင်နီခလေ
ဖုတ်လိုက်ဖုတ်လိုက်
အသက်ငင်ခါမ
အမျိုးချစ်စိတ်တိက
ကောက်ဗျာယ်ငင်ဗျာယ်
ဇာအပေါက်က၀င်
“လူလားမမြောက်သိမ့်ရေ
ငါ့ပြည်နန့်ငါ့လူမျိုး
စိတ်မချနိုင်သိမ့်” လို့
ဇာလုပ်လို့ရခန့်သိမ့်...။

ရှက်ကန်ချေနန့်
အသီဖြောင့်နိုင်ဖို့
ဒေချင့်ချေကိုဘင်
ကြံဖန်လို့ကြေနပ်လီဖို့ယေ
“ကိုယ့်ဖို့ကိုယ်
ငါလေ့
အမျိုးချစ်တေလူ လို့ ... ။”

..................
ကိုမင်း

Tuesday, July 7, 2009

“ရခိုင်ပြည်နိုးထချိန်”

ပုပ်သိုးခြောက်ကပ်
ပူပြင်းမွန်းကြပ်ရေ
ညဆိုးတိက
စိမ်းသစ်လတ်ဆတ်တေ
အိမ်မက်ကို
ဖန်တီးပီးတတ်တေ…။

ခံယူတတ်ကေ
အကျပ်အတည်းဆိုစွာ
အခွင့်အလမ်းတမျိုးရာ…။

ရာသီလီပြင်းထဲမှာ
လွတ်လပ်ခြင်းရနံ့ တိ
ကပ်ငြိပါလာတတ်စွာက
သဘာဝတရား၏ရိုးသားမှု….။

ခေတ်မျက်နှာစာကိုချယ်သ
သမိုင်းလိုအပ်ချက်ကိုဖြည့်ပီးဖို့ 
ဦးနှောဏ်တန်းခါးတိ
ဖွင့်ထားကတ်မေ…။

နှစ်နှစ်ရာကျော်က
လက်ကျန်အလှနန့် 
အိပ်မောကျနိန်ရေ
ရက္ခရို့ ပြည်
နှစ်ဆယ့်တစ်ရာစုမှာ
နိုးထချိန်တန်ဗျာယ်...။

.................

ခိုင်အောင်အောင်
၀၇၊၀၇၊၂၀၀၉

သွီးကတိ

နှုင်းမူန်ချေတိ၊စိုစွတ်နီရေ
မြက်တောတိအောက်မှာ
ကျောက်တုံးချေတိ
ငိုနိန်ကတ်တေ...။

ထိုကြွီကွဲ ငိုသံတိကြောင့်
ငါ.....မြတ်တောချေတိကို
လှန်ကြည့်လိုက်တေ...။

ထိုကျောက်တုံးချေတိက
ငါ့ ကို ကူပါ ကယ်ပါလို့
တောင်းပန်ကတ်တေ...။

ယင်းကျောက်တုံးချေတိကို
ငါ....ကောက်ကိုင်ကြည့်လိုက်တေမှာ
တန်းဖိုးမဖြတ်နိုင်ရေ
ကျောက်ဆစ်ပန်းတိနန်.
အနားကွပ်လို...။

အုံဆိုင်နိန်ရေ
တောအုပ်တိ အောက်မှာ
အံ့မခန်းရေ
ဘုရားပုထိုးတိ
ငိုနီကတ်တေ...။

ထို.. ဆို.နစ်ငိုသံတိကြောင့်
ငါ့ ခြီလှမ်းတိ
ယင်းတောထဲကို
ရောက်လားရေ
ထို ဘုရား ပုထိုးတိက
ငါ့ ကို ကူပါ ကယ်ပါလို့
အသားနားခံကတ်တေ...။

ယင်းပုထိုးတိနားကို
ငါ လားကြည့်လိုက်တေမှာ
တန်ဖိုး မဖြတ်နိုင်ရေ
ဌာပနာတိ
အဖောက်ခံထားရရေ...။

ကြမ်းတမ်းရေ
လောကဒဏ်
ထုထောင်းမူတိအောက်မှာ
အဘုချေရို. ဂျောင်ချေမှာ
တဇာဇာ ငိုနီကတတေ...။

ငိုသံတိကြောင်း ဂျောင်ချေကို
ငါ လာကြည့်လိုက်တေ
ထို အဘုချေရို.က
ငါ့ ကို ကူပါ ကယ်ပါလို့
အသားနားခံကတ်တေ...။

ယင်းအဘုချေရို.
ငိုရခြင်းအကြောင်းကို
ငါမီးကြည့်လိုက်တေမှာ
အဖပျောက်၊အမိပျောက်
ရပ်ပျောက်၊ရွာပျောက်
အနာဂတ်ပျောက်၊
ကူဖို့လူတိပျောက်နိန်မှန်း
ငါသိလိုက်တေ...။


မိုးရိပ်အမှောင်တိ ဖုံး
လီပြင်းတိတိုက်
ရက်စက်ခက်ထန်ရေ
လီမုန်တိုင်းတိကြား
သွီးမျက်ရည်တိ
အစစ ကျလို.
ကမ္ဘာမြီပေါ် က
ငရို. အဖ တစ်ယောက်
မထင်မရှား ငိုနိန်ရေ...။

ထို ထိတ်လန်.
ကြောက်မက်ဖွယ်
ငိုသံတိကြောင့်
ငါ..အဖ နားကိုပြန်လာလိုက်တေ
အဖက ငါ့ကို အယင်ကူဖို့
့ခြီကို ဖက်လို့တောင်းပန်ရေ...။

ပြိုနိန်ရေ အဖအိမ်
ပြိုကွဲနိန်ရေ မိသားစု
ရန်ဖြစ်နိန်ကတ်တေ
အဖသွီးရင်းတိ နန်.
ဖြစ်တေပိုင်
ငါ ..ပူပေါင်း ကူညီ
လုပ်ဆောင်ဖို.
အဖ ကို ငါ ကတိပီးလိုက်တေ..။

..........................
အေးမောင်(ရင်အုံတော်ဓာတ်)
၀၆၊၀၇၊၀၉

သွီးကတိ

နှုင်းမူန်ချေတိ၊စိုစွတ်နီရေ
မြက်တောတိအောက်မှာ
ကျောက်တုံးချေတိ
ငိုနိန်ကတ်တေ...။

ထိုကြွီကွဲ ငိုသံတိကြောင့်
ငါ.....မြတ်တောချေတိကို
လှန်ကြည့်လိုက်တေ

ထိုကျောက်တုံးချေတိက
ငါ့ ကို ကူပါ ကယ်ပါလို့
တောင်းပန်ကတ်တေ

ယင်းကျောက်တုံးချေတိကို
ငါ....ကောက်ကိုင်ကြည့်လိုက်တေမှာ
တန်းဖိုးမဖြတ်နိုင်ရေ
ကျောက်ဆစ်ပန်းတိနန်.
အနားကွပ်လို. ..။

အုံဆိုင်နိန်ရေ
တောအုပ်တိ အောက်မှာ
အံ့မခန်းရေ
ဘုရားပုထိုးတိ
ငိုနီကတ်တေ

ထို.. ဆို.နစ်ငိုသံတိကြောင့်
ငါ့ ခြီလှမ်းတိ
ယင်းတောထဲကို
ရောက်လားရေ
ထို ဘုရား ပုထိုးတိက
ငါ့ ကို ကူပါ ကယ်ပါလို့
အသားနားခံကတ်တေ

ယင်းပုထိုးတိနားကို
ငါ လားကြည့်လိုက်တေမှာ
တန်ဖိုး မဖြတ်နိုင်ရေ
ဌာပနာတိ
အဖောက်ခံထားရရေ...။

ကြမ်းတမ်းရေ
လောကဒဏ်
ထုထောင်းမူတိအောက်မှာ
အဘုချေရို. ဂျောင်ချေမှာ
တဇာဇာ ငိုနီကတတေ

ငိုသံတိကြောင်း ဂျောင်ချေကို
ငါ လာကြည့်လိုက်တေ
ထို အဘုချေရို.က
ငါ့ ကို ကူပါ ကယ်ပါလို့
အသားနားခံကတ်တေ

ယင်းအဘုချေရို.
ငိုရခြင်းအကြောင်းကို
ငါမီးကြည့်လိုက်တေမှာ
အဖပျောက်၊အမိပျောက်
ရပ်ပျောက်၊ရွာပျောက်
အနာဂတ်ပျောက်၊
ကူဖို့လူတိပျောက်နိန်မှန်း
ငါသိလိုက်တေ...။


မိုးရိပ်အမှောင်တိ ဖုံး
လီပြင်းတိတိုက်
ရက်စက်ခက်ထန်ရေ
လီမုန်တိုင်းတိကြား
သွီးမျက်ရည်တိ
အစစ ကျလို.
ကမ္ဘာမြီပေါ် က
ငရို. အဖ တစ်ယောက်
မထင်မရှား ငိုနိန်ရေ

ထို ထိတ်လန်.
ကြောက်မက်ဖွယ်
ငိုသံတိကြောင့်
ငါ..အဖ နားကိုပြန်လာလိုက်တေ
အဖက ငါ့ကို အယင်ကူဖို့
့ခြီကို ဖက်လို့တောင်းပန်ရေ

ပြိုနိန်ရေ အဖအိမ်
ပြိုကွဲနိန်ရေ မိသားစု
ရန်ဖြစ်နိန်ကတ်တေ
အဖသွီးရင်းတိ နန်.
ဖြစ်တေပိုင်
ငါ ..ပူပေါင်း ကူညီ
လုပ်ဆောင်ဖို.
အဖ ကို ငါ ကတိပီးလိုက်တေ..။

..........................
အေးမောင်(ရင်အုံတော်ဓာတ်)
၀၆၊၀၇၊၀၉

Friday, July 3, 2009

ရခိုင်ဆိုစွာ……..

ရခိုင်ဆိုစွာ..
တယောက်တည်းထိုင်
ငေးမှိုင်မှိုင်နန့်
ပျင်းရေဆိုပနာ
အဖော်ရှာရေ….။

ရခိုင်ဆိုစွာ..
တယောက်ကနှစ်ယောက်
စုပြီးအဖော်
ရပြီးသော်ကား
ပျော်ရေဆိုပနာ
ပုလင်းကိုင်လို့
ဇာတိနာကို
ထုတ်ပြဖို့ရန်
ပျင်ဆင်ပြန်ရေ…။

ရခိုင်ဆိုစွာ..
မူးလို့ယစ်လို့
ကိုယ့်ခြီထောက်ကို
ကိုယ့်မနိုင်ခါ
“ငါ့.ဟေ့…ရခိုင်”
ပုလင်းကိုင်းယင်း
အမျိုးကိုချစ်ကြောင်း
ဖင်ဟောင်းလောင်းနန့်
ခတောင်း(ဒယော)မပါ
ဗလချာနန့်
လူတိရှိမှာ
ရူးခြင်းပေါ်ရေ…။

ရခိုင်ဆိုစွာ..
ဝိုင်းကာသောက်ကာ
ဇာတိနာကို
ပုလင်းထောင်ယင်း
သောက်နိန်ယင်းမှာ
မဆုံးပါသိမ့်
ရခိုင်အချင်းချင်း
ဓားဆွဲဒုတ်ဆွဲ
ဝုန်းဒိုင်းကြဲပနာ
သတ်ကတ်ထိုးကတ်
ခွတ်ကတ်ပြန်ရေ…။

ရခိုင်ဆိုစွာ..
“အမျိုးသီလ
နှစ်ဌာနကို
စောင့်နိုင်ခ”လို့
ပိုင်ဆိုင်ခရ
ဒေနာမကို
ဆက်ပြီးကေရာ
မထိမ်းပါကေ
နောင်လာနောက်သား
ရခိုင်များအတွက်
မှတ်တမ်းတင်ခါ
ရခိုင်ဆိုစွာ…..
………………..
……………….။

--------------
ကျောက်ဖြူသားချေ
၃၀-၆-၂၀၀၉
၂၃:၄၂ pm

မုန်းဖို့ကောင်းလိုက်တေ

မတွိ့ချင်ယာဆိုခါမှ
သတိရနိန်ရေ
ငါ့စိတ်တိကို...။

လားဖို့ယာဆိုခါမှ
နှုတ်လို့မရရေ
ငါ့ခြီထောက်တိကို...။

နှုတ်ဆက်ပါရေဆိုခါမှ
ထောင်လို့မရရေ
ငါလက်ချေတိကို...။

ငိုဖို့ကျခါမှရာ
ထွက်မလာရေ
ငါ့မျက်ရည်တိကို...။

အလကားလားရေခါ
ဝါးလုံးကိုထိုးပစ်စော်ပိုင်
မြန်နိန်ရေ ငါ့ခြီထောက်
ပြီးဖို့ကျရေခါမှာ
မ,လို့တောင်မှမရယာစော်ကို...။

ထမင်း ဝ,နိန်ရေခါ
လူများအိမ်မှာစားလို့ရာ
ခြီခရေ လူတယောက်
စားစရာမဟိရေခါ
တောင်းစားရဖို့ကို
ရှက်တေအဖြစ်တိကို…။

မွီးဖွားလာရေခါ
ပြုံးစိစိနန့်
သီဖို့ကျရေခါမှရာ
မျက်ရည်ပါးရည်တိ
ကျရေအဖြစ်တိကို…။

ကိုယ့်လူမျိုးအတွက်
အကျိုးဆောင်ရေလူတိကို
လူ့ဘောင်အသိုင်းအဝိုင်းကဖယ်ထုတ်
အမျိုးယုတ်ကိုကျဂေ
သခင်ပိုင်ကိုးကွယ်ရေလူတိကို…။

“ကိုယ့်စကား”ကိုပြောဂေ
အောက်တေဆိုပနာ
“ပထွီးစကား”ကိုကျကေ
ကြွိနိန်အောင်ပြောနိန်ရေလူတိကို…။

အမျိုးသားရေကိုဗန်းပြပနာ
ကိုယ့်ဝမ်း ဝ,ရေးအတွက်ရာ
လုပ်နိန်ဂတ်တေလူတိကို…။

အမျိုးသားရေးအတွက်
ပထွီးအောက်မှာ
ဆိုင်းဘုတ်တင်ပနာ
လမ်းမှားစွာလုပ်နိန်ရေ
နိုင်ငံခြားလူ့အဖွဲ့တိကို...။

အမှန်တရားကိုထောက်ပြလို့
ငါ့ရို့အဖွဲ့ကိုထိရေဆိုပနာ
အမျိုးသားရေးအတွက်
လုပ်ဆောင်နိန်ရေလူတိကို
အဝီးသို့ဖယ်ထုတ်..
အမျိုးသားရေးအတွက်
စက်ဆုတ်စရာ
Sexy ရုပ်ပေါက်နိန်ရေ
ပ ပိန်မချေတိကို
ဘုရားတဆူပိုင်
ကိုးကွယ်နိန်ရေလူတိကို...။

ကိုယ့်ယဉ်ကျေးမှုကို
ကိုယ်စောင့်ရဖို့အစား
ကိုယ့်ဖေသာကို ကိုယ်ဖြုန်းလို့
ကိုယ့်ရတနာကိုတိကို
ပထွီးရတနာအဖြစ်
ပြောင်းလဲပစ်တေ
ရခိုင်အဖွဲ့အစည်းတိကို...။

ကိုယ့်အမျိုးအတွက်
လုပ်ဆောင်နိုင်ဖို့ကိုမပြောကေ့
ကိုယ့်ကိုယ်ကိုတောင်မှ
စားစရာမဟိရေ
ငါ့ဘဝချေကိုလည်း...။

..................
ကျောကဖြူသားချေ
၎-၇-၂၀၀၉

၆:၄၅ am




  © Blogger templates 'Sunshine' by Ourblogtemplates.com 2008

Back to TOP